• Follow Us on
Latest News

Home ေဝးလံခက္ခဲေသာ ေခါင္လန္ဖူးၿမိဳ႕နယ္အတြက္ မဲ႐ုံသုံးပစၥည္းမ်ားကို တပ္မေတာ္ က ရဟတ္ယာဥ္ အသုံးျပဳကာပို႔ေဆာင္ေပးလ်က္ရွိ

ေဝးလံခက္ခဲေသာ ေခါင္လန္ဖူးၿမိဳ႕နယ္အတြက္ မဲ႐ုံသုံးပစၥည္းမ်ားကို တပ္မေတာ္ က ရဟတ္ယာဥ္ အသုံးျပဳကာပို႔ေဆာင္ေပးလ်က္ရွိ

Share this post

ပူတာအို၊ ေအာက္တိုဘာ ၁၈
ကခ်င္ျပည္နယ္၊ပူတာအိုခရိုင္အတြင္း ေဝးလံခက္ခဲေသာ ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ ၂၀၂၀ ျပည့္ႏွစ္ နို၀င္ဘာ(၈)ရက္ေန႔တြင္က်င္းပမည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲတြင္အသုံးျပဳရမည့္ မဲ႐ုံသုံး ပစၥည္းမ်ားကိုေအာက္တိုဘာ(၁၈)ရက္တြင္ ပူတာအိုၿမိဳ႕မွေခါင္လန္ဖူးၿမိဳ႕သို႔ တပ္မေတာ္က ရဟတ္ယာဥ္အသုံးျပဳ ကာ ပို႔ေဆာင္ေပးလ်က္ရွိသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ ရပ္ကြက္(၄)ရပ္ကြက္၊ေက်းရြာ အုပ္စု(၂၃)အုပ္စု၊မဲ႐ုံေပါင္း(၃၆)႐ုံႏွင့္ ဆႏၵမဲေပး ပိုင္ခြင့္ရွိသူေပါင္း(၈၅၆၀)ဦးတို႔ ဆႏၵမဲေပးနိုင္ေရးမဲ႐ုံသုံးပစၥည္းမ်ားအခ်ိန္မီျဖန႔္ေဝေပးနိုင္ရန္အတြက္ မဲ႐ုံသုံး ပစၥည္းေပါင္း(၂၅)မ်ိဳးအနက္ မဲပုံးမ်ား၊ မဲလက္မွတ္မ်ား၊ ႀကိဳတင္မဲစာအိတ္မ်ားႏွင့္မဲ႐ုံသုံးပစၥည္းမ်ားကို ပထမ အႀကိမ္အေနျဖင့္ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ၿပီး က်န္ရွိသည့္မဲ႐ုံသုံးပစၥည္းမ်ားကိုလည္း ဆက္လက္ပို႔ေဆာင္ေပး သြားမည္ျဖစ္သည္။
တပ္မေတာ္ က ရဟတ္ယာဥ္အသုံးျပဳကာ မဲ႐ုံသုံးပစၥည္းမ်ားအဆင္ေျပေခ်ာေမြ႕စြာေရာက္ရွိနိုင္ေရး အတြက္ တပ္မေတာ္သားမ်ားႏွင့္မီးသတ္တပ္ဖြဲ႕၀င္မ်ားက ကူညီေဆာင္ရြက္ေပးေနမႈမ်ားကို ပူတာအိုအေျခခ် စစ္ဗ်ဴဟာမႉး၊ခရိုင္အုပ္ခ်ဳပ္ေရးမႉး၊ခရိုင္ရဲတပ္ဖြဲ႕မႉး၊ခရိုင္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉးတို႔က ၾကည့္ရႈခဲ့သည္။
ဖုန္ကန္(ပူတာအို)
#PeopleMedia #UEC #ပူတာအို
(unicode)
ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများကို တပ်မတော် က ရဟတ်ယာဉ် အသုံးပြုကာပို့ဆောင်ပေးလျက်ရှိ
…………………………………………………
ပူတာအို၊ အောက်တိုဘာ ၁၈
ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုရမည့် မဲရုံသုံး ပစ္စည်းများကိုအောက်တိုဘာ(၁၈)ရက်တွင် ပူတာအိုမြို့မှခေါင်လန်ဖူးမြို့သို့ တပ်မတော်က ရဟတ်ယာဉ်အသုံးပြု ကာ ပို့ဆောင်ပေးလျက်ရှိသည်။
ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ကျေးရွာ အုပ်စု(၂၃)အုပ်စု၊မဲရုံပေါင်း(၃၆)ရုံနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူပေါင်း(၈၅၆၀)ဦးတို့ ဆန္ဒမဲပေးနိုင်ရေးမဲရုံသုံးပစ္စည်းများအချိန်မီဖြန့်ဝေပေးနိုင်ရန်အတွက် မဲရုံသုံး ပစ္စည်းပေါင်း(၂၅)မျိုးအနက် မဲပုံးများ၊ မဲလက်မှတ်များ၊ ကြိုတင်မဲစာအိတ်များနှင့်မဲရုံသုံးပစ္စည်းများကို ပထမ အကြိမ်အနေဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်မဲရုံသုံးပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်ပေး သွားမည်ဖြစ်သည်။
တပ်မတော် က ရဟတ်ယာဉ်အသုံးပြုကာ မဲရုံသုံးပစ္စည်းများအဆင်ပြေချောမွေ့စွာရောက်ရှိနိုင်ရေး အတွက် တပ်မတော်သားများနှင့်မီးသတ်တပ်ဖွဲ့၀င်များက ကူညီဆောင်ရွက်ပေးနေမှုများကို ပူတာအိုအခြေချ စစ်ဗျူဟာမှူး၊ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က ကြည့်ရှုခဲ့သည်။
ဖုန်ကန်(ပူတာအို)

Share this post