• Follow Us on

Home ေဝွခါေက်းရြာအုပ္စုအနီး ေက်ာက္စိမ္းလုပ္ကြက္တြင္လုပ္ႀကံသတ္ျဖတ္ခံရသည္ဟု ယူဆရသည့္ အမ်ိဳးသား အေလာင္းေတြ႕ရွိ

ေဝွခါေက်းရြာအုပ္စုအနီး ေက်ာက္စိမ္းလုပ္ကြက္တြင္လုပ္ႀကံသတ္ျဖတ္ခံရသည္ဟု ယူဆရသည့္ အမ်ိဳးသား အေလာင္းေတြ႕ရွိ

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၁၁ (People Media)

ကခ်င္ျပည္နယ္၊ မိုးညႇင္းခရိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ေဝွခါေက်းရြာအုပ္စုအနီးက ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ကြက္ ေရကန္တစ္ခု၌ ယေန႔ ( ဒီဇင္ဘာ ၁၁) ရက္ေန႔က လုပ္ႀကံသတ္ျဖတ္ခံရသည္ဟု ယူဆရသည့္ အမ်ိဳးသား တစ္ဦး၏ ႐ုပ္အေလာင္းတစ္ခု ေတြ႕ရွိထားေၾကာင္း ေဝွခါေက်းရြာ အုပ္ခ်ဳပ္ေရးအဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ တစ္သုံးလုံးကုမၸဏီ၊ ရတနာၾကယ္ ကုမၸဏီ၊ ဧရာရတနာကုမၸဏီမ်ား ၏ စုေပါင္းလုပ္ကြက္ ေရကန္တြင္ အေလာင္းတစ္ေလာင္းေပၚေနေၾကာင္း ေဝွခါေက်းရြာတာဝန္ခံ ဦးေက်ာ္မင္းမွ သတင္းေပး လာသျဖင့္ ဆိပ္မူေက်းရြာ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ေဝွခါေက်းရြာ တာဝန္ရွိသူမ်ားမွ သြား ေရာက္ၾကည့္ရႈ႔စစ္ေဆးခဲ့ရာ အမည္မသိ ေသဆုံးေနသည့္ ယင္းအမ်ိဳးသား အေလာင္းတစ္ေလာင္းကို ေတြ႕ရွိခဲ့ရသည္။

အဆိုပါ အမ်ိဳးသားအေလာင္းသည္ လက္ႏွစ္ဖက္ႏွင့္ ေျခေထာက္ႏွစ္ဖက္အား နိုင္လြန္ႀကိဳးျဖင့္ ခ်ည္ထားၿပီး ျပင္ပဒဏ္ရာ တစ္စုံတစ္ရာမရွိပဲ ေသဆုံးေနသည္ကို ေတြ႕ရွိရေၾကာင္း ေဝွခါေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕မွ သိရသည္။

ေသဆုံးေနသည့္ အမ်ိဳးသားႏွင့္အတူ ေရမေဆးရွာေဖြရာတြင္ အသုံးျပဳသည့္ အရွည္ေလးေပခန႔္ရွိ စိန္တူ တစ္လက္ကိုလည္း ေတြ႕ရွိရၿပီး ယင္းအမ်ိဳးသားအား ရဲေဆးစာႏွင့္အတူ ဖားကန႔္ျပည္သူ႔ေဆး႐ုံသို႔ပို႔ ေဆာင္ထားေၾကာင္း သိရသည္။

လြမ္းေအာင္

#PeopleMedia

(unicode)
ဝှေခါကျေးရွာအုပ်စုအနီး ကျောက်စိမ်းလုပ်ကွက်တွင်လုပ်ကြံသတ်ဖြတ်ခံရသည်ဟု ယူဆရသည့် အမျိုးသား အလောင်းတွေ့ရှိ
………………………………………………

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၁ (People Media)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအုပ်စုအနီးက ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက် ရေကန်တစ်ခု၌ ယနေ့ ( ဒီဇင်ဘာ ၁၁) ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံရသည်ဟု ယူဆရသည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းတစ်ခု တွေ့ရှိထားကြောင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ တစ်သုံးလုံးကုမ္ပဏီ၊ ရတနာကြယ် ကုမ္ပဏီ၊ ဧရာရတနာကုမ္ပဏီများ ၏ စုပေါင်းလုပ်ကွက် ရေကန်တွင် အလောင်းတစ်လောင်းပေါ်နေကြောင်း ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းမှ သတင်းပေး လာသဖြင့် ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဝှေခါကျေးရွာ တာဝန်ရှိသူများမှ သွား ရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ အမည်မသိ သေဆုံးနေသည့် ယင်းအမျိုးသား အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရသည်။

အဆိုပါ အမျိုးသားအလောင်းသည် လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်အား နိုင်လွန်ကြိုးဖြင့် ချည်ထားပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိပဲ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဝှေခါကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

သေဆုံးနေသည့် အမျိုးသားနှင့်အတူ ရေမဆေးရှာဖွေရာတွင် အသုံးပြုသည့် အရှည်လေးပေခန့်ရှိ စိန်တူ တစ်လက်ကိုလည်း တွေ့ရှိရပြီး ယင်းအမျိုးသားအား ရဲဆေးစာနှင့်အတူ ဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ထားကြောင်း သိရသည်။

လွမ်းအောင်

#PeopleMedia


Share this post