• Follow Us on

Home လျောက်ထားသူနည်းပါးသည့်အတွက် သတင်းမီဒီယာကောင်စီ လစ်လပ်နေရာများအတွက် ကိုယ်စားလောင်း ခေါ်ယူသည့် ရက်တိုးမြှင့်သတ်မှတ်

လျောက်ထားသူနည်းပါးသည့်အတွက် သတင်းမီဒီယာကောင်စီ လစ်လပ်နေရာများအတွက် ကိုယ်စားလောင်း ခေါ်ယူသည့် ရက်တိုးမြှင့်သတ်မှတ်

Share this post

ရန်ကုန်၊ မတ် ၅ (People Media)

 

တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာ နိုင်ငံတော်အာဏာအားရယူပြီးနောက် မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီ (MPC) မှ နှုတ်ထွက်ခဲ့သော သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနေရာတွင် ပြန်လည်ရွေးချယ် ရန်အတွက် ကိုယ်စားလှယ်လောင်းများ ခေါ်ယူထားသော်လည်း လျောက်ထားသူနည်းပါးသည့်အတွက် ခေါ် ယူသည့်ရက်အား ထပ်မံနောက်ဆုတ်လိုက်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် လစ်လပ်နေရာများအတွက် ကိုယ်စားလှယ်လောင်းအဆိုပြုလွှာများကို ၂၆.၂.၂၀၂၁ ရက်နေ့မှ ၃.၃.၂၀၂၁ ရက်နေ့အထိ သတ်မှတ်ခဲ့သော်လည်း လျောက်ထားလိုသည့် ကိုယ်စား လှယ်လောင်းများ အဆင်ပြေစေရေးအတွက်ဟုဆိုကာ ကိုယ်စားလှယ်လောင်းလျောက်လွှာကို ၂၇.၃.၂၀၂၁ ရက်နေ့အထိ တိုးမြှင့်ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 

“သိတဲ့သူက နည်းလို့ဖြစ်လိမ့်မယ် သူတို့က မကြာခင်ကမှ ကြေငြာလိုက်တာ ဒီလ ၂၇ ရက်နေ့မှတော့ သိရမှာ ပေါ့လေ အဲ့ဒီမှာ နောက်ဆုံးထားပြီးတော့ ပို့ပေးရမှာပေါ့” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင်က ပြောသည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် လစ်လပ်နေရာများကို ဖြည့်တင်းရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့မှ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်အထိ လစ်လပ်နေရာများကို ဖြည့်တင်းရန် ကိုယ်စားလှယ်လောင်း ၄ ဦးသာ ရရှိထားကြောင်းသိရသည်။

 

“အခုအချိန်အထိ ထပ်ခန့်တဲ့ လေးယောက်အပါအဝင် ခြောက်ယောက်လောက်ပဲရှိသေးတယ်။ ကျန်တာက နှစ် ယောက်ပဲကျန်တာကို ထပ်ဖြည့်ပေးတဲ့ လေးယောက် ထပ်ဖြည့်ပေးတာနဲ့ဆို ခြောက်ယောက်ပေါ့ အများကြီး ထပ်ဖြည့်ဖို့က အများရှိပါသေးတယ်” ဟု ဒေါက်တာ မျိုးသန့်တင်က ပြောသည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥပဒေအရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အဖွဲ့ဝင် ၁၅ မှ ၃၀ ဦး အထိ ဖွဲ့စည်းနိုင်ပြီး လက်ရှိတွင် သေဆုံးသွားသည့် သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့် အကြောင်း အမျိုး မျိုးကြောင့် နှုတ်ထွက်သွားသူများကြောင့် သတင်းမီဒီယာကောင်စီတွင် အဖွဲ့ဝင် ၂ ဦးသာ ကျန်ရှိခဲ့သည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို သမ္မတ ဦးသိန်းစိန်လက်ထက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့သည် အစိုးရနှင့် သတင်းမီဒီယာလုပ်ငန်းများကြားညှိနှိုင်းအဖြေရှာကာ သတင်းသမားများ၏ ရပိုင်ခွင့် အခွင့်အရေးများ ကို ကာကွယ်ပေးသောအဖွဲ့အစည်းဖြစ်သည်။

 

Photo – MPC

 

#PeopleMedia #MPC

 

(unicode)

……………………………………………………..









Photo – MPC

#PeopleMedia #MPC


Share this post