• Follow Us on
Latest News

Home ရွှေပြည်သာမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

ရွှေပြည်သာမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ (People Media)

 

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရက်ကွက်၊ မဟာမြိုင်လမ်းအနီး၌ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝင်းနိုင်သည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးသွားသည်။

 

ဖြစ်စဉ်မှာ ဦးဝင်းနိုင်သည် ယနေ့ နံနက်ပိုင်း၌ ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ဈေးသွားပြီး ဈေးအပြန်၌ ၎င်း၏ ယာဉ် ပေါ်အတက်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ၍ သေဆုံးသွားခြင်း ဖြစ်သည်။

 

အဆိုပါဖြစ်စဉ်အပေါ် ဒေသခံတစ်ဦးက “ဈေးသွားပြီး သူ့ရဲ့ကားပေါ်အတက်မှာ သူ့နောက်က ကပ်လိုက်လာတဲ့ လူငယ်နှစ်ဦးက သေနတ်နဲ့ ၅ ချက် ပစ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဦးဝင်းနိုင်သည် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ပြီး ယခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

#PeopleMedia #USDP #ရွှေပြည်သာမြို့နယ်

 

(unicode)


…………………………………………………..

 


 


 


 


 


 



Share this post