• Follow Us on

Home ေဝါၿမိဳ႕နယ္ အဗ်ားဘိုတဲေက်းရြာေကာ္မရွင္ဥကၠ႒မွ ႀကိဳတင္မဲပုံးအိမ္သို႔သယ္ေဆာင္သျဖင့္ ေရြးေကာ္သို႔ တိုင္ၾကားရာ အေရးယူ၍မရဟုဆို

ေဝါၿမိဳ႕နယ္ အဗ်ားဘိုတဲေက်းရြာေကာ္မရွင္ဥကၠ႒မွ ႀကိဳတင္မဲပုံးအိမ္သို႔သယ္ေဆာင္သျဖင့္ ေရြးေကာ္သို႔ တိုင္ၾကားရာ အေရးယူ၍မရဟုဆို

Share this post

ရန္ကုန္၊ နို၀င္ဘာ ၁၆

ေဝါၿမိဳ႕နယ္ အဗ်ားဘိုတဲေက်းရြာေကာ္မရွင္ဥကၠ႒မွ ႀကိဳတင္မဲပုံးအိမ္သို႔သယ္ေဆာင္သျဖင့္ ေရြးေကာ္သို႔ တိုင္ၾကားရာ အေရးယူ၍မရဟု ေဝါၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးစိုးလိႈင္မွ ေျပာသည္။

ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္၊ အဗ်ားဘိုတဲေက်းရြာအုပ္စုတြင္ ေအာက္တိုဘာ ၂၉ ရက္မွစ၍ ႀကိဳတင္မဲမ်ား ေကာက္ယူလ်က္ရွိရာ နို၀င္ဘာ ၂ ရက္ေန႔တြင္ ယင္းေက်းရြာေကာ္မရွင္ဥကၠ႒မွ မဲပုံးအား ေနအိမ္သို႔ ခိုးယူသြား ေၾကာင္း နို၀င္ဘာ ၁၁ ရက္ေန႔စြဲျဖင့္ မဲဆႏၵရွင္ျပည္သူျဖစ္သည့္ ဦးစိန္သိန္းမွ ခရိုင္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲသို႔ တိုင္ၾကားစာေပးပို႔ခဲ့သည္။

အဲဒါက ကိစၥၿပီးသြားၿပီ။ ေျဖရွင္းၿပီးသြားၿပီ။ သူစြပ္စြဲတာက ေက်းရြာေကာ္မရွင္ဥကၠ႒ကိုစြပ္စြဲတာ။ ေကာ္မရွင္ ဥကၠ႒ႀကီးက ညဘက္ႀကီး ဆိုင္ကယ္ႀကီးနဲ႔တင္ၿပီး သူ႔အိမ္ကိုယူသြားတယ္လို႔ စြပ္စြဲတာ။ ခိုးသြားတယ္လို႔ စြပ္စြဲ တာ။ အခုတို႔ကျပန္ရွင္းျပတာ။ ၿမိဳ႕နယ္ေကာ္မရွင္အားလုံး ဥကၠ႒အပါအ၀င္ေပါ့။ ေက်းရြာေကာ္မရွင္ဥကၠ႒သည္ ႀကိဳတင္မဲကိစၥနဲ႔ပတ္သက္ၿပီး သူ႔မွာလုံး၀တာ၀န္ရွိတယ္။ သူကလက္မွတ္ထိုးၿပီးထုတ္ယူရတာ။ တစ္ခုခုျဖစ္ရင္ သူ႔မွာတာ၀န္ပဲ။ သူ႔ကိုအေရးယူမွာ။ ၿပီးေတာ့ ၿမိဳ႕နယ္ေကာ္မရွင္က သူ႔ကိုမွာလိုက္တယ္။ ႀကိဳတင္မဲတာ၀န္ကို သူ႔ကိုေပးထားတယ္။ သူတာ၀န္ယူရတဲ့ဟာက်ေတာ့ ႀကိဳက္တဲ့ေနရာမွာသိမ္းလို႔လည္း မွာလိုက္တယ္။ သူ႔ဟာ သူ အိမ္မွာပဲသိမ္းသိမ္း၊ ညဘက္႐ုံးမွာပဲသိမ္းသိမ္း။ ႐ုံးမွာစိတ္မခ်ရင္ သူ႔အိမ္မွာသူယူသိမ္းမွာပဲေလ။ သိမ္းခြင့္ျပဳ တယ္။ အဓိက ဒီႀကိဳတင္မဲကိုမေပ်ာက္ပ်က္ဖို႔ပဲ။ အဲဒါကိုထင္ေယာင္ထင္မွားျဖစ္ၿပီး ခိုးပါတယ္ဆိုၿပီးတိုင္ေတာ့ တို႔ကဘယ္လိုမွ အေရးယူလို႔မရဘူးဟု ၎မွေျပာသည္။

ဆက္လက္ၿပီး အဆိုပါတိုင္ၾကားမႈႏွင့္ပတ္သက္ၿပီး နို၀င္ဘာ ၇ ရက္ေန႔တြင္ ၿမိဳ႕နယ္ေစ့စပ္ညႇိႏွိုင္းေရးေကာ္မတီမွ တိုင္ၾကား သူႏွင့္တိုင္ၾကားခံရသူ ႏွစ္ဦးႏွစ္ဖက္ကိုေခၚယူ၍ ညႇိႏွိုင္းမႈေဆာင္ရြက္ခဲ့ေသာ္လည္း ေျပလည္မႈမရရွိ ဘဲ တိုင္ၾကားသူမွအထက္သို႔ ဆက္လက္တိုင္ၾကားသြားမည္ဟု ေဖာ္ျပပါရွိသည္။

အလားတူ ေဝါၿမိဳ႕နယ္ေကာ္မရွင္ဥကၠ႒မွလည္း တိုင္ၾကားမႈမ်ားအားလုံး ၿပီးစီးသြားၿပီးျဖစ္ေၾကာင္း ဆက္လက္ အေရးယူမႈမ်ား ျပဳလုပ္၍မရေၾကာင္းလည္း ထပ္ေလာင္းေျပာဆိုခဲ့သည္။

#PeopleMedia

(unicode)
ဝေါမြို့နယ် အဗျားဘိုတဲကျေးရွာကော်မရှင်ဥက္ကဋ္ဌမှ ကြိုတင်မဲပုံးအိမ်သို့သယ်ဆောင်သဖြင့် ရွေးကော်သို့ တိုင်ကြားရာ အရေးယူ၍မရဟုဆို
………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ဝေါမြို့နယ် အဗျားဘိုတဲကျေးရွာကော်မရှင်ဥက္ကဋ္ဌမှ ကြိုတင်မဲပုံးအိမ်သို့သယ်ဆောင်သဖြင့် ရွေးကော်သို့ တိုင်ကြားရာ အရေးယူ၍မရဟု ဝေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးလှိုင်မှ ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအုပ်စုတွင် အောက်တိုဘာ ၂၉ ရက်မှစ၍ ကြိုတင်မဲများ ကောက်ယူလျက်ရှိရာ နိုဝင်ဘာ ၂ ရက်နေ့တွင် ယင်းကျေးရွာကော်မရှင်ဥက္ကဋ္ဌမှ မဲပုံးအား နေအိမ်သို့ ခိုးယူသွား ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် မဲဆန္ဒရှင်ပြည်သူဖြစ်သည့် ဦးစိန်သိန်းမှ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲသို့ တိုင်ကြားစာပေးပို့ခဲ့သည်။

အဲဒါက ကိစ္စပြီးသွားပြီ။ ဖြေရှင်းပြီးသွားပြီ။ သူစွပ်စွဲတာက ကျေးရွာကော်မရှင်ဥက္ကဋ္ဌကိုစွပ်စွဲတာ။ ကော်မရှင် ဥက္ကဋ္ဌကြီးက ညဘက်ကြီး ဆိုင်ကယ်ကြီးနဲ့တင်ပြီး သူ့အိမ်ကိုယူသွားတယ်လို့ စွပ်စွဲတာ။ ခိုးသွားတယ်လို့ စွပ်စွဲ တာ။ အခုတို့ကပြန်ရှင်းပြတာ။ မြို့နယ်ကော်မရှင်အားလုံး ဥက္ကဋ္ဌအပါအဝင်ပေါ့။ ကျေးရွာကော်မရှင်ဥက္ကဋ္ဌသည် ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး သူ့မှာလုံးဝတာဝန်ရှိတယ်။ သူကလက်မှတ်ထိုးပြီးထုတ်ယူရတာ။ တစ်ခုခုဖြစ်ရင် သူ့မှာတာဝန်ပဲ။ သူ့ကိုအရေးယူမှာ။ ပြီးတော့ မြို့နယ်ကော်မရှင်က သူ့ကိုမှာလိုက်တယ်။ ကြိုတင်မဲတာဝန်ကို သူ့ကိုပေးထားတယ်။ သူတာဝန်ယူရတဲ့ဟာကျတော့ ကြိုက်တဲ့နေရာမှာသိမ်းလို့လည်း မှာလိုက်တယ်။ သူ့ဟာ သူ အိမ်မှာပဲသိမ်းသိမ်း၊ ညဘက်ရုံးမှာပဲသိမ်းသိမ်း။ ရုံးမှာစိတ်မချရင် သူ့အိမ်မှာသူယူသိမ်းမှာပဲလေ။ သိမ်းခွင့်ပြု တယ်။ အဓိက ဒီကြိုတင်မဲကိုမပျောက်ပျက်ဖို့ပဲ။ အဲဒါကိုထင်ယောင်ထင်မှားဖြစ်ပြီး ခိုးပါတယ်ဆိုပြီးတိုင်တော့ တို့ကဘယ်လိုမှ အရေးယူလို့မရဘူးဟု ၎င်းမှပြောသည်။

ဆက်လက်ပြီး အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် မြို့နယ်စေ့စပ်ညှိနှိုင်းရေးကော်မတီမှ တိုင်ကြား သူနှင့်တိုင်ကြားခံရသူ နှစ်ဦးနှစ်ဖက်ကိုခေါ်ယူ၍ ညှိနှိုင်းမှုဆောင်ရွက်ခဲ့သော်လည်း ပြေလည်မှုမရရှိ ဘဲ တိုင်ကြားသူမှအထက်သို့ ဆက်လက်တိုင်ကြားသွားမည်ဟု ဖော်ပြပါရှိသည်။

အလားတူ ဝေါမြို့နယ်ကော်မရှင်ဥက္ကဋ္ဌမှလည်း တိုင်ကြားမှုများအားလုံး ပြီးစီးသွားပြီးဖြစ်ကြောင်း ဆက်လက် အရေးယူမှုများ ပြုလုပ်၍မရကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့သည်။

#PeopleMedia


Share this post