• Follow Us on
Latest News

Home လေးကေကော်ဒေသ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေ

လေးကေကော်ဒေသ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေ

Share this post

မြဝတီ၊ ဒီဇင်ဘာ ၂၄ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေကော်ဒေသနှင့် ဆက်စပ်သည့်နေရာများ၌ နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာပြီး ဒေသခံတိုင်းရင်းသားများ ထိုင်းနိုင်ငံဘက်သို့ သွားရောက်ခိုလှုံလျက်ရှိသည်။

 

ဒီဇင်ဘာ ၂၃ ရက်နေ့ ညပိုင်းက လေးကေကော်နှင့်ဆက်စပ်သည့် စစ်ရေးလှုပ်ရှားမှုရှိသည့်နေရာများ၌ တိုက်ပွဲ များ ပြန်လည်ဖြစ်ပေါ်လာပြီး လုံခြုံရေးတပ်ဖွဲ့များက လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ လေးကေကော်ဒေသနှင့် ဆက်စပ်လျက်ရှိသည့်နေရာများ၌ လုံခြုံရေးအဖွဲ့များနှင့် KNLA/PDF ပူးပေါင်းအဖွဲ့တို့သည် နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသလို နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိနေသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာရှိ BGF ကင်းစခန်းတစ်ခုကို KNLA/ PDF အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ရေးတင်းမာမှု ပြန်လည် မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ၂၁ ရက်နေ့၌ အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တပ်စွဲအခြေချခဲ့သည်။

 

လက်ရှိအချိန်၌ လေးကေကော်ဒေသနှင့်ဆက်စပ်သည့်နေရာများ၌ တိုက်ပွဲအခြေအနေများအပေါ် ဒေသခံ စစ်ရှောင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ”လိုင်းပေါ်မှာတော့ သူနိုင်တယ်။ ငါနိုင်တယ်ရေးနေကြတာ။ ရှုံး နေတာက ပြည်သူတွေ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့” လို့ ပြောဆိုသည်။

 

#PeopleMedia #လေးကေကော် #ကရင်ပြည်နယ်

 

(unicode)

လေးကကေောျဒသေ၌ တိုကျပှဲမြား ဆကျလကျဖွဈပေါျနေ

……………………………………………………

 


 


 


 


 


 


 



Share this post