• Follow Us on

Home လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲ ချီဖွေမြို့၌ ကျင်းပနေ

လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲ ချီဖွေမြို့၌ ကျင်းပနေ

Share this post

EPN

ချီဖွေ၊ ဖေဖော်ဝါရီ ၂၃

 

လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်၊ ကချင်ပြည်နယ်အထူးဒေသ(၁) ချီဖွေမြို့ရှိ လဗျူဟိုတယ်၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပနေသည်။

 

တွေ့ဆုံပွဲ ပထမနေ့တွင် ကောင်းချီးမင်္ဂလာ ဆုတောင်းဆက်ကပ်ပြီးနောက် ကချင်အထူးဒေသ(၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်းနှင့် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် မျိုးနွယ်စုကိုယ်စား လှယ် ၃ ဦးတို့မှ တွေ့ဆုံပွဲအခမ်းအနားမုဒ်ဦး၌ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ကြပြီး တွေ့ဆုံပွဲကို စတင်ခဲ့သည်။

 

တွေ့ဆုံပွဲတွင် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်းက အဖွင့် မိန့်ခွန်းစတင် ပြောကြားကာ တက်ရောက်လာကြသည့် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် မျိုးနွယ်စုကိုယ်စား လှယ်တို့က ဆွေးနွေးတင်ပြကြသည်။

 

တွေ့ဆုံပွဲသို့ ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်းနှင့် အဖွဲ့ဝင်များ လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် မျိုးနွယ်ကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အခြားဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် မျိုးနွယ်စုဝင်များ တက်ရောက်လျှက်ရှိသည်။

 

ချီဖွေမြို့၌ ကျင်းပပြုလုပ်နေသည့် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံ ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

သတင်း – ကေကေ

 

ဓါတ်ပုံ – ဗညားနွဲ့

 

#PeopleMedia

 

(unicode)

လောျဝေါျ၊ လာခြိဒျ၊ ငေါ့ခမြျး စသည့ျ ဘာသာစကားတူ မြိုးနှယျစုမြား တှေ့ဆုံပှဲ ခြီဖှမွေို့၌ ကငြျးပနေ

………………………………………..

 

EPN

ခြီဖှေ၊ ဖဖေောျဝါရီ ၂၃

 


 


 


 


 


 


 


 

#PeopleMedia


Share this post