• Follow Us on

Home ရွှေပြည်သာမြို့နယ်၌ ဖရဲသီးရောင်းချပြီး မိသားစုဝင်များကို လုပ်ကျွေးနေသည့် အသက် ၁၁ အရွယ် မိန်းခလေး သေဆုံးလျက် ပြန်လည်တွေ့ရှိ

ရွှေပြည်သာမြို့နယ်၌ ဖရဲသီးရောင်းချပြီး မိသားစုဝင်များကို လုပ်ကျွေးနေသည့် အသက် ၁၁ အရွယ် မိန်းခလေး သေဆုံးလျက် ပြန်လည်တွေ့ရှိ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သံဒင်း (၁၉) ရပ်ကွက်၊ ဝင်္ကပါအိမ်ရာအနီး၌ နေထိုင်ပြီး မိသားစု ဝင်များကို ဖရဲသီးရောင်းချ၍ အလုပ်အကျွေးပြုလျက်ရှိသည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်သည် ၃ ရက် ပျောက်ဆုံးသွားပြီးနောက် ၎င်း၏ အလောင်းကို တံတားအောက်၌ ပြန်လည်တွေ့ရှိခဲ့သည်။

 

အဆိုပါ မိန်းကလေးငယ်သည်  ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်၍ ပျောက်သွားပြီး ဒီဇင်ဘာ ၂၃ ရက်နေ့တွင်  ရွှေပြည်သာမြို့နယ်ရှိ ဝင်္ကပါကမ်းနားလမ်း၊ ရေတံတားအောက်ရှိ အမှိုက်ကောက် ကလေးငယ်များက တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

 

“ကောင်မလေးက အသက် ၁၁ နှစ်၊ ပျောက်သွားတာက ၃ ရက်ရှိသွားပြီ။ တချို့မျက်မြင် သက်သေတွေက တော့ ကားအနက်ရောင်နဲ့ ပိုက်ဆံပေးမယ်ဆိုပြီး ခေါ်သွားတာ။ အဲ့ကလေးမလေးနဲ့ သူ့မောင်လေးက လမ်း ထဲမှာ ဖရဲသီးရောင်းနေတဲ့ ကောင်မလေးပါ။ ကလေးအမေက ရှာတော့ရှာပါတယ်။ နောက်ဆုံးမတွေ့တော့ လူပျောက်တိုင်ထားပါတယ်။ တွေ့တဲ့နေ့က ကလေးတွေက အမှိုက်သွားကောက်တော့ တံတားအောက်မှာ ရုပ်အလောင်းတွေတော့ လူကြီးတွေ အသိပေးပြီးတော့ ဝိုင်းကောက်ကြတာပါ” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောသည်။

 

အဆိုပါ မိန်းကလေးငယ်သည် ဖရဲသီးရောင်းချပြီး ရရှိငွေများဖြင့် မိသားစုကို အလုပ်အကျွေးပြုနေသူ ဖြစ် ကြောင်း ရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။

 

Photo – Credit

 

#PeopleMedia #ရွှေပြည်သာမြို့နယ်

 

(unicode)


……………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post