• Follow Us on

Home လော့ခ်ဟိမာတင်သြစတေးလျနှင့် နော်သရုပ်ဂရူးမန်းသြစတေးလျကုမ္ပဏီတို့အား သြစတေးလျလေကြောင်း တိုက်ပွဲစီမံခန့်ခွဲမှုစနစ်အတွက် ပဏာမရွေးချယ်

လော့ခ်ဟိမာတင်သြစတေးလျနှင့် နော်သရုပ်ဂရူးမန်းသြစတေးလျကုမ္ပဏီတို့အား သြစတေးလျလေကြောင်း တိုက်ပွဲစီမံခန့်ခွဲမှုစနစ်အတွက် ပဏာမရွေးချယ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၇ (People Media)

 

သြစတေးလျအစိုးရက ၎င်း၏ ပဉ္စမမြောက်မျိုးဆက် ပူးတွဲလေကြောင်းတိုက်ပွဲစီမံခန့်ခွဲမှုစနစ် (JABMS) အဆင့် မြှင့်တင်ရေး အမေရိကန်ဒေါ်လာ ၁.၉၉ ဘီလျံကုန်ကျမည့် Air 6500 Phase 1 project အတွက် လော့ခ်ဟိမာ တင်သြစတေးလျနှင့် နော် သရုပ်ဂရူးမန်းသြစတေးလျကုမ္ပဏီတို့အား ပဏာမရွေးချယ်လိုက်သည်။

 

ပူးတွဲလေကြောင်းတိုက်ပွဲစီမံခန့်ခွဲမှုစနစ်အဆင့်မြှင့်တင်ရေး ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပို့ဆောင်ခြင်း တို့ကို ကြီးကြပ်ရန် ယှဉ်ပြိုင်မှုအကဲဖြတ်လုပ်ငန်းစဉ် (CEPS)  ၏ ဒုတိယအဆင့်လုပ်ငန်းများစတင်ဆောင်ရွက် တော့မည်ဖြစ်ကြောင်း သြစတေးလျကာကွယ်ရေးဝန်ကြီးပီတာဒတ်တွန်နှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ဝန်ကြီး မီလစ်ဆာပရိုက်စ်တို့က သြဂုတ်လ ၅ ရက်နေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

“ကျွန်မတို့ရွေးချယ်လိုက်တဲ့ကုမ္ပဏီတွေဟာ သြစတေးလျစစ်ဘက်ဆိုင်ရာပစ္စည်းထုတ်လုပ်ရေးစွမ်းရည် ပိုမိုမြင့် မားလာအောင်ဆောင်ရွက်ပေးဖို့ ခိုင်မာတဲ့ကတိကဝတ်ရှိထားပြီးဖြစ်သလို လုပ်ငန်းလုပ်နိုင်စွမ်းလိုအပ်ချက်တွေ ကိုလည်း အကောင်းဆုံးသိရှိနားလည်တဲ့စွမ်းရည်ရှိတယ်ဆိုတာကို သရုပ်ဖော်ပြသနိုင်ခဲ့ကြောင်း တေ့ွရပါတယ်။ ပူးတွဲလေကြောင်းတိုက်ပွဲစီမံခန့်ခွဲမှုစနစ်အတွက် ကုမ္ပဏီတွေက သူတို့ရဲ့နောက်ဆုံးကမ်းလှမ်းမှုကို ပြန်လည် မွမ်းမံပြင်ဆင်နေတဲအချိန်မှာ ပုံစံရေးဆွဲမယ့် အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာဖြေရှင်းနည်းတွေနဲ့ ရှေ့ပြေးပုံစံ တွေမြင်ရဖို့ ကျွန်မမျှော်လင့်နေပါတယ်။” ဟု မီလစ်ဆာပရိုက်စ်က ပြောသည်။

 

၂၀၁၆ ခုနှစ်က ယှဉ်ပြိုင်မှုအကဲဖြတ်လုပ်ငန်းစဉ် (CEPS)  စီမံချက် ပဏာမအဆင့်အရ ဘိုးရင်းကာကွယ်ရေး သြစတေးလျ၊ ရေသီယွန်သြစတေးလျနှင့်အတူ အောင်မြင်နေသည့်ကုမ္ပဏီနှစ်ခုကို ရွေးချယ်ခဲ့သည်။ ဘိုးရင်း နှင့် ရေသီယွန် ကုမ္ပဏီတို့သည် ပူးတွဲလေကြောင်းတိုက်ပွဲစီမံခန့်ခွဲမှုစနစ် (JABMS) ထုတ်လုပ်ရေးတွင် ဆက် လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး သြစတေးလျတပ်မတော်၏ ဘက်စုံပေါင်းစည်းထားသော ဒုံးကျည်နှင့် လေကြောင်းရန်ကာကွယ်ရေး (IAMD) စွမ်းရည်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

 

နောက်ထပ်စီမံချက်တစ်ခုဖြစ်သော Air 6502 Phase 1 (မြေပြင်အခြေစိုက်တာလတ်ပစ်လေကြောင်းရန် ကာ ကွယ်ရေးစွမ်းရည်) ပရောဂျက်သည် ကွပ်ကဲ/ ကြီးကြပ်မှုစနစ်များ၊ ရေဒါများနှင့် ဒုံးကျည်လောင်ချာများကို ပံ့ပိုး ကူညီသွားမည်ဖြစ်သည်။

 

ပရောဂျက်နှစ်ခုစလုံးကို သြစတေးလျကြည်းတပ်၏ Land 19 Phase 7B (မြေပြင်အခြေစိုက်တာတိုပစ် လေ ကြောင်းရန် ကာကွယ်ရေး) ပရောဂျက်နှင့် နီးကပ်စွာ ပေါင်းစပ်ဆက်သွယ်ထားသည်။ ယင်းပရောဂျက်အတွက် ၂၀၁၉ ခုနှစ်က ရေသီယွန်သြစတေးလျကုမ္ပဏီအား အဓိကကန်ထရိုက်တာအဖြစ်ရွေးချယ်ခဲ့သည်။

 

Ref: Lockheed, Northrop shortlisted for Australian Air Battle Management System

 

#PeopleMedia #International

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

Ref: Lockheed, Northrop shortlisted for Australian Air Battle Management System

 

#PeopleMedia #International


Share this post