• Follow Us on

Home ရွှေပေါ်ကျွန်းသာသနာပြု နယ်မြေရှိ နိုင်ငံတော်၏ အတိုင်ပင်ခံရုပ်တု ဖယ်ရှား


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၅




Photo – Credit

#PeopleMedia

(unicode)
ရွှေပေါ်ကျွန်းသာသနာပြု နယ်မြေရှိ နိုင်ငံတော်၏ အတိုင်ပင်ခံရုပ်တု ဖယ်ရှား
……………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၅

မန္တလေးတိုင်းဒေသကြီး၊ ရွှေပေါ်ကျွန်းသာသနာနယ်မြေအတွင်းရှိ နဂါးရုံကပ်ကျော်စေတီအတွင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပုံတူရုပ်ထုကို ဖယ်ရှားလိုက်ကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက အတည်ပြုသည်။

နဂါးရုံကပ်ကျော်စေတီအတွင်း၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပုံတူရုပ်ထုကို နိုဝင်ဘာ(၅)ရက် ညနေ(၄) နာရီခန့်၌ အုပ်ချုပ်ရေးအဖွဲ့များမှ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက ဆိုသည်။

ရွှေပေါ်ကျွန်းသာသနာနယ်မြေ၌ နိုင်ငံတော်၏အတိုင်ပင်ခံရုပ်တုထားရှိသည့် ဓါတ်ပုံများသည် အောက်တိုဘာ လကုန်ခန့်၌ လူမှုကွန်ယက်ပေါ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

Photo – Credit

#PeopleMedia


Share this post