• Follow Us on

Home သေဆုံးသူများလာသည့်အတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် သုဿန်များတွင်သာ သဂြိုဟ်မှုပြုလုပ်ရန် စည်ပင်သာယာရေးကော်မတီ ထုတ်ပြန်

သေဆုံးသူများလာသည့်အတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် သုဿန်များတွင်သာ သဂြိုဟ်မှုပြုလုပ်ရန် စည်ပင်သာယာရေးကော်မတီ ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇူလိုင် – ၁၅ (People Media)

 

ရန်ကုန်မြို့တွင် သေဆုံးသူဦးရေ များလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အလိုက် သက်ဆိုင်ရာ သုဿန်များတွင်သာ ခွဲ၍ သဂြိုဟ်မှုပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ဇူလိုင်လ ၁၄ ရက်ပါ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးရှိ သုဿန်များဖြစ်သည် မြောက်ဥက္ကလာပမြို့နယ်ရှိ (ရေဝေးသုဿန်)၊ လှိုင်သာယာ မြို့နယ်ရှိ (ထိန်ပင်သုဿန်)၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ (ကျီစု သုဿန်)၊ ရွှေပြည်သာမြို့နယ်ရှိ (ကျူချောင် သုဿန်) စသည့် သုဿန်များတွင် သေဆုံးသူများကို မြို့နယ်များအလိုက် သဂြိုဟ်မှုပြုလုပ် ရန်အတွက် ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် သေဆုံးသူဦးရေ များလာတဲ့အတွက် သဂြိုဟ်မှုပြုလုပ်ရာတွင် အခက်အခဲ အမြောက်အများ ဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ သေဆုံးသူများလာသည့်အတွက် အထက်ပါထုတ်ပြန်ချက်အား ထုတ် ပြန်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ဇူလိုင်လ ၁၄ ရက်နေ့အထိ သေဆုံးမှုအမြောက်အများရှိခဲ့ပြီး သဂြိုဟ်မှုပြုလုပ်ရာ တွင်လည်း ည ၈ နာရီအထိ သဂြိုဟ်စက်များကို လည်ပတ်လျက်ရှိကြောင်း လူမှုကွန်ယက်များတွင် ရုပ်သံမှတ် တမ်းများနှင့် ဓာတ်ပုံများထွက်ပေါ်နေလျက်ရှိပါတယ်။

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post