• Follow Us on

Home လေးကေ့ကော်တိုက်ပွဲအတွင်း၌ ဖမ်းဆီးခံရသည့် လုံခြုံရေးအဖွဲ့ဝင် ၈ ဦးကို ကောင်းမွန်စွာထားရှိထားကြောင်း KNU ထုတ်ပြန်မှု ပြုလုပ်

လေးကေ့ကော်တိုက်ပွဲအတွင်း၌ ဖမ်းဆီးခံရသည့် လုံခြုံရေးအဖွဲ့ဝင် ၈ ဦးကို ကောင်းမွန်စွာထားရှိထားကြောင်း KNU ထုတ်ပြန်မှု ပြုလုပ်

Share this post

မြဝတီ၊ ဒီဇင်ဘာ ၁၇ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ လေးကေ့ကော်တိုက်ပွဲအတွင်း၌ ဖမ်းဆီးခံရသည့် လုံခြုံရေးအဖွဲ့ဝင် ၈ ဦးကို ကောင်းမွန်စွာထားရှိထားကြောင်း KNU ထုတ်ပြန်မှု ပြုလုပ်ထားသည်။

 

ဒီဇင်ဘာ ၁၅ ရက်နှင့် ဒီဇင်ဘာ ၁၆ ရက်တို့၌ လေးကေ့ကော်မြို့သစ်ဒေသတွင် လုံခြုံရေးအဖွဲ့များနှင့် KNU လက်အောက်ခံ KNLA/PDF ပူးပေါင်းအဖွဲ့တိုက်ပွဲဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ နှစ်ဖက်ကျဆုံးမှုများရှိခဲ့သလို ဖြစ်စဉ်အပေါ်တပ်မတော်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ အလားတူ နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားများသည် ထိုင်းနိုင်ငံဘက်၌ သွား ရောက် စစ်ရှောင်လျက်ရှိပါတယ်။

 

ဖမ်းဆီးခံရသူ လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး၌ ခမရ ၂၇၅ မှ (၆) ဦး၊ BGF မှ တပ်ဖွဲ့ဝင် (၂) ဦးဖြစ်ပြီး လက်ရှိအချိန်၌ လေးကေ့ကော်မြို့သစ်၌ ဒေသခံအချို့ ပိတ်မိလျက်ရှိပါတယ်။

 

ဒီဇင်ဘာ ၁၄ ရက်နေ့က လေးကေ့ကော်မြို့သစ်အတွင်း၌ NLD အမတ်ဟောင်းများနှင့် လူပုဂ္ဂိုလ်အချို့ကို လုံ ခြုံရေးအဖွဲ့များက ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီးနောက် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ပါတယ်။

 

Photo – KIC

 

#PeopleMedia #Peace #လေးကေ့ကော်

 

(unicode)


……………………………………………………….

 


 


 


 


 


 


 

Photo – KIC

 



Share this post