• Follow Us on

Home ေဝဠဳေက်ာ္ ငါ့ကိုသတ္ေနၿပီဟု ေအာ္သံၾကား၍ ထၾကည့္ရာ သူခိုးတစ္ဦးျဖစ္ေန

ေဝဠဳေက်ာ္ ငါ့ကိုသတ္ေနၿပီဟု ေအာ္သံၾကား၍ ထၾကည့္ရာ သူခိုးတစ္ဦးျဖစ္ေန

Share this post

အင္းေတာ္ႀကီး၊ ဇူလိုင္ ၁၅

မိုးညွင္းခရိုင္၊ အင္းေတာ္ႀကီးေဒသ မမုန္ကိုင္ေက်း႐ြာတြင္ ေနအိမ္တစ္အိမ္တြင္ ယမန္ေန႕ညက သူခိုးတစ္ဦး ဝင္ေရာက္ခဲ့ၿပီး အိမ္ရွင္ျဖစ္သူ၏ လည္ပင္းအား ဓါးျဖင့္ လွီးသည့္ အမႈတစ္ခုျဖစ္ပြားခဲ့သည္။

အဆိုပါျဖစ္စဥ္သည္ ဇူလိုင္လ ၁၃ ရက္ ညသန္ေခါင္ယံပိုင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရၿပီး အိမ္ရွင္ ဦးသန္းေအာင္က ၎၏ ျမင္ေတြ႕ခဲ့ရပုံကို ယခုကဲ့သို႔ ေျပာျပသည္။

“ ေဝဠုေက်ာ္ ငါ့ကိုသတ္ေနၿပီလို႔ ဇနီးျဖစ္သူက ေအာ္လို႔ ထၾကည့္ေတာ့ လူတစ္ေယာက္ အိမ္ေနာက္ေဖး ၿခံစည္းရိုးကို ေက်ာ္ၿပီး ထြက္ေျပးသြားတာကို ေတြ႕လိုက္တယ္” ဟု ၎က ဆိုသည္။

အဆိုပါ ထြက္ေျပးသြားသူမွာ မမုန္ကိုင္ေက်း႐ြာေနထိုင္သူ ေဝသူေက်ာ္ (ခ) ေဝဠုေက်ာ္ ဆိုသူျဖစ္ၿပီး ၎သည္ ယင္းည သန္းေခါင္ယံ အခ်ိန္ခန႔္ တြင္ ဦးသန္းေအာင္ႏွင့္ ေဒၚလွဝင္းတို႔ ေနအိမ္တို႔ ဝင္ေရာက္ကာ ေသတၱာ တစ္လုံးအား ဖြင့္ေနစဥ္ ေဒၚလွဝင္းမွ ျမင္ေတြ႕ခဲ့ၿပီး ေဝသူေက်ာ္ ဟု ေအာ္ဟစ္ေခၚစဥ္ ေဝသူေက်ာ္က ေဒၚလွဝင္း၏ ရင္ဘတ္ကို ဒူးႏွင့္ေထာက္၊ ပါးစပ္ကို လက္ႏွင့္ပိတ္ကာ လည္ပင္းကို ဓါးႏွင့္လွီးခဲ့ေၾကာင္း၊ ေဒၚလွဝင္း၏ ခင္ပြန္းျဖစ္သူ ေရာက္ရွိလာသျဖင့္ အိမ္ေနာက္ေဖးၿခံစည္းရိုးကို ေက်ာ္ကာ ထြက္ေျပးသြားေၾကာင္း ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး လုံးတုံ နယ္ေျမ ရဲစခန္းသို႔ အမႈဖြင့္ တိုင္ၾကားထားေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါ ေဝဠုေက်ာ္(ခ) ေဝသူေက်ာ္၊ ၂၂ ႏွစ္၊ မမုန္ကိုင္ ေက်း႐ြာ၊ အင္းေတာ္ႀကီးေဒသ၊ မိုးညွင္းၿမိဳ႕နယ္ေနသူကို လုံးတုံနယ္ေျမ ရဲစခန္းက (ပ)၃၀ /၂၀၂၀ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၅၂/ ၃၂၄ အရ အမႈဖြင့္ အေရးယူ ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

ေနၾကာ

#PeopleMedia #အင်းတော်ကြီး

[Unicode]
ဝေဠုကျော် ငါ့ကိုသတ်နေပြီဟု အော်သံကြား၍ ထကြည့်ရာ သူခိုးတစ်ဦးဖြစ်နေ
………………………………………………………………………….

အင်းတော်ကြီး၊ ဇူလိုင် ၁၅

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာတွင် နေအိမ်တစ်အိမ်တွင် ယမန်နေ့ညက သူခိုးတစ်ဦး ဝင်ရောက်ခဲ့ပြီး အိမ်ရှင်ဖြစ်သူ၏ လည်ပင်းအား ဓါးဖြင့် လှီးသည့် အမှုတစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၁၃ ရက် ညသန်ခေါင်ယံပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရပြီး အိမ်ရှင် ဦးသန်းအောင်က ၎င်း၏ မြင်တွေ့ခဲ့ရပုံကို ယခုကဲ့သို့ ပြောပြသည်။

“ ဝေဠုကျော် ငါ့ကိုသတ်နေပြီလို့ ဇနီးဖြစ်သူက အော်လို့ ထကြည့်တော့ လူတစ်ယောက် အိမ်နောက်ဖေး ခြံစည်းရိုးကို ကျော်ပြီး ထွက်ပြေးသွားတာကို တွေ့လိုက်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ထွက်ပြေးသွားသူမှာ မမုန်ကိုင်ကျေးရွာနေထိုင်သူ ဝေသူကျော် (ခ) ဝေဠုကျော် ဆိုသူဖြစ်ပြီး ၎င်းသည် ယင်းည သန်းခေါင်ယံ အချိန်ခန့် တွင် ဦးသန်းအောင်နှင့် ဒေါ်လှဝင်းတို့ နေအိမ်တို့ ဝင်ရောက်ကာ သေတ္တာ တစ်လုံးအား ဖွင့်နေစဉ် ဒေါ်လှဝင်းမှ မြင်တွေ့ခဲ့ပြီး ဝေသူကျော် ဟု အော်ဟစ်ခေါ်စဉ် ဝေသူကျော်က ဒေါ်လှဝင်း၏ ရင်ဘတ်ကို ဒူးနှင့်ထောက်၊ ပါးစပ်ကို လက်နှင့်ပိတ်ကာ လည်ပင်းကို ဓါးနှင့်လှီးခဲ့ကြောင်း၊ ဒေါ်လှဝင်း၏ ခင်ပွန်းဖြစ်သူ ရောက်ရှိလာသဖြင့် အိမ်နောက်ဖေးခြံစည်းရိုးကို ကျော်ကာ ထွက်ပြေးသွားကြောင်း ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လုံးတုံ နယ်မြေ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဝေဠုကျော်(ခ) ဝေသူကျော်၊ ၂၂ နှစ်၊ မမုန်ကိုင် ကျေးရွာ၊ အင်းတော်ကြီးဒေသ၊ မိုးညှင်းမြို့နယ်နေသူကို လုံးတုံနယ်မြေ ရဲစခန်းက (ပ)၃၀ /၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၂/ ၃၂၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နေကြာ

#PeopleMedia #အင်းတော်ကြီး


Share this post