• Follow Us on

Home ေလာင္ခ်ာတင္ယာဥ္အေျမာက္အမ်ား ထုတ္လုပ္ရန္ ေျမာက္ကိုရီးယားေ ခါင္းေဆာင္ ညႊန္ၾကားထား

ေလာင္ခ်ာတင္ယာဥ္အေျမာက္အမ်ား ထုတ္လုပ္ရန္ ေျမာက္ကိုရီးယားေ ခါင္းေဆာင္ ညႊန္ၾကားထား

Share this post

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအြန္ဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒံုးအပါအ၀င္ မစ္ဇိုင္းေလာင္ခ်ာ တင္ေဆာင္ တဲ့ ေရြ႕လ်ားယာဥ္အမ်ားအျပားထုတ္လုပ္ဖို႔ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလက ညႊန္ၾကားခဲ့တယ္္လို႔ ဂ်ပန္သတင္းဌာန က်ိဳဒိုက ေဖာ္ျပခဲ့့ပါတယ္။

ေျမာက္ကိုရီးယားဟာ ေရႊ႕လ်ားေလာင္ခ်ာတင္ယာဥ္အစီး ၇၀ ၀န္းက်င္အတြက္ လိုအပ္တဲ့ အစိတ္အပိုင္းေတြ ရရွိဖို႔ ေဒၚလာသန္းဆယ္ဂဏန္းေလာက္အသံုးျပဳခဲ့ၿပီး တ႐ုတ္ႏုိင္ငံက မွာယူမႈေတြလည္းပါ၀င္တယ္လို႔ တ႐ုတ္-ေျမာက္ကိုရီးယားဆက္ဆံေရးနဲ႔ နီးစပ္တဲ့ သတင္းအ၀ိုင္းကေျပာပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံဟာ အေမရိကန္နဲ႔ ႏ်ဴကလီးယားဖ်က္သိမ္းေရးေဆြးေႏြးေနခ်ိန္မွာ အခုလို စစ္လက္နက္ အင္အားျမွင့္တင္ေနမႈက ႏ်ဴးကလီးယားလက္နက္စြန္႔လႊတ္လိုမႈအေပၚ သံသယ၀င္စရာျဖစ္ေစတယ္လို႔ ဂ်ပန္ သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အေမရိကန္ေထာင္လွမ္းေရးအရာရွိေတြကလည္း အခုသတင္းကိုရရွိထားၿပီး ေလာင္ခ်ာေရြ႕လ်ားယာဥ္ေတြကို ဘယ္လိုေနရာမွာ အသံုးျပဳမယ္ဆိုတာကို စံုးစမ္းေထာက္လွမ္းလ်က္ရွိေနပါတယ္။

Ref; japantimes

#PeopleMedia #International

(Unicode)
လောင်ချာတင်ယာဉ်အမြောက်အများ ထုတ်လုပ်ရန် မြောက်ကိုရီးယား ေခါင်းဆောင် ညွှန်ကြားထား
………………………………………………………………

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးအပါအဝင် မစ်ဇိုင်းလောင်ချာ တင်ဆောင် တဲ့ ရွေ့လျားယာဉ်အများအပြားထုတ်လုပ်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ညွှန်ကြားခဲ့တယ်လို့ ဂျပန်သတင်းဌာန ကျိုဒိုက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ရွှေ့လျားလောင်ချာတင်ယာဉ်အစီး ၇၀ ဝန်းကျင်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ ရရှိဖို့ ဒေါ်လာသန်းဆယ်ဂဏန်းလောက်အသုံးပြုခဲ့ပြီး တရုတ်နိုင်ငံက မှာယူမှုတွေလည်းပါဝင်တယ်လို့ တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးနဲ့ နီးစပ်တဲ့ သတင်းအဝိုင်းကပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးနေချိန်မှာ အခုလို စစ်လက်နက် အင်အားမြှင့်တင်နေမှုက နျူးကလီးယားလက်နက်စွန့်လွှတ်လိုမှုအပေါ် သံသယဝင်စရာဖြစ်စေတယ်လို့ ဂျပန် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမေရိကန်ထောင်လှမ်းရေးအရာရှိတွေကလည်း အခုသတင်းကိုရရှိထားပြီး လောင်ချာရွေ့လျားယာဉ်တွေကို ဘယ်လိုနေရာမှာ အသုံးပြုမယ်ဆိုတာကို စုံးစမ်းထောက်လှမ်းလျက်ရှိနေပါတယ်။

Ref; japantimes

#PeopleMedia #International


Share this post