• Follow Us on

Home ေလယာဥ္မွဴးေတြအတြက္ အရပ္သတ္မွတ္ခ်က္ကို အေမရိကန္ေလတပ္ပယ္ဖ်က္

ေလယာဥ္မွဴးေတြအတြက္ အရပ္သတ္မွတ္ခ်က္ကို အေမရိကန္ေလတပ္ပယ္ဖ်က္

Share this post

၀ါ႐ွင္တန္၊ ေမ ၂၆

အေမရိကန္ေလတပ္ဟာ ေလယာဥ္မွဴးေတြအတြက္ အနိမ့္ဆံုးအရပ္သတ္မွတ္ခ်က္ကိုပယ္ဖ်က္လိုက္ပါတယ္။

ဒါဟာ အမ်ိဳးသမီးေတြေလယာဥ္မွဴးျဖစ္လာဖို႔အတားအဆီးတစ္ရပ္ကုိပယ္ဖ်က္လိုက္တာပါ။

အရင္ကေတာ့ ေလယာဥ္မွဴးေတြဟာ အရပ္ ၅ ေပ ၄ လက္မကေန ၆ ေပ ၅ လက္မၾကား႐ွိဖို႔လိုၿပီး ထိုင္ေနတဲ့အခ်ိန္မွာ ၃၄ လက္မကေန ၄၀ လက္မအထိ႐ွိရာမွာပါ။

သတ္မွတ္ခ်က္ထက္ ပိုေန၊ ေလ်ာ့ေနတဲ့ေလွ်ာက္ထားသူေတြဟာ ေလွ်ာ့ေပါ့ေပးဖို႔အသနားခံစာတင္ႏုိင္ပါတယ္။

အရပ္ေၾကာင့္ေလွ်ာ့ေပါ့ေပးဖို႔အသနားခံစာအမ်ားစုကို ခြင့္ျပဳေပးေပမဲ့ အေမရိကန္ေလတပ္ရဲ႕အခ်က္အလက္ေတြအရ ေလွ်ာက္ထားသူအေမရိကန္ႏိုင္ငံသားအမ်ိဳးသမီး အသက္ ၂၀ နဲ႔ ၂၉ ႏွစ္ၾကားေတြရဲ႕ ၄၄ ရာခိုင္ႏႈန္းကို ကန္႔သတ္ခ်က္အရ ခြင့္မျပဳပါဘူး။

အသက္ ၂၀ နဲ႔အထက္ အေမရိကန္အမ်ိဳးသမီးေတြရဲ႕ပ်မ္းမွ်အရပ္ဟာ ၆၃.၈ လက္မျဖစ္ၿပီး အမ်ိဳးသားေတြကေတာ့ ၆၉.၃ လက္မျဖစ္ပါတယ္။

မူ၀ါဒသစ္အရ အရပ္ကန္႔သတ္ခ်က္ကိုပယ္ဖ်က္လိုက္ၿပီး ေလေၾကာင္းပ်ံသန္းမႈေဘးကင္းလံုၿခံဳေရးကိုလည္း ဆက္ၿပီးထိန္းသိမ္းထားတယ္လို႔ ေလတပ္ကေျပာပါတယ္။

Ref : The US Air Force is removing height restrictions for pilots, which will allow more women to serve

#PeopleMedia

(unicode)
လေယာဉ်မှူးတွေအတွက် အရပ်သတ်မှတ်ချက်ကို အမေရိကန်လေတပ်ပယ်ဖျက်
…………………………………………………..

ဝါရှင်တန်၊ မေ ၂၆

အမေရိကန်လေတပ်ဟာ လေယာဉ်မှူးတွေအတွက် အနိမ့်ဆုံးအရပ်သတ်မှတ်ချက်ကိုပယ်ဖျက်လိုက်ပါတယ်။

ဒါဟာ အမျိုးသမီးတွေလေယာဉ်မှူးဖြစ်လာဖို့အတားအဆီးတစ်ရပ်ကိုပယ်ဖျက်လိုက်တာပါ။

အရင်ကတော့ လေယာဉ်မှူးတွေဟာ အရပ် ၅ ပေ ၄ လက်မကနေ ၆ ပေ ၅ လက်မကြားရှိဖို့လိုပြီး ထိုင်နေတဲ့အချိန်မှာ ၃၄ လက်မကနေ ၄၀ လက်မအထိရှိရာမှာပါ။

သတ်မှတ်ချက်ထက် ပိုနေ၊ လျော့နေတဲ့လျှောက်ထားသူတွေဟာ လျှော့ပေါ့ပေးဖို့အသနားခံစာတင်နိုင်ပါတယ်။

အရပ်ကြောင့်လျှော့ပေါ့ပေးဖို့အသနားခံစာအများစုကို ခွင့်ပြုပေးပေမဲ့ အမေရိကန်လေတပ်ရဲ့အချက်အလက်တွေအရ လျှောက်ထားသူအမေရိကန်နိုင်ငံသားအမျိုးသမီး အသက် ၂၀ နဲ့ ၂၉ နှစ်ကြားတွေရဲ့ ၄၄ ရာခိုင်နှုန်းကို ကန့်သတ်ချက်အရ ခွင့်မပြုပါဘူး။

အသက် ၂၀ နဲ့အထက် အမေရိကန်အမျိုးသမီးတွေရဲ့ပျမ်းမျှအရပ်ဟာ ၆၃.၈ လက်မဖြစ်ပြီး အမျိုးသားတွေကတော့ ၆၉.၃ လက်မဖြစ်ပါတယ်။

မူဝါဒသစ်အရ အရပ်ကန့်သတ်ချက်ကိုပယ်ဖျက်လိုက်ပြီး လေကြောင်းပျံသန်းမှုဘေးကင်းလုံခြုံရေးကိုလည်း ဆက်ပြီးထိန်းသိမ်းထားတယ်လို့ လေတပ်ကပြောပါတယ်။

Ref : The US Air Force is removing height restrictions for pilots, which will allow more women to serve

#PeopleMedia


Share this post