• Follow Us on

Home ေရႊျပည္သာစက္မႈဇုန္မွ စက္႐ုံပိုင္ရွင္ထြက္ေျပးသြားသည့္ အလုပ္သမား ၇၀၀ ခန္႔ အလုပ္လက္မဲ့ျဖစ္၍ အလုပ္ အသဲအသန္လိုက္ရွာေနရေၾကာင္း အလုပ္သမားမ်ားေျပာ

ေရႊျပည္သာစက္မႈဇုန္မွ စက္႐ုံပိုင္ရွင္ထြက္ေျပးသြားသည့္ အလုပ္သမား ၇၀၀ ခန္႔ အလုပ္လက္မဲ့ျဖစ္၍ အလုပ္ အသဲအသန္လိုက္ရွာေနရေၾကာင္း အလုပ္သမားမ်ားေျပာ

Share this post

ရန္ကုန္၊ ဇူလိုင္ ၈

ေရႊျပည္သာစက္မႈဇုန္ ABLE GLAD Myanmar အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ တ႐ုတ္ႏိုင္ငံသားထြက္ေျပးသြားသျဖင့္ အလုပ္သမား ၇၀၀ ခန္႔ အလုပ္လက္မဲ့ျဖစ္ေနၿပီး အလုပ္အသဲအသန္လိုက္ရွာေနၾကေၾကာင္း အလုပ္သမားမ်ား ကေျပာသည္။

ေရႊျပည္သာစက္မႈဇုန္ရွိ ABLE GLAD Myanmar စက္႐ုံမွ အလုပ္သမား ၇၀၀ ခန္႔ရရွိမည့္ ဇြန္လအတြက္ လစာ အား စက္႐ုံပိုင္ရွင္ တ႐ုတ္ႏိုင္သားမွ ေပးျခင္းမရွိဘဲထြက္ေျပးသြားခဲ့သည့္အတြက္ အလုပ္သမားမ်ား ရရွိမည့္ လစာကို ရွယ္ယာရွင္မ်ားက ဇူလိုင္လ ၇ ရက္တြင္ စိုက္ထုတ္ေပးခဲ့သည့္အတြက္အဆင္ေျပသြားေၾကာင္းလည္း စက္႐ုံ၀န္ထမ္းကိုစိုင္းႏိုင္လင္းေအာင္ ကေျပာသည္။

“လစာေတြေတာ့ရွင္းေပးလိုက္ပါတယ္၊ သူေဌးမရွိေတာ့ ရွယ္ယာရွင္ေတြက ၀င္ၿပီးရွင္းေပးသြားပါတယ္၊ အလုပ္ ကေတာ့ပိတ္သြားၿပီးေပါ႔။ အလုပ္ပိတ္သြားတဲ့အတြက္ မနက္အေစာႀကီးထဲက အလုပ္ေတြလိုက္ရွာေနရတယ္၊ အိမ္ဌားေနရတဲ့သူျဖစ္တဲ့အတြက္ ပိုဆိုးတယ္၊ အိမ္လခက လကုန္ရင္ေခါင္းထဲေရာက္လာတယ္”ဟု စက္႐ုံ ၀န္ထမ္း ကိုစိုင္းႏိုင္လင္းေအာင္ကေျပာသည္။

စက္႐ုံအလုပ္သမားမ်ားအေနျဖင့္ အလုပ္သစ္ရရွိေရးကိုသာ ေဆာင္ရြက္ေနၾကၿပီး က်န္းမာေရးမေကာင္းသည့္ ၾကားက အလုပ္ရရွိေရးကိုပဲ ဦးစားေပးေဆာင္ရြက္ေနေၾကာင္း စက္႐ုံ၀န္ထမ္းမၾကင္တည္ကေျပာသည္။

“အခုေလာေလာဆယ္ အလုပ္သမားေတြအကုန္လုံးက စက္႐ုံက ပိုက္ဆံရႏိုးရႏိုးနဲ႔ တစ္ေန႔တစ္ေန႔ မိုးရြာထဲ သြားလိုက္ ေနပူထဲသြားလိုက္နဲ႔ ဒုကၡအပင္ပန္းခံလိုက္ရတာေပါ႔ေနာ္ အဲ့အတြက္ အလုပ္သမားေတြ ဖ်ားေန ၾကတယ္။ ဒါေပမယ့္လည္း ဖ်ားတာကိုသိပ္မမႈဘဲ အလုပ္သမားအကုန္နီးပါး ေနာက္အလုပ္ရွာဖို႔ အကုန္လုံး လိုအပ္တဲ့ဟာေတြလိုက္လုပ္ေနၾကတယ္” ဟု စက္႐ုံ၀န္ထမ္းမၾကင္တည္ကေျပာသည္။

ေရႊျပည္သာစက္မႈဇုန္ရွိ ABLE GLAD Myanmar စက္႐ုံတြင္ အလုပ္သမား စုစုေပါင္း ၆၆၉ ေယာက္ရွိၿပီး အမ်ား စုသည္ နယ္မွလာေရာက္လုပ္ကိုင္သူမ်ားျဖစ္သည့္အတြက္ အိမ္လခ၊ အေဆာင္စရိတ္၊ စားစရိတ္အခက္အခဲ မ်ားရွိသည့္အတြက္ အလုပ္အသစ္ရရွိေရးကို အပူတျပင္းလိုက္ရွာေနရေၾကာင္း စက္႐ုံ၀န္ထမ္းမ်ားက ေျပာ သည္။

#PeopleMedia

(unicode)
ရွှေပြည်သာစက်မှုဇုန်မှ စက်ရုံပိုင်ရှင်ထွက်ပြေးသွားသည့် အလုပ်သမား ၇၀၀ ခန့် အလုပ်လက်မဲ့ဖြစ်၍ အလုပ် အသဲအသန်လိုက်ရှာနေရကြောင်း အလုပ်သမားများပြော
……………………………………………………………

ရန်ကုန်၊ ဇူလိုင် ၈

ရွှေပြည်သာစက်မှုဇုန် ABLE GLAD Myanmar အထည်ချုပ်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားထွက်ပြေးသွားသဖြင့် အလုပ်သမား ၇၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်အသဲအသန်လိုက်ရှာနေကြကြောင်း အလုပ်သမားများ ကပြောသည်။

ရွှေပြည်သာစက်မှုဇုန်ရှိ ABLE GLAD Myanmar စက်ရုံမှ အလုပ်သမား ၇၀၀ ခန့်ရရှိမည့် ဇွန်လအတွက် လစာ အား စက်ရုံပိုင်ရှင် တရုတ်နိုင်သားမှ ပေးခြင်းမရှိဘဲထွက်ပြေးသွားခဲ့သည့်အတွက် အလုပ်သမားများ ရရှိမည့် လစာကို ရှယ်ယာရှင်များက ဇူလိုင်လ ၇ ရက်တွင် စိုက်ထုတ်ပေးခဲ့သည့်အတွက်အဆင်ပြေသွားကြောင်းလည်း စက်ရုံဝန်ထမ်းကိုစိုင်းနိုင်လင်းအောင် ကပြောသည်။

“လစာတွေတော့ရှင်းပေးလိုက်ပါတယ်၊ သူဌေးမရှိတော့ ရှယ်ယာရှင်တွေက ဝင်ပြီးရှင်းပေးသွားပါတယ်၊ အလုပ် ကတော့ပိတ်သွားပြီးပေါ့။ အလုပ်ပိတ်သွားတဲ့အတွက် မနက်အစောကြီးထဲက အလုပ်တွေလိုက်ရှာနေရတယ်၊ အိမ်ဌားနေရတဲ့သူဖြစ်တဲ့အတွက် ပိုဆိုးတယ်၊ အိမ်လခက လကုန်ရင်ခေါင်းထဲရောက်လာတယ်”ဟု စက်ရုံ ဝန်ထမ်း ကိုစိုင်းနိုင်လင်းအောင်ကပြောသည်။

စက်ရုံအလုပ်သမားများအနေဖြင့် အလုပ်သစ်ရရှိရေးကိုသာ ဆောင်ရွက်နေကြပြီး ကျန်းမာရေးမကောင်းသည့် ကြားက အလုပ်ရရှိရေးကိုပဲ ဦးစားပေးဆောင်ရွက်နေကြောင်း စက်ရုံဝန်ထမ်းမကြင်တည်ကပြောသည်။

“အခုလောလောဆယ် အလုပ်သမားတွေအကုန်လုံးက စက်ရုံက ပိုက်ဆံရနိုးရနိုးနဲ့ တစ်နေ့တစ်နေ့ မိုးရွာထဲ သွားလိုက် နေပူထဲသွားလိုက်နဲ့ ဒုက္ခအပင်ပန်းခံလိုက်ရတာပေါ့နော် အဲ့အတွက် အလုပ်သမားတွေ ဖျားနေ ကြတယ်။ ဒါပေမယ့်လည်း ဖျားတာကိုသိပ်မမှုဘဲ အလုပ်သမားအကုန်နီးပါး နောက်အလုပ်ရှာဖို့ အကုန်လုံး လိုအပ်တဲ့ဟာတွေလိုက်လုပ်နေကြတယ်” ဟု စက်ရုံဝန်ထမ်းမကြင်တည်ကပြောသည်။

ရွှေပြည်သာစက်မှုဇုန်ရှိ ABLE GLAD Myanmar စက်ရုံတွင် အလုပ်သမား စုစုပေါင်း ၆၆၉ ယောက်ရှိပြီး အများ စုသည် နယ်မှလာရောက်လုပ်ကိုင်သူများဖြစ်သည့်အတွက် အိမ်လခ၊ အဆောင်စရိတ်၊ စားစရိတ်အခက်အခဲ များရှိသည့်အတွက် အလုပ်အသစ်ရရှိရေးကို အပူတပြင်းလိုက်ရှာနေရကြောင်း စက်ရုံဝန်ထမ်းများက ပြော သည်။

#PeopleMedia


Share this post