• Follow Us on

Home လေးကေ့ကော်မြို့သစ်တစ်ဝိုက်၌ သောင်းကျန်းသူများမရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-က ထုတ်ပြန်

လေးကေ့ကော်မြို့သစ်တစ်ဝိုက်၌ သောင်းကျန်းသူများမရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ (People Media)

 

ဒီဇင်ဘာ ၂၈ ညပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့သစ်၌ ဆက်စပ်သည့်နေရာများ၌ သောင်း ကျန်းသူများမရှိစေရန် ဖော်ထုတ်ဖမ်းဆီးခြင်းများနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း န-စ-ကမှ သတင်းထုတ်ပြန်ထားသည်။

 

န-စ-က၏ သတင်းထုတ်ပြန်ချက်၌ လေးကေ့ကော်မြို့သစ်ရှိ ခိုအောင်းလျက်ရှိသော အကြမ်းဖက်အဖွဲ့များကို လက်ခံခြင်းမပြုရန် သက်ဆိုင်ရာခေါင်းဆောင်များထံသို့ အသိပေးခဲ့သော်လည်း လက်နက်၊ ခဲယမ်း ဖမ်းဆီးရ မိမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက်လည်းကောင်း၊ လေးကေ့ကော်မြို့သစ်မှာလည်း ငြိမ်းချမ်းရေး ရလဒ်၏ ပြယုဂ်တစ်ခုဖြစ်နေ၍ လည်းကောင်း အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးပြီး လုံခြုံရေးတပ်ဖွဲ့များက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှစ၍ စတင်ဆောင်ရွက်ခဲ့ ကြောင်း၊ ထို့သို့ ဆောင်ရွက်ခဲ့ရာတွင် လေးကေ့ကော်မြို့သစ်အတွင်း ဥပဒေနှင့်အညီ ရှာဖွေစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် NUG အမည်ခံအဖွဲ့မှ PDF နှင့် CDM ပြုလုပ်ထားသူ ၂၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

 

ထိုနောက် ဒီဇင်ဘာ ၁၅ ရက်တွင်လည်း ဖော်ထုတ်ဖမ်းဆီးနေစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလား ပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တချို့ပါဝင်သော NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများ က စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး တချို့မှာ ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ထို့ကြောင့် မိမိကိုယ်မိမိခုခံကာကွယ်ရန်အလို့ငှာ တပ်မတော်အနေဖြင့် အကန့်အသတ်ဖြင့် အနည်းဆုံးအင်အား ကို အသုံးပြု၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှစ၍ KNU တပ်ခေါင်းဆောင်တချို့နှင့် တပ်ဖွဲ့တချို့၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ အထက်ပါ အကြမ်းဖက်အုပ်စုများမှ လည်း အင်အားများပြားစွာစုစည်းလျက် မိမိတပ်မတော်စစ်ကြောင်းများအား နေ့/ည ဝိုင်းဝန်း ပိတ်ဆို့လျက် တန်ပြန်တိုက်ခိုက်လာသဖြင့် တိုက်ပွဲများ ပြင်းထန်လာခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် တပ်မတော် အနေဖြင့် ထုတ်ပြန်ထားသည့် Rule of Engagement အတိုင်း ROE နှင့်အညီ ရန်သူများအား ချေမှုန်း တိုက်ခိုက်မှုများကြောင့် တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ယနေ့တွင် လေးကေ့ကော်မြို့သစ်မှလွဲ၍ ကျန် အကြမ်းဖက်သမားများခိုအောင်းခဲ့သည့် ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနှင့် ဖလူးကျေးရွာစသည့်နေရာများအား ဖော်ထုတ်ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါတိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူလူထုများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရ၍ သက်ဆိုင်ရာလုံ ခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာ သာစကားများအသုံးပြု၍ ဖိတ်ခေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

#PeopleMedia #လေးကေ့ကော်

 

(unicode)


………………………………………………………………….

 


 


 


 


 


 



Share this post