• Follow Us on

Home ေရႊျပည္သာၿမိဳ႕၌ NLD ပါတီ ရပ္ေက်း ဒု-ဥကၠ႒ထံမွ WY ေဆးျပားမ်ားဖမ္းမိ

ေရႊျပည္သာၿမိဳ႕၌ NLD ပါတီ ရပ္ေက်း ဒု-ဥကၠ႒ထံမွ WY ေဆးျပားမ်ားဖမ္းမိ

Share this post

ရန္ကုန္၊ နိုဝင္ဘာ – ၁၁ (PeopleMedia)

ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳ႕နယ္၊ အမွတ္ ၁၀ ရပ္ကြက္၏ NLD ပါတီ ရပ္ေက်း ဒု-ဥကၠ႒ထံမွ WY စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ေတြ႕ရွိခဲ့မႈေၾကာင့္ အဆုိပါ ရပ္ေက်း NLD ပါတီ ဒု-ဥကၠ႒ကုိ ရဲတပ္ဖြဲ႕က ႏုိဝင္ဘာ(၁၀)ရက္ေန႔၌ ဖမ္းဆီးလုိက္သည္။

အဆုိပါ NLD ပါတီ ရပ္ေက်း ဒု-ဥကၠ႒ ဦး—-၏ ကပ္ခြာအိတ္အတြင္းမွ WY စာတန္းပါ ပန္းေရာင္စိတ္ႂကြ ႐ူးသြပ္ေဆးျပား၊ အစိမ္းေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအပါအဝင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား စုစုေပါင္း ၅၃ ဒသမ ၈၂ ကီလိုဂရမ္အား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ People Media က ေရႊျပည္သာၿမိဳ႕နယ္ တုိင္းေဒသႀကီး အမွတ္(၂) ေရြး ေကာက္ခံ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ေဇာ္ေထြးကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။

“၁၀ ရပ္ကြက္ NLD ရပ္ေက်း ဒု-ဥကၠ႒ပါ၊ (၈၁) ေဈးနားမွာ သူ႔ကို အရင္နည္းနည္းေတြ႕တယ္တဲ့ ၿပီးေတာ့ သူ႔အိမ္ကို လိုက္ရွာေတာ့ ထပ္ေတြ႕တယ္လို႔ ေျပာပါတယ္” ေရႊျပည္သာၿမိဳ႕နယ္ တိုင္းေဒသႀကီး အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေဇာ္ေထြးက ေျပာသည္။

ျဖစ္စဥ္မွာ ရန္ကုန္ေတာင္ပိုင္းမူးယစ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေရႊျပည္သာၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သတင္းအရ အမွတ္ ၁၀ ရပ္ကြက္မွ သက္ေသမ်ားႏွင့္အတူ ေရႊျပည္သာၿမိဳ႕နယ္ အမွတ္ ၁၀ ရပ္ကြက္ရွိ NLD ပါတီ ရပ္ေက်း ဒု-ဥကၠဌ ဦး—-ေနအိမ္အား နိုဝင္ဘာလ ၁၀ ရက္ မြန္းလြဲပိုင္းက ဝင္ေရာက္ရွာေဖြခဲ့ သည္။

လက္ရွိအခ်ိန္၌ NLD ပါတီ ရပ္ေက်းပါတီ ဒု-ဥကၠ႒ကုိ (ပ) ၃၆/၂၀၂၀ မူးယစ္ဥပေဒ ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္အေရးယူထားသည္။

Photo – Credit

#PeopleMedia #မူးယစ္

(unicode)
ရွှေပြည်သာမြို့၌ NLD ပါတီ ရပ်ကျေး ဒု-ဥက္ကဋ္ဌထံမှ WY ဆေးပြားများဖမ်းမိ
…………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၁ (PeopleMedia)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်၏ NLD ပါတီ ရပ်ကျေး ဒု-ဥက္ကဋ္ဌထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိခဲ့မှုကြောင့် အဆိုပါ ရပ်ကျေး NLD ပါတီ ဒု-ဥက္ကဋ္ဌကို ရဲတပ်ဖွဲ့က နိုဝင်ဘာ(၁၀)ရက်နေ့၌ ဖမ်းဆီးလိုက်သည်။

အဆိုပါ NLD ပါတီ ရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦး—-၏ ကပ်ခွာအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြားများအပါအဝင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၅၃ ဒသမ ၈၂ ကီလိုဂရမ်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ People Media က ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီး အမှတ်(၂) ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ထွေးကို ဆက်သွယ်မေးမြန်းခဲ့သည်။

“၁၀ ရပ်ကွက် NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌပါ၊ (၈၁) ဈေးနားမှာ သူ့ကို အရင်နည်းနည်းတွေ့တယ်တဲ့ ပြီးတော့ သူ့အိမ်ကို လိုက်ရှာတော့ ထပ်တွေ့တယ်လို့ ပြောပါတယ်” ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ထွေးက ပြောသည်။

ဖြစ်စဉ်မှာ ရန်ကုန်တောင်ပိုင်းမူးယစ်တပ်ဖွဲ့ဝင်များနှင့် ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ အမှတ် ၁၀ ရပ်ကွက်မှ သက်သေများနှင့်အတူ ရွှေပြည်သာမြို့နယ် အမှတ် ၁၀ ရပ်ကွက်ရှိ NLD ပါတီ ရပ်ကျေး ဒု-ဥက္ကဌ ဦး—-နေအိမ်အား နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက ဝင်ရောက်ရှာဖွေခဲ့ သည်။

လက်ရှိအချိန်၌ NLD ပါတီ ရပ်ကျေးပါတီ ဒု-ဥက္ကဋ္ဌကို (ပ) ၃၆/၂၀၂၀ မူးယစ်ဥပဒေ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားသည်။

Photo – Credit

#PeopleMedia #မူးယစ်


Share this post