• Follow Us on

Home လေကြောင်းဖြင့် သယ်ယူနိုင်သော Tornado-G Rocket Launcher အတွဲလိုက်ဒုံးပစ်လောင်ချာများ ရုရှား ထုတ်လုပ်မည်

လေကြောင်းဖြင့် သယ်ယူနိုင်သော Tornado-G Rocket Launcher အတွဲလိုက်ဒုံးပစ်လောင်ချာများ ရုရှား ထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃ (People Media)

 

ရုရှားနိုင်ငံပိုင် SPLAV သုတေသနနှင့် ထုတ်လုပ်ရေးအဖွဲ့သည် ရုရှားလေကြောင်းချီတပ်ဖွဲ့ဝင်များအသုံးပြုရန် အ တွက် လေကြောင်းဖြင့်သယ်ယူနိုင်သော ၁၂၂ မမ Tornado-G Rocket Launcher အတွဲလိုက်ဒုံးပစ်လောင်ချာ များကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

 

ရုရှားလေကြောင်းချီတပ်ဖွဲ့ဝင်များထံသို့ပေးပို့ခြင်းမပြုမီ ဒုံးကျည်စနစ်ကို ပြောင်းလဲအဆင့်မြှင့်တင်သွားမည်ဖြစ် သလို အောက်ခံထည်အသစ်တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် Rostec ကုမ္ပဏီကပြောသည်။

 

လေကြောင်းဖြင့်သယ်ယူနိုင်သည့် လက်နက်ထုတ်လုပ်မည့်အဖွဲ့မှာ ဒီဇိုင်းစတင်ရေးဆွဲရန်နှင့် ထုတ်လုပ်ရန်အ တွက် အသင့်ဖြစ်နေပြီဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်သွားမည် ဖြစ်ကြောင်း အမှုဆောင်အရာရှိ အလက်ဇန္ဒားဆီမီယာနော့ဗ်က ပြောသည်။

 

အတွဲလိုက်ပစ်ဒုံးကျည်စနစ်မှဆင်းသက်လာသည့်အတွက် Tornado-G အတွဲလိုက်ဒုံးပစ်လောင်ချာသည် ကြို တင်ပြင်ဆင်ထားခြင်းမရှိသောအနေအထားမှ အတွဲလိုက်ပစ်ခတ်နိုင်ပြီး ရန်သူ့တပ်တည်များကို အလွယ်တကူ လျင်မြန်စွာပစ်ခတ်နိုင်သည့်အပြင် အလွယ်တကူနေရာပြောင်းရွှေ့နိုင်သည်။

 

Tornado-G အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်သည် ရုရှားထုတ် ယခင်ဒုံးပစ်လောင်ချာများထက် ပိုမိုစွမ်း အားပြည့်ဝပြီး စွမ်းဆောင်ရည်ပိုမိုကောင်းမွန်စေရန် အဆင့်မြှင့်တင်ထားကြောင်းသိရသည်။ ဒုံးပစ်ခတ်ရာတွင် ဒုံးစစ်သည် ခြောက်ယောက်မှ သုံးယောက်အထိ လျှော့ချနိုင်ကြောင်းသိရသည်။

 

Tornado-G အတွဲလိုက်ဒုံးပစ်လောင်ချာသည် 9M538၊ 9M539 နှင့် 9M541 အပါအဝင် ဒုံးကျည်အမျိုးမျိုး ကိုပစ်ခတ်နိုင်သည်။ ယင်းဒုံးကျည်များသည် ပိုမိုထိရောက်စွာတိုက်ခိုက်နိုင်ရန် ပေါက်ကွဲအားပြင်းထန်သည့် လူ သတ်ထိပ်ဖူးများကို သယ်ဆောင်နိုင်သည်။

 

“လက်ရှိအချိန်မှာ Tornado အုပ်စုမှာ ၁၂၂ မမ Tornado-G နဲ့ ၃၀၀ မမ Tornado-S အတွဲလိုက်ဒုံးပစ်လောင် ချာတွေပါဝင်ပါတယ်။ အတွဲလိုက်ဒုံးပစ်လောင်ချာနှစ်မျိုးစလုံးဟာ ဒီကနေ့ အမြင့်ဆုံးလိုအပ်ချက်တွေကို ဖြည့် ဆည်းပေးနိုင်တဲ့ ထိရောက်မှုကောင်းပြီး အားထားရတဲ့ လက်နက်တွေဖြစ်ကြောင်း ပွဲတွေ့စမ်းသပ်ပြီးပါပြီ။” ဟု အလက်ဇန္ဒားဆီမီယာနော့ဗ်က ပြောသည်။

 

SPLAV သုတေသနနှင့် ထုတ်လုပ်ရေးအဖွဲ့သည် မကြာသေးမီက ၃၀၀ မမ Tornado-S အတွဲ လိုက်ဒုံးပစ် လောင်ချာအတွက် နောက်ဆုံးပေါ် ဒုံးကျည်များကို အတွဲလိုက်ထုတ်လုပ်ခဲ့သည်။ ဒုံးပစ်လောင်ချာ ၁၂ ခု ပါရှိ သည့် ဒုံးပစ်စင်မှ တစ်တောင့်ချင်းရော အတွဲလိုက်ပါပစ်ခတ်နိုင်သည့် အဆိုပါဒုံးပစ်လောင်ချာသည် ၁၂၀ ကီလို မီတာ (၇၄ မိုင်) အထိ ပစ်ခတ်နိုင်ကြောင်းသိရသည်။

 

Ref: Russia to Develop Air-Droppable Tornado-G Rocket Launcher

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Russia to Develop Air-Droppable Tornado-G Rocket Launcher

 

#PeopleMedia


Share this post