• Follow Us on

Home လေယာဉ်တင်သင်္ဘော ဒေါရစ်မယ်လာတည်ဆောက်ရန် steel cutting အခမ်းအနားကျင်းပ

လေယာဉ်တင်သင်္ဘော ဒေါရစ်မယ်လာတည်ဆောက်ရန် steel cutting အခမ်းအနားကျင်းပ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇ (People Media)

 

ဟန်တင်တန်အင်ဂေါလ်စက်မှုလုပ်ငန်း (Huntington Ingalls Industries) မှ လေယာဉ်တင်သင်္ဘော ဒေါရစ် မယ်လာ (CVN 81) တည်ဆောက်ရန်အတွက် အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် နယူးပို့တ်နယူး မြို့ှရှိ နယူးပို့တ်နယူးစ်သင်္ဘောတည်ဆောက်ရေးဌာနတွင် steel cutting အခမ်းအနားကို သြဂုတ်လ ၂၆ ရက် နေ့ကကျင်းပခဲ့ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ကြေညာချက်အရသိရသည်။

 

အခမ်းအနားသို့ အထက်လွှတ်တော်ကိုယ်စားလှယ် ဘော်ဘီစကော့၊ လေယာဉ်တင်သင်္ဘောတည်ဆောက်ရေး စီမံချက်အမှုဆောင်အရာရှိ ရေတပ်ဗိုလ်ချုပ်ကြီးဂျိမ်းဒေါင်းနေး၊ အမေရိကန်ရေတပ်မှ Master Chief တပ်ကြပ် ကြီး ရပ်ဆဲလ်စမစ်၊ သင်္ဘောတည်ဆောက်သူများ၊ ဒေါရစ်မယ်လာ မိသားစုအဖွဲ့ဝင် ခြောက်ဦးနှင့်အတူ ဗာဂျီးနီး ယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေတပ်မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

 

ဒေါရစ်မယ်လာလေယာဉ်တင်သင်္ဘောသည် အမေရိကန်ရေတပ်တွင် အခြားအဆင့်ဘဝဖြင့် တာဝန်ထမ်း ဆောင်ခဲ့သည့် ရေတပ်သားဒေါရစ်မယ်လာကို ဂုဏ်ပြုနာမည်ပေးထားသည့် ပထမဦးဆုံးလေယာဉ်တင်သင်္ဘော ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီ ဇင်ဘာလ ၇ ရက်နေ့က ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရစဉ် West Virginia (BB 48) သင်္ဘောတွင်တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သဖြင့် ဒေါရစ်မယ်လာကို Navy Cross တံဆိပ်ချီးမြှင့်ခဲ့သည်။

 

ဂျဲရော်အာဖို့ဒ်အဆင့် ဒေါရစ်မယ်လာသည် ဟန်တင်တန်အင်ဂေါလ်စက်မှုလုပ်ငန်းမှ ကန်ထရိုက်ရရှိခဲ့သည့် လေ ယာဉ်တင်သင်္ဘောများအနက် ဒုတိယမြောက်တည်ဆောက်မည့် သင်္ဘောဖြစ်သည်။ ပထမတည်ဆောက်ခဲ့ သည့် လေယာဉ်တင်သင်္ဘောမှာ ယူအက်စ်အက်စ်အင်တာပရိုက် (CVN 80) ဖြစ်သည်။ ဒေါရစ်မယ်လာကို ၂၀၂၆ ခုနှစ်တွင်အပြီးဆောက်လုပ်ပြီး ၂၀၃၂ ခုနှစ်တွင် ရေတပ်သို့လွှဲပြောင်းပေးပို့သွားမည်ဖြစ်သည်။

 

ဂျဲရော်အာဖို့ဒ်အဆင့်ဒေါရစ်မယ်လာလေယာဉ်တင်သင်္ဘောသည် အလျား ၃၃၃ မီတာ၊ အနံ ၇၇ မီတာနှင့် တန် ချိန် ၁၀၀,၀၀၀ ဆန့်သင်္ဘောဖြစ်ပြီး AN/SPY-3 and AN/SPY-4 ဘက်စုံသုံးရေဒါကိုတပ်ဆင်ထားသည်။

 

လေယာဉ်တင်သင်္ဘော၏လက်နက်တပ်ဆင်မှုမှာ RIM-162 ESSM လောင်ချာ ၂ လက်၊ RIM-116 RAM ဒုံး ကျည်နှစ်လက်၊ Phalanx CIWS စက်အမြောက် ၃ လက်၊ M2 .50 Cal. (12.7 mm) စက်သေနတ်ကြီး ၄ လက်တပ်ဆင်ထားသည်။ RIM-162 ESSM မှာ အမေရိကန် ရေသီယွန်ဒုံးကျည်လက်နက်ကုမ္ပဏီက ထုတ်လုပ် ထားသည့် မြေပြင်-ဝေဟင် တာလတ်ပစ်ဒုံးကျည်ဖြစ်သည်။

 

Ref: First steel cut for Gerald R. Ford-class aircraft carrier USS Doris Miller

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: First steel cut for Gerald R. Ford-class aircraft carrier USS Doris Miller

 

#PeopleMedia


Share this post