• Follow Us on

Home လေဆိပ်ဝင်ထွက်ပေါက်အနီး မပေါက်ကွဲသေးသော လက်ပစ်ဗုံးအား ရှင်းလင်းနိုင်ခဲ့

လေဆိပ်ဝင်ထွက်ပေါက်အနီး မပေါက်ကွဲသေးသော လက်ပစ်ဗုံးအား ရှင်းလင်းနိုင်ခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈ (PeopleMedia)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုရက်ပိုင်းအတွင်း မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတွေ့ရှိမှုဖြစ်စဉ်များ နေ့စဉ်ဖြစ်ပေါ်နေလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့တွင်လည်း မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ တေဇ လမ်း၊ လေဆိပ်ဝင်ထွက်ပေါက်အနီးတွင်မပေါက်ကွဲသေးသော လက်ပစ်ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လက်ပစ်ဗုံးအမျိုးအစားသည် အမှတ် ၉၁ လက်ပစ်ဗုံးဖြစ်ပြီး အသုံးပြုသည့် လီဗာဖြုတ်ထားကြောင်း ယင်းသို့ လီဗာဖြုတ်ထားသော်လည်း မပေါက်ကွဲသေးပဲတွေ့ရှိရသည့်အတွက် အသုံးပြုပြီး မပေါက်ကွဲသေးပဲ တွေ့ရှိအနေအထားဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူတစ်ချို့က သုံးသပ်ကြသည်။

 

အထက်ပါကဲ့သို့ အမှတ် ၉၁ အမျိုးအစားသည် လီဗာဖြုတ်ထားသည့်အတွက် စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့က အဆိုပါနေရာတွင်ပင် ယမ်းကပ်ပြီးဖောက်ခွဲရှင်းလိုက်ကြောင်းသိရသည်။

 

#PeopleMedia #လေဆိပ်

 

(unicode)


……………………………………………………………………

 


 


 


 


 



Share this post