• Follow Us on

Home ေရႊျပည္သာၿမိဳ႕၌ထားရွိမည့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္သည္ ဗိုလ္ခ်ဳပ္ေအာင္ ဆန္းႏွင့္ မတူညီေၾကာင္း ေဒသခံအခ်ိဳ႕ ေျပာဆိုမႈအေပၚ ဗိုလ္ခ်ဳပ္ကို ဘယ္သူျမင္ဖူးလဲဟု တိုင္းလႊတ္ေတာ္အမတ္ ျပန္လည္ေမးခြန္းထုတ္

ေရႊျပည္သာၿမိဳ႕၌ထားရွိမည့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္သည္ ဗိုလ္ခ်ဳပ္ေအာင္ ဆန္းႏွင့္ မတူညီေၾကာင္း ေဒသခံအခ်ိဳ႕ ေျပာဆိုမႈအေပၚ ဗိုလ္ခ်ဳပ္ကို ဘယ္သူျမင္ဖူးလဲဟု တိုင္းလႊတ္ေတာ္အမတ္ ျပန္လည္ေမးခြန္းထုတ္

Share this post

ရန္ကုန္၊ ဇူလိုင္ – ၁၁

ေရႊျပည္သာၿမိဳ႕၌ ထားရွိမည့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္သည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ မတူညီေၾကာင္း ေဒသခံအခ်ိဳ႕ ေျပာဆိုမႈအေပၚ ဗိုလ္ခ်ဳပ္ကို ဘယ္သူျမင္ဖူးလဲဟု တိုင္းလႊတ္ေတာ္အမတ္ ဦးရန္ေအာင္မင္း ျပန္လည္ေမးခြန္း ထုတ္လိုက္ပါတယ္။

ေရႊျပည္သာၿမိဳ႕နယ္၌ ထားရွိမည့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္သည္ အျခားေသာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕၌ ထားရွိသည့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ႏွင့္ ပုံသ႑န္ကြဲထြက္ေနေၾကာင္း ၿမိဳ႕ခံအခ်ိဳ႕က ေျပာဆိုၾကပါတယ္။

“တူလား၊ မတူလား က်ဳပ္လည္းမသိဘူး။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို က်ဳပ္လည္းမျမင္ဖူးဘူး။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တူမတူဆိုတာကေတာ့ လူေတြအေျပာ ေျပာေနတာေလ။ မတူဘူးဆိုတာကလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဘယ္သူျမင္ဖူးလို႔လဲ က်ဳပ္ကအဲ့လိုေျပာခ်င္တယ္” တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္(၁)ဦးရန္ေအာင္ မင္း ကေျပာသည္။

လက္ရွိအခ်ိန္၌ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထားရွိမည့္ေနရာကို တိုင္းေဒသႀကီးအစိုးရထံ တင္ျပထားေသာ္လည္း အစိုးရမွ ခြင့္ျပဳေပးထားျခင္းမရွိေသာေၾကာင့္ ၿမိဳ႕နယ္ခန္းမ၌ ထားရွိထားပါတယ္။

အဆိုပါ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္၏ ကုန္ၾကစရိတ္ စုစုေပါင္း သိန္း ၁၈၀ နီးပါးခန္႔ ကုန္က်ေၾကာင္းလည္း ဦးရန္ေအာင္ မင္းကေျပာပါတယ္။

#PeopleMedia #ေရႊျပည္သာ #ဗိုလ္ခ်ဳပ္ေၾကး႐ုပ္

(unicode)
ရွှေပြည်သာမြို့၌ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်သည် ဗိုလ်ချုပ်အောင် ဆန်းနှင့် မတူညီကြောင်း ဒေသခံအချို့ ပြောဆိုမှုအပေါ် ဗိုလ်ချုပ်ကို ဘယ်သူမြင်ဖူးလဲဟု တိုင်းလွှတ်တော်အမတ် ပြန်လည်မေးခွန်းထုတ်
…………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၁

ရွှေပြည်သာမြို့၌ ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် မတူညီကြောင်း ဒေသခံအချို့ ပြောဆိုမှုအပေါ် ဗိုလ်ချုပ်ကို ဘယ်သူမြင်ဖူးလဲဟု တိုင်းလွှတ်တော်အမတ် ဦးရန်အောင်မင်း ပြန်လည်မေးခွန်း ထုတ်လိုက်ပါတယ်။

ရွှေပြည်သာမြို့နယ်၌ ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်သည် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ထားရှိသည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပုံသဏ္ဍန်ကွဲထွက်နေကြောင်း မြို့ခံအချို့က ပြောဆိုကြပါတယ်။

“တူလား၊ မတူလား ကျုပ်လည်းမသိဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ကျုပ်လည်းမမြင်ဖူးဘူး။ ဗိုလ်ချုပ်အောင်ဆန်း တူမတူဆိုတာကတော့ လူတွေအပြော ပြောနေတာလေ။ မတူဘူးဆိုတာကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူမြင်ဖူးလို့လဲ ကျုပ်ကအဲ့လိုပြောချင်တယ်” တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးရန်အောင် မင်း ကပြောသည်။

လက်ရှိအချိန်၌ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်နေရာကို တိုင်းဒေသကြီးအစိုးရထံ တင်ပြထားသော်လည်း အစိုးရမှ ခွင့်ပြုပေးထားခြင်းမရှိသောကြောင့် မြို့နယ်ခန်းမ၌ ထားရှိထားပါတယ်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်၏ ကုန်ကြစရိတ် စုစုပေါင်း သိန်း ၁၈၀ နီးပါးခန့် ကုန်ကျကြောင်းလည်း ဦးရန်အောင် မင်းကပြောပါတယ်။

photo-ရွှေပြည်သာ သားတို့ဆုံစည်းရာ

#PeopleMedia #ရွှေပြည်သာ #ဗိုလ်ချုပ်ကြေးရုပ်


Share this post