• Follow Us on

Home လေကြောင်းပစ်မှတ်များအတွက် လေဆာလက်နက်တီထွင်ထုတ်လုပ်ပြီးဖြစ်ကြောင်း အီရန်ကြေညာ

လေကြောင်းပစ်မှတ်များအတွက် လေဆာလက်နက်တီထွင်ထုတ်လုပ်ပြီးဖြစ်ကြောင်း အီရန်ကြေညာ

Share this post

Open photo

နိုင်ငံတကာ၊ မတ် ၁၅

 

ရန်သူ့ ဒရုန်းတွေအပါအဝင် လေကြောင်းခြိမ်းခြောက်မှုတွေကို ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိတဲ့ လေဆာလက်နက် ကို တီထွင်ထုတ်လုပ်လိုက်ပြီး စတင်တပ်ဖြန့်ချထားလိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံက ကြေညာလိုက်ပါတယ်။

 

ဆာတက် (Sateb) လို့ခေါ်တဲ့ လေဆာအမြောက်ဟာ စွမ်းအားပြည့်လေဆာရောင်ခြည်ကို အသုံးပြုပြီး ရန်သူ့ လေကြောင်းပစ်မှတ်တွေကို ပစ်ချနိုင်တယ်လို့ဆိုပါတယ်။ ဒီလေဆာလက်နက်ကို အကဲဆတ်တဲ့ဒေသတွေမှာ ကာကွယ်ဖို့အတွက် အသုံးပြုသွားမယ်လို့ဆိုပါတယ်။

 

အဲဒီလေဆာလက်နက်ဟာ အီရန်နိုင်ငံရဲ့ အရေးအကြီးဆုံးစစ်ဘက်ဆိုင်ရာအောင်မြင်မှုတွေထဲက အောင်မြင်မှု တစ်ခုဖြစ်ကြောင်း Islamic Republic News Agency (IRNA) က ပြောပါတယ်။

 

လွန်ခဲ့တဲ့အနှှစ်နှစ်ဆယ်လောက်က အီရန်အီလက်ထရောနစ်ကုမ္ပဏီတစ်ခုက လေဆာလက်နက်တွေထုတ်လုပ် ဖို့ လိုအပ်တဲ့နည်းပညာတွေရရှိထားပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီလေဆာလက်နက်ဟာ ရေဒါရှောင် နိုင်တဲ့ဒရုန်းတွေကိုတောင် ပစ်ချနိုင်တယ်လို့ အဲဒီကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။

 

“ဒီလက်နက်စနစ်ကို အသုံးပြုတဲ့အခါမှာ မြန်နှုန်းမြင့်တာဟာ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ စွမ်းအင်ရှိနေတဲ့ ကာလပတ်လုံး ဆက်ပြီးပစ်ခတ်လို့ရနေပါတယ်။ ဒီလက်နက်ကိုထုတ်လုပ်ရတာ ရှုပ်ထွေးလှပြီး နည်းပညာမြင့် မားလွန်းလှတာကြောင့် အီရန်လိုနိုင်ငံ တချို့တလေပဲ ဒီလေဆာလက်နက်မျိုးကို ထုတ်လုပ်နိုင်ပါသေးတယ်။” လို့ IRNA က ပြောပါတယ်။

 

တကယ်လို့ ဒီသတင်းသာအမှန်ဖြစ်မယ်ဆိုရင် အီရန်နိုင်ငံရဲ့ လက်နက်တိုက်ထဲမှာ အဓိကလက်နက်တစ်မျိုး ထပ်တိုးသွားပြီလို့ ဆိုနိုင်ပါတယ်။

 

အီရန်နိုင်ငံအနေနဲ့ ပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ တာဝေးပျံသန်းနိုင်တဲ့ တိုက်ခိုက် ရေးဒရုန်းတွေနဲ့ ကင်းထောက်ဒရုန်းတွေလို ပြည်တွင်းထုတ် စစ်လက်နက်ပစ္စည်းတွေကို ပိုင်ဆိုင်ထားပြီးဖြစ် ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။

 

ဒါအပြင် အီရန်နိုင်ငံဟာ အဆင့်မြှင့်တင်ထားတဲ့ တင့်ဖျက်ဒုံးကျည်တွေနဲ့ အီရန်ထုတ် Qaem-114 ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ တိုက် ခိုက်ရေးရဟတ်ယာဉ်တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

 

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ အဆင့်မြင့်ဒုံးကျည်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေ ထုတ် လုပ်နေတဲ့ မြေအောက်စစ်အခြေစိုက်စခန်းနှစ်ခုကိုလည်း ဒီနှစ်အစောပိုင်းက ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

 

Ref: Iran Claims Development of Laser Cannon for Aerial Targets

 

(unicode)


………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Iran Claims Development of Laser Cannon for Aerial Targets


Share this post