• Follow Us on

Home ေလေၾကာင္းရန္ကာကြယ္ေရးအေနျဖင့္ တ႐ုတ္ေလယာဥ္မ်ားကိုဟန္႔တားရန္ ယခုႏွစ္တြင္ ေဒၚလာသန္း ၉၀၀ နီးပါးသံုးစြဲခဲ့ေၾကာင္း ထိုင္၀မ္ေျပာ

ေလေၾကာင္းရန္ကာကြယ္ေရးအေနျဖင့္ တ႐ုတ္ေလယာဥ္မ်ားကိုဟန္႔တားရန္ ယခုႏွစ္တြင္ ေဒၚလာသန္း ၉၀၀ နီးပါးသံုးစြဲခဲ့ေၾကာင္း ထိုင္၀မ္ေျပာ

Share this post

တိုင္ေပ၊ ေအာက္တိုဘာ ၇

ယခုႏွစ္တြင္ တ႐ုတ္စစ္ေလယာဥ္မ်ားကို ဟန္႔တားရန္ အေမရိကန္ေဒၚလာသန္း ၉၀၀ နီးပါးသံုးစြဲခဲ့ေၾကာင္း ထိုင္၀မ္ကာကြယ္ေရး၀န္ႀကီး ယန္ဒီဖာက ဗုဒၵဟူးေန႔တြင္ေျပာသည္။

ထိုင္၀မ္ကၽြန္းနားတြင္ တ႐ုတ္ႏိုင္ငံက စစ္ေရးလႈပ္႐ွားမႈမ်ားတိုးျမွင့္ေနၿပီး အေမရိကန္ႏွင့္ ထိုင္၀မ္တို႔ပူးေပါင္းေန ျခင္းကို တံု႔ျပန္သည္ဟု ေျပာထားသည္။

မၾကာေသးခင္ အေမရိကန္အစိုးရအရာ႐ွိႀကီးမ်ားလာေရာက္ျခင္းႏွင့္ လက္နက္အေရာင္းျမွင့္တင္ျခင္းတို႔ အပါ အ၀င္ အေမရိကန္၏ထိုင္၀မ္အေပၚ ေထာက္ပံ့မႈမ်ားကို တ႐ုတ္ျပည္မႀကီးဘက္က ေဒါသထြက္ေနသည္။

ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း တ႐ုတ္ဂ်က္တိုက္ေလယာဥ္မ်ားက ထိုင္၀မ္ေရလက္ၾကားအလယ္မ်ဥ္းကို ျဖတ္သန္းပ်ံသန္းခဲ့ၿပီး ထိုင္၀မ္အေနာက္ေတာင္ပိုင္း႐ွိ ေလေၾကာင္းရန္ကာကြယ္ေရးအေထာက္အထားျပဇုန္သို႔ စစ္ဆင္ေရးမ်ားအႀကိမ္ႀကိမ္ပ်ံသန္းခဲ့သည္။

ယခုႏွစ္အတြင္း တ႐ုတ္ေလယာဥ္မ်ားကိုဟန္႔တားရန္ ထိုင္၀မ္ေလတပ္က ၂၉၇၂ ႀကိမ္ႀကိဳးစားခဲ့ရၿပီး ေဒၚလာ ၈၈၆.၄၉ သန္းကုန္က်ခဲ့သည္ဟု ယန္ကေျပာသည္။

Ref : Taiwan says it has spent almost US$900 million scrambling against China this year

#Peoplemedia

(Unicode)
လေကြောင်းရန်ကာကွယ်ရေးအနေဖြင့် တရုတ်လေယာဉ်များကိုဟန့်တားရန် ယခုနှစ်တွင် ဒေါ်လာသန်း ၉၀၀ နီးပါးသုံးစွဲခဲ့ကြောင်း ထိုင်ဝမ်ပြော
…………………………………………

တိုင်ပေ၊ အောက်တိုဘာ ၇

ယခုနှစ်တွင် တရုတ်စစ်လေယာဉ်များကို ဟန့်တားရန် အမေရိကန်ဒေါ်လာသန်း ၉၀၀ နီးပါးသုံးစွဲခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ယန်ဒီဖာက ဗုဒ္ဒဟူးနေ့တွင်ပြောသည်။

ထိုင်ဝမ်ကျွန်းနားတွင် တရုတ်နိုင်ငံက စစ်ရေးလှုပ်ရှားမှုများတိုးမြှင့်နေပြီး အမေရိကန်နှင့် ထိုင်ဝမ်တို့ပူးပေါင်းနေ ခြင်းကို တုံ့ပြန်သည်ဟု ပြောထားသည်။

မကြာသေးခင် အမေရိကန်အစိုးရအရာရှိကြီးများလာရောက်ခြင်းနှင့် လက်နက်အရောင်းမြှင့်တင်ခြင်းတို့ အပါ အဝင် အမေရိကန်၏ထိုင်ဝမ်အပေါ် ထောက်ပံ့မှုများကို တရုတ်ပြည်မကြီးဘက်က ဒေါသထွက်နေသည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း တရုတ်ဂျက်တိုက်လေယာဉ်များက ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်သန်းပျံသန်းခဲ့ပြီး ထိုင်ဝမ်အနောက်တောင်ပိုင်းရှိ လေကြောင်းရန်ကာကွယ်ရေးအထောက်အထားပြဇုန်သို့ စစ်ဆင်ရေးများအကြိမ်ကြိမ်ပျံသန်းခဲ့သည်။

ယခုနှစ်အတွင်း တရုတ်လေယာဉ်များကိုဟန့်တားရန် ထိုင်ဝမ်လေတပ်က ၂၉၇၂ ကြိမ်ကြိုးစားခဲ့ရပြီး ဒေါ်လာ ၈၈၆.၄၉ သန်းကုန်ကျခဲ့သည်ဟု ယန်ကပြောသည်။

Ref : Taiwan says it has spent almost US$900 million scrambling against China this year

#Peoplemedia


Share this post