• Follow Us on

Home ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်အဆောက်အအုံများနှင့် စုပုံထားသည့်ပစ္စည်များကို ရှင်းလင်းရန် သက်ဆိုင်ရာ စီစဉ်နေ

ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်အဆောက်အအုံများနှင့် စုပုံထားသည့်ပစ္စည်များကို ရှင်းလင်းရန် သက်ဆိုင်ရာ စီစဉ်နေ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျုးကျော်အဆောက်အအုံများနှင့် စုပုံထားရှိသော ပစ္စည်းများ ဖျက်သိမ်းဖယ်ရှားသွားမည်ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံများထံ ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြောင်းကြားထားကြောင်း သိရသည်။

 

ထိုသို့ အကြောင်းကြားရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေ (သို့မဟုတ်) ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနှင့် အစိုးရဌာနပိုင်မြေများ၊ အများပြည်သူဆိုင်ရာနေများ၊ လမ်းမလမ်းသွယ်များ၏ လမ်းနယ်နိမိတ်အတွင်းရှိ ကျူးကျော်အဆောက်အအုံနှင့် စုပုံပစ္စည်းများကို ဥပဒေနှင့်အညီ ဖျက်သိမ်းဖယ်ရှား ရှင်းလင်းဆောင်သွားမည့် အစီအမံများအား သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်၍ လူကြီးမင်း၏ ကျူးကျော်အဆောင်အအုံနှင့် ထားရှိသော စုပုံပစ္စည်းများအား အကြောင်းကြားစာရရှိ သည့်ရက်မှ တစ်ပတ်အတွင်း အပြီးဖျက်သိမ်းဖယ်ရှားရှင်းလင်းရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရ သည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဥက္ကလာပမြို့နယ်အပါအဝင် မြို့ နယ်တစ်ချို့ရှိ ကျူးကျော်နေထိုင်သူများကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ အကြောင်းကြားစာ ပေးပို့မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သလို ဖယ်ရှားရှင်းလင်းမှုများလည်း ပြုလုပ်လျက်ရှိသည်။

 

Photo – အင်းစိန်မြို့နယ်စည်ပင်သာယာရေး

 

#PeopleMedia #ရွှေပြည်သာမြို့နယ်

 

(unicode)


………………………………………………………….

 


 


 


 


 



 



Share this post