• Follow Us on

Home ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေ၀ဖန္ခံေနရေသာ ကိုလံဘီယာကာကြယ္ေရး၀န္ႀကီး ႏႈတ္ထြက္

ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေ၀ဖန္ခံေနရေသာ ကိုလံဘီယာကာကြယ္ေရး၀န္ႀကီး ႏႈတ္ထြက္

Share this post

စစ္တပ္ရဲ႕ ေလေၾကာင္းတုိက္ခိုက္မႈေတြမွာ ကေလးငယ္ေတြေသဆံုးမႈကို ဖံုးကြယ္ထားခဲ့တယ္လို႕ ေ၀ဖန္မႈေတြနဲ႕ ရင္ဆိုင္ေနရတဲ့ ကိုလံဘီယာ ကာကြယ္ေရး၀န္ႀကီး ဂီယာမို ဘိုတဲယိုဟာ ႏို၀င္ဘာ ၆ ရက္ေန႕မွာ ရာထူးက ႏုတ္ထြက္လိုက္ၿပီျဖစ္ပါတယ္။

မူးယစ္ေမွာင္ခိုဂိုဏ္းေတြကို ႏွိမ္နင္းတဲ့ ေလေၾကာင္းတိုက္ခိုက္မႈေတြမွာ ကေလးငယ္ေတြေသဆံုးခဲ့တာကို ဖံုးကြယ္ထားတယ္လို႕ စြပ္စြဲခ်က္ေတြထြက္ေပၚလာခဲ့ျပီးေနာက္ ဘိုတဲယိုဟာ ႏိုင္ငံေရးဖိအားေပးမႈေတြနဲ႕ ရင္ဆိုင္ေနခဲ့ရတာျဖစ္ပါတယ္။

ဘိုတဲယိုဟာ သမၼတ အိုင္ဗန္ဒူကီနဲ႕ ေတြ႕ဆံုေဆြးေႏြးျပီးေနာက္မွာ ရာထူးမွ ႏုတ္ထြက္ေၾကာင္း ေၾကညာ ခဲ့တာျဖစ္ပါတယ္။ ကာကြယ္ေရး၀န္ၾကီးတာ၀န္က ႏုတ္ထြက္တာအေကာင္းဆံုးလို႕ သေဘာတူညီခဲ့ၾကတဲ့ အတြက္ အခုလို ႏႈတ္ထြက္တာျဖစ္တယ္လို႕ ဘိုတဲယိုက ထုတ္ျပန္ခ်က္ထဲမွာေျပာပါတယ္။

အသက္ ၇၁ ႏွစ္ရွိေနျပီျဖစ္တဲ့ ေရွ႕ေန၊စီးပြားေရးလုပ္ငန္းရွင္ ဘိုတဲယိုဟာ ေ၀ဖန္မႈအမ်္ိဳးမ်ိဳးနဲ႕ရင္ဆုိင္ေနခဲ့ရျပီး ၄င္းရဲ႕ ကာကြယ္ေရးဆိုင္ရာ အေတြ႕အၾကံဳအားနည္းမႈေၾကာင့္ ေ၀ဖန္ခံရမႈေတြလည္းရွိခဲ့ပါတယ္။

Ref; https://news.cgtn.com/

#PeopleMedia #international

(unicode)
လေကြောင်းတိုက်ခိုက်မှုကြောင့် ဝေဖန်ခံနေရသော ကိုလံဘီယာကာကွယ်ရေးဝန်ကြီး နှုတ်ထွက်
————————————————————————–

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလေးငယ်တွေသေဆုံးမှုကို ဖုံးကွယ်ထားခဲ့တယ်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ဂီယာမို ဘိုတဲယိုဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ ရာထူးက နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

မူးယစ်မှောင်ခိုဂိုဏ်းတွေကို နှိမ်နင်းတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလေးငယ်တွေသေဆုံးခဲ့တာကို ဖုံးကွယ်ထားတယ်လို့ စွပ်စွဲချက်တွေထွက်ပေါ်လာခဲ့ပြီးနောက် ဘိုတဲယိုဟာ နိုင်ငံရေးဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဘိုတဲယိုဟာ သမ္မတ အိုင်ဗန်ဒူကီနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ ခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးတာဝန်က နုတ်ထွက်တာအကောင်းဆုံးလို့ သဘောတူညီခဲ့ကြတဲ့ အတွက် အခုလို နှုတ်ထွက်တာဖြစ်တယ်လို့ ဘိုတဲယိုက ထုတ်ပြန်ချက်ထဲမှာပြောပါတယ်။

အသက် ၇၁ နှစ်ရှိနေပြီဖြစ်တဲ့ ရှေ့နေ၊စီးပွားရေးလုပ်ငန်းရှင် ဘိုတဲယိုဟာ ဝေဖန်မှုအမျ်ိုးမျိုးနဲ့ရင်ဆိုင်နေခဲ့ရပြီး ၄င်းရဲ့ ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံအားနည်းမှုကြောင့် ဝေဖန်ခံရမှုတွေလည်းရှိခဲ့ပါတယ်။

Ref; https://news.cgtn.com/

#PeopleMedia #international


Share this post