• Follow Us on
Latest News

Home လော့ဟိမာတင်ကုမ္ပဏီက အမည်မဖော်သည့်မဟာမိတ်နိုင်ငံတစ်နိုင်ငံအတွက် F-35 မူကွဲ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်မည်

လော့ဟိမာတင်ကုမ္ပဏီက အမည်မဖော်သည့်မဟာမိတ်နိုင်ငံတစ်နိုင်ငံအတွက် F-35 မူကွဲ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၁ (People Media)

 

အမည်ဖော်ပြမထားသော မဟာမိတ်နိုင်ငံတစ်နိုင်ငံအတွက် F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်မူကွဲ တစ် စင်း ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ရန် အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ လော့ဟိမာတင်အား အမေရိကန် အစိုးရက ဒေါ်လာ ၄၉ သန်းတန်ကန်ထရိုက်လုပ်ငန်းကို အပ်နှံလိုက်သည်။

 

F35 မူကွဲလေယာဉ်အသစ်ကိုထုတ်လုပ်ရန်အတွက် လော့ဟိမာတင်ကုမ္ပဏီသည် ငါးနှစ်အတွင်း အင်ဂျင်နီယာ ပိုင်းနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

 

အမေရိကန်၏ မဟာမိတ်နိုင်ငံအား အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အစ္စရေးနိုင်ငံမှလွဲ၍ F35 တိုက် လေယာဉ်များဝယ်ယူထားသည့် မဟာမိတ်နိုင်ငံအားလုံး မူကွဲ F35 တိုက်လေယာဉ်များကို လက်ခံရရှိသွားမည် ဖြစ်ကြောင်း Defense World မဂ္ဂဇင်းတွင်ရေးသားဖော်ပြထားသည်။

 

ဖင်လန်နိုင်ငံအတွက် နောက်ထပ်မျိုးဆက်သစ်တိုက်လေယာဉ်များအဖြစ် F35A တိုက်လေယာဉ်များကို ရွေး ချယ်လိုက်ပြီး F35A တိုက်လေယာဉ် ၆၄ စင်း ဝယ်ယူသွားရန် စီစဉ်ထားကြောင်း ယခုလအတွင်း ဖင်လန်အစိုးရ ကကြေညာခဲ့သည်။

 

နယ်သာလန်နိုင်ငံကလည်း ၎င်းတို့ဝယ်ယူထားသော F-35A တိုက်လေယာဉ်လေးစင်းအတွက် စစ်ဆင်ရေးဆိုင်  ရာကနဦးစွမ်းဆောင်ချက်များကို ကြေညာခဲ့ပြီး အကန့်အသတ်နှင့်အသုံးပြုနိုင်သော ၎င်းတို့လေတပ်အတွက် လမ်းဖွင့်ပေးခဲ့သည်။

 

F35 မူကွဲလေယာဉ်အသစ်တည်ဆောက်ရေးအတွက် လုပ်ငန်းများကို တက္ကဆက်ပြည်နယ်တွင်ဆောင်ရွက်သွား မည်ဖြစ်ပြီး လုပ်ငန်းအချို့ကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဖလော်ရီဒါပြည်နယ်။ မေရီလန်းပြည်နယ်၊ နယူး ယောက်ပြည်နယ်နှင့် ဗြိတိန်နိုင်ငံတို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

F35 မူကွဲလေယာဉ်အသစ်တည်ဆောက်ရေးစီမံချက်လုပ်ငန်းကို ၂၀၂၆ ခုနှစ်တွင် အပြီးသတ်ဆောင်ရွက်သွား ရန် မျှော်လင့်ထားကြသည်။

 

Ref: Lockheed Martin to Develop F-35 Variant for US Ally

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Lockheed Martin to Develop F-35 Variant for US Ally

 

#PeopleMedia


Share this post