• Follow Us on

Home ရွှေပြည်သာမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ ၆ ဦးကို ရန်ကုန်ဒလန်ရှင်းလင်းရေးအဖွဲ့မှ ကျည်ဆံ ၉ တောင့်ဖြင့် သတိပေးစာပေးပို့

ရွှေပြည်သာမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ ၆ ဦးကို ရန်ကုန်ဒလန်ရှင်းလင်းရေးအဖွဲ့မှ ကျည်ဆံ ၉ တောင့်ဖြင့် သတိပေးစာပေးပို့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၅ (People Media)

 

ရွှေပြည်သာမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ ၆ ဦးကို ရန်ကုန်ဒလန်ရှင်းလင်းရေးအဖွဲ့မှ ကျည်ဆံ ၉ တောင့်ဖြင့် သတိပေးစာတစ်စောင် ပေးပို့ထားကြောင်း သိရှိရသည်။

 

အဆိုပါ သတိပေးစာတွင် “ရွှေပြည်သာမြို့နယ် ဒ/၁၇ ရပ်ကွက်ရှိ အကြီးစားဒလန်များ ချမ်းမြအေး၊ သစ်ဆန်း မွန်၊ အောင်ဟန်၊ ကိုကိုနိုင်၊ သိန်းဌေး၊ ညိုကြီးတို့ ၆ ဦးကို လွန်ခဲ့သည့်ရက်ပိုင်းတွင် သတိပေးထားသော်လည်း တပ်မတော်နှင့်ပူးပေါင်းပြီး သစ်ဆန်းမွန်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာရယူစေပြီး အခြားနောက်လိုက်များမှ ရာအိမ်မှူးနေရာရယူကာ ရပ်ကွက်ပျက်စီးအောင် ပုံဖော်နေခြင်းအား ရပ်တန်းကရပ်ပါ” ဟု ရေးသားထားသည်။

 

ထို့အပြင် ၎င်းတို့လုပ်ရပ်များမှ ပိုမိုဆိုးရွားလာကြောင်း ရန်ကုန်ဒလန်ရှင်းလင်းရေးအဖွဲ့မှ ကြားသိရသည့် အတွက် ရပ်ကွက်နေပြည်သူများအနေဖြင့် ၎င်းတို့ ၆ ဦးနှင့်အတူ သွားလာခြင်း၊ အတူနေထိုင်ခြင်း၊ အတူ လက်တွဲလုပ်ကိုင်ခြင်း မပြုလုပ်ကြရန်နှင့် ခပ်ဝေးဝေးနေထိုင်ရန် အဖွဲ့မှသတိပေးမေတ္တာရပ်ခံကြောင်း အဆိုပါ သတိပေးစာတွင် ဖော်ပြပါရှိသည်။

 

ဆက်လက်ပြီး အတူသွားလာခြင်း၊ အတူနေထိုင်ခြင်း၊ အတူလက်တွဲလုပ်ကိုင်ခြင်းများကြောင့် ထိခိုက်မှုတစ်စုံ တရာဖြစ်ပေါ်လာပါက ဒလန်ရှင်းလင်းရေးအဖွဲ့မှ လုံးဝလုံးဝတာဝန်ယူမည်မဟုတ်ကြောင်း အသိပေးအကြောင်း ကြားပါသည်ဟု ရေးသားထားပြီး မှတ်ချက်အနေဖြင့် “မင်းတို့ ၆ ဦး ထမင်းဝအောင်စားထားကြ” ဟု ကျည်ဆံ ၉ တောင့်ဖြင့် သတိပေးစာ ပေးပို့ထားသည်။

 

#PeopleMedia #ရွှေပြည်သာ #သတိပေးစာ

 

(unicode)


……………………………………………………………………………

 


 


 


 


 


 



Share this post