• Follow Us on

Home ေလယာဥ္ေမာင္းခန္းထဲ ခရီးသည္၀င္ခြင့္ျပဳတဲ့ တရုတ္ေလယာဥ္မွဴး ေလယာဥ္ေမာင္းခြင့္ ရာသက္ပန္ပိတ္ပင္ခံရ

ေလယာဥ္ေမာင္းခန္းထဲ ခရီးသည္၀င္ခြင့္ျပဳတဲ့ တရုတ္ေလယာဥ္မွဴး ေလယာဥ္ေမာင္းခြင့္ ရာသက္ပန္ပိတ္ပင္ခံရ

Share this post

ခရီးသည္တစ္ဦး ေလယာဥ္ေမာင္းခန္းထဲမွာေတြ႕ရတဲ့ ဓာတ္ပံု အြန္လိုင္းေပၚမွာ ပ်ံ႕ႏွ ံ႕ခဲ့ျပီးေနာက္ တရုတ္ေလယာဥ္မွဴးကို ေလယာဥ္ေမာင္းခြင့္ရာသက္ပန္ပိတ္ပင္လိုက္ပါတယ္။

အဆိုပါဓာတ္ပံုဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီလက တရုတ္ႏုိင္ငံက ေကြ႕လင္ျမိဳ႕နဲ႕ ရန္က်ံဳးျမိဳ႕ကို ပ်ံသန္းေျပးဆြဲေနတဲ့ Air Guilin ေလေၾကာင္းလိုင္းက ေလယာဥ္တစ္စီးေပၚမွာ ရိုက္ကူးထားတာလို႕ တရုတ္အစိုးရပိုင္မီဒီယာက ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီဓာတ္ပံုဟာ အခုသီတင္းပတ္အတြင္း အြန္လိုင္းေပၚပ်ံ႕ႏွံ႕လာတာျဖစ္ပါတယ္။ ေလယာဥ္မွဴးဟာ ေလေၾကာင္းလံုျခံဳေရးစည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္တာျဖစ္တယ္လို႕ Air Guilin ေလေၾကာင္းလိုင္းက ေျပာပါတယ္။

၄င္းဓာတ္ပံုဟာ ေလယာဥ္ပ်ံသန္းမႈခရီးစဥ္အတြင္း ရိုက္ကူးခဲ့ျခင္းဟုတ္မဟုတ္ကို ေလေၾကာင္းလိုင္းက အတည္မျပဳခဲ့ေပမယ့္ ေလယာဥ္မွဴးေတြနဲ႕ ေလ့လာသံုးသပ္သူေတြကေတာ့ ေလယာဥ္ပ်ံသန္းေနခ်ိန္အတြင္း ရိုက္ကူးခဲ့တာလို႕ မွတ္ခ်က္ေပးၾကပါတယ္။ တရုတ္ႏုိင္ငံရဲ႕ အရပ္ဘက္ေလေၾကာင္းလိုင္း ၾကီးၾကပ္ကြပ္ကဲေရး စည္းမ်ဥ္းေတြထဲမွာ လိုအပ္တဲ့အေျခအေနအတြက္ အထူးခြင့္ျပဳခ်က္မရွိရင္ ခရီးသည္ေတြကို ေလယာဥ္ေမာင္းခန္းထဲ ၀င္ေရာင္ခြင့္တားျမစ္ထားတယ္လို႕သိရပါတယ္။

Ref; BBC

#PeopleMedia #International

(unicode)
လေယာဉ်မောင်းခန်းထဲ ခရီးသည်ဝင်ခွင့်ပြုတဲ့ တရုတ်လေယာဉ်မှူး လေယာဉ်မောင်းခွင့် ရာသက်ပန်ပိတ်ပင်ခံရ
……………………………………………………………………………

ခရီးသည်တစ်ဦး လေယာဉ်မောင်းခန်းထဲမှာတွေ့ရတဲ့ ဓာတ်ပုံ အွန်လိုင်းပေါ်မှာ ပျံ့နှ ံ့ခဲ့ပြီးနောက် တရုတ်လေယာဉ်မှူးကို လေယာဉ်မောင်းခွင့်ရာသက်ပန်ပိတ်ပင်လိုက်ပါတယ်။

အဆိုပါဓာတ်ပုံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်နိုင်ငံက ကွေ့လင်မြို့နဲ့ ရန်ကျုံးမြို့ကို ပျံသန်းပြေးဆွဲနေတဲ့ Air Guilin လေကြောင်းလိုင်းက လေယာဉ်တစ်စီးပေါ်မှာ ရိုက်ကူးထားတာလို့ တရုတ်အစိုးရပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဓာတ်ပုံဟာ အခုသီတင်းပတ်အတွင်း အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။ လေယာဉ်မှူးဟာ လေကြောင်းလုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ Air Guilin လေကြောင်းလိုင်းက ပြောပါတယ်။

၄င်းဓာတ်ပုံဟာ လေယာဉ်ပျံသန်းမှုခရီးစဉ်အတွင်း ရိုက်ကူးခဲ့ခြင်းဟုတ်မဟုတ်ကို လေကြောင်းလိုင်းက အတည်မပြုခဲ့ပေမယ့် လေယာဉ်မှူးတွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ လေယာဉ်ပျံသန်းနေချိန်အတွင်း ရိုက်ကူးခဲ့တာလို့ မှတ်ချက်ပေးကြပါတယ်။ တရုတ်နိုင်ငံရဲ့ အရပ်ဘက်လေကြောင်းလိုင်း ကြီးကြပ်ကွပ်ကဲရေး စည်းမျဉ်းတွေထဲမှာ လိုအပ်တဲ့အခြေအနေအတွက် အထူးခွင့်ပြုချက်မရှိရင် ခရီးသည်တွေကို လေယာဉ်မောင်းခန်းထဲ ဝင်ရောင်ခွင့်တားမြစ်ထားတယ်လို့သိရပါတယ်။

Ref; BBC

#PeopleMedia #International


Share this post