• Follow Us on

Home လောက်ကိုင်မြို့၌ လူသတ်အလောင်းဖျောက်သည့် တရုတ်နိုင်ငံသား (၇) ဦးကို ထောင်ဒဏ်အသီးသီးချမှတ်

လောက်ကိုင်မြို့၌ လူသတ်အလောင်းဖျောက်သည့် တရုတ်နိုင်ငံသား (၇) ဦးကို ထောင်ဒဏ်အသီးသီးချမှတ်

Share this post

တောင်ကြီး၊ ဇန်နဝါရီလ ၂၄ (People Media)

 

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ လူသတ်အလောင်းဖျောက်သည့် တရုတ် နိုင်ငံသား (၇) ဦးကို ဇန်နဝါရီလ ၂၁ ရက်နေ့၌ ထောင်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့သို့ တရုတ်နိုင်ငံသား ဟော်ခွမ်း(က)၊ ၃၁/၂၁ နှစ်၊ မှာ လွန်ခဲ့သော (၂)လခန့်က လောက်ကိုင်မြို့သို့ ရောက်ရှိနေစဉ် ရုတ်တရက် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေခဲ့သဖြင့် ကူညီရှာဖွေပေးရန် ၎င်း၏မိသားစုမှ ၂၀၂၁ မေ ၇ ရက်နေ့တွင် အကူညီတောင်းခံလာသဖြင့် လောက်ကိုင်မြို့ အတွင်း ဟော်ခွမ်းအား စုံးစမ်းရှာဖွေခဲ့သည်။

 

ထိုသို့ စုံစမ်းရှာဖွေခဲ့ရာ ၂၀၂၁ မေ ၁၁ ရက်နေ့ နေ့ခင်းပိုင်းအချိန် လောက်ကိုင်မြို့၊ ရပ်ကွက်(၁) ပတ်ဝန်းကျင်ရှိ အဆောက်အဦများတွင် ခြေရာခံမိ၍ လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ အဆောက်အဉီအား ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ရာ မွမ်းမံပြင်ဆင်နေဆဲ အဆောက်အဦ (၃) လွှာရှိ အခန်းတွင်း၌ မသင်္ကာဖွယ် တရုတ်နိုင်ငံသား ယွီထင်ခန်းတို့(၇)ဦး အား ငွေရောင်လက်ထိပ် (၂)စုံ၊ သံတုတ် (၁)ချောင်း၊ သံခြေကျင်း (၂)စုံ၊ လျှပ်စစ်သံတုတ်ပျက် (၁)ချောင်း၊ ဝက်အူလှည့် (၁)ချောင်း၊ သစ်သားတုတ် (၂)ချောင်း၊ ကော်ပိုက် (၁)ချောင်း၊ ကတ်ကြေး (၁)လက်တို့နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် ထိန်းသိမ်း ခဲ့သည်။

 

ထို့နောက် အဆောက်အဦးရှိ CCTV မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ လူ(၄)ဦးသည် ပလပ်စတစ် သေတ္တာပုံး (၁)ပုံးအား ဟိုတယ်အတွင်းမှ သယ်ဆောင်ပြီး အဆောက်အဦအပြင်တွင် ရပ်ထားသည့် အဖြူ ရောင် CROWN ကားပေါ်သို့ တင်ဆောင်ထွက်ခွာသွားသည့် CCTV မှတ်တမ်းတွေ့ရှိရသဖြင့် မသင်္ကာသူ တရုတ်နိုင်ငံသား ယွီထင်ခန်း(ခ)အားခန်း ပါ(၇)ဦးတို့နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ CCTV မှတ်တမ်းပါ ပလပ် စတစ်သေတ္တာပုံး သယ်ဆောင်သွားသူများဖြစ်ကြောင်း လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။

 

CCTV မှတ်တမ်းပါ တွေ့ရှိချက်များအရ ထပ်မံစစ်ဆေးရာ ယွီထင်ခန်းသည် ပျောက်ဆုံးနေသူ ဟော်ခွမ်းထံမှ တရုတ်ယွမ်ငွေ(၂၅၀၀၀၀) ရရန်ရှိ၍ ပြန်လည်တောင်းခံရာ မပေးသဖြင့် မတ်လ နေ့ရက်(မမှတ်မိ)တွင် ၎င်းတို့ နေထိုင်သည့်အခန်း၌ ဖမ်းဆီးချူပ်နှောင်နှိပ်စက်ခဲ့ရာမှ လက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း၊ ဟော်ခွမ်း၏ အလောင်းအား ပလပ်စတစ်သေတ္တာပုံးအတွင်းသို့ ထည့်ခဲ့ပြီး ကားဖြင့် တင်ဆောင်ကာ တောစပ်သို့ သွား ရောက်စွန့်ပစ်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား(၇)ဦးအား အမှု ဖွင့်စစ်ဆေးခဲ့သည်။

 

သို့ဖြစ်၍ အမှုမှ ပြစ်မှုကျူးလွန်ရန် ဦးဆောင်စေခိုင်းခဲ့သူ တရုတ်နိုင်ငံသား ယွီထင်ခန်း(ခ)အားခန်းအား တရား ရုံးက ၂၀၂၂ ခုနှစ် ဇန်နဝါရီ လ ၂၁ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄အရ အလုပ်နှင့်ထောင်ဒဏ် ၂၀နှစ်နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၃အရ ထောင်ဒဏ် ၂နှစ် တို့အားသီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး၊ ပူးပေါင်းပါဝင်သူများအား ကျူးလွန်ကြောင်းပေါ်ပေါက်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မများအရ ထောင်ဒဏ် ၂ နှစ်မှ ၃နှစ်အထိ အသီးသီးချမှတ်ခဲ့ကြောင်း လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

 

#PeopleMedia #လောက်ကိုင်မြို့

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post