• Follow Us on

Home သေဆုံးသွားပြီဟု သတင်းထွက်ပေါ်ခဲ့သည့် အယ်ကိုင်ဒါခေါင်းဆောင် 9/11 အထိမ်းအမှတ်ဗီဒီယိုတွင် ပြန် လည် ပေါ်ပေါက်လာ

သေဆုံးသွားပြီဟု သတင်းထွက်ပေါ်ခဲ့သည့် အယ်ကိုင်ဒါခေါင်းဆောင် 9/11 အထိမ်းအမှတ်ဗီဒီယိုတွင် ပြန် လည် ပေါ်ပေါက်လာ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃ (People Media)

 

အယ်ကိုင်ဒါခေါင်းဆောင် အေမန်အယ်ဇာဝါရီ သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီး လပေါင်းများစွာ အ ကြာ စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်မှု နှစ်ပတ်လည်နေ့က ဗီဒီယိုဖိုင်တစ်ခုတွင် အေမန်အယ်ဇာဝါရီ ပြန် လည်ပေါ်ထွက်လာခဲ့ကြောင်းသိရသည်။

 

အဆိုပါဗီဒီယိုဖိုင်ကို စနေနေ့ကထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ဂျီဟတ်ဝါဒီများကို စောင့်ကြည့်နေသည့် အွန်လိုင်း စောင့်ကြည့်ထောက်လှမ်းသည့်အုပ်စုက ပြောသည်။ ဗီဒီယိုဖိုင်ထဲတွင် “ဂျေရုဆလမ်m ဘယ်တော့မှ ဂျူးဝါဒီ တွေလက်အောက်ကို ကျရောက်မှာမဟုတ်ဘူး။” ဟု အယ်ဇာဝါရီက ပြောဆိုရင်း ဇန်နဝါရီလအတွင်းက ဆီးရီး ယားနိုင်ငံတွင် ရုရှားတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် တိုက်ခိုက်မှုအပါအဝင် အယ်ကိုင်ဒါများ၏ တိုက်ခိုက်မှုများကို ချီးကျူးပြောဆိုလိုက်သည်။

 

နှစ်ပေါင်း ၂၀ ကြာပြီးနောက် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များဆုတ်ခွာသွားမှာကို အသိအမှတ်ပြုကြောင်း အယ်ဇာဝါရီကပြောဆိုသော်လည်း တာလီဘန်များ အာဖဂန်နစ္စတန်မြို့တော်ကဘူးမြို့ကိုသိမ်းပိုက်ခြင်းနှင့် ပတ် သက်၍ မည်သည့်မှတ်ချက်မှပြောကြားခြင်းမရှိကြောင်း အွန်လိုင်း စောင့်ကြည့်ထောက်လှမ်းသည့်အုပ်စုက ပြောသည်။

 

၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းကာလတွင် အယ်ဇာဝါရီ ဖျားနာ၍ သေဆုံးသွားကြောင်း ကောလာဟလများ ပျံ့နှံ့ခဲ့ သည်။ ယင်းအချိန်မှစ၍ ယခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့အထိ အယ်ဇာဝါရီ၏ ဗီဒီယိုဖိုင်များထွက်ပေါ်လာ ခြင်းမရှိပေ။  “ဒီဗီဒီယိုဖိုင်သာ ထွက်မလာဘူးဆိုရင် အယ်ဇာဝါရီ သေပြီလို့ ယူဆကြမှာပဲ။” ဟု အွန်လိုင်းစောင့် ကြည့်ထောက်လှမ်းသည့်အုပ်စုခေါင်းဆောင် Rita Katz ကပြောသည်။ အယ်ဇာဝါရီ၏ ဗီဒီယိုဖိုင်မှာ ၆၁ မိနစ် ၃၇ စက္ကန့်ကြာမြင့်ကြောင်းသိရသည်။

 

လတ်တလောနှစ်များတွင် အယ်ကိုင်ဒါအဖွဲ့သည် ဂျီဟတ်ဝါဒလမ်းကြောင်းတွင် ၎င်း၏ပြိုင်ဘက်ဖြစ်သော အိုင် အက်စ်အဖွဲ့၏ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်နေရသည်။ အိုင်အက်စ်အဖွဲ့သည် ၂၀၁၄ ခုနှစ်တွင် အီရတ်နှင့် ဆီးရီးယား တွင် နယ်မြေအများအပြားသိမ်းပိုက်ပြီးတောက် ၎င်းအဖွဲ့၏ထင်ပေါ်ကျော်ကြားမှုမှာ မြင့်တက်လာခဲ့သည်။ ၎င်း တို့သိမ်းပိုက်ခဲ့သောနယ်မြေများကို မူဆလင်ပိုင်နယ်မြေများအဖြစ် ကြေညာခဲ့ပြီး ဒေသတွင်း အိုင်အက်စ်ဆက် စပ်အဖွဲ့များကို နိုင်ငံများစွာ၌ တိုးချဲ့ဖွဲ့ခဲ့သည်။

 

အိုင်အက်စ်စစ်သွေးကြွများအနေဖြင့် ရဲဝံံ့တက်ကြွစွာတိုက်ခိုက်ခဲ့ကြသော်လည်း အိုင်အစ်အဖွ့ဲ၏ မူဆလင်နယ် မြေများမှာ အီရတ်နှင့်ဆီးရီးယားတို့တွင် ပြိုကွဲခဲ့သည်။ အိုင်အက်စ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော အဘူ ဘတ်က်အယ်ဘဂဒါဒီမှာ ၂၀၁၉ ခုနှစ်အောက်တိုဘာလအတွင်း ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အမေ ရိကန်တပ်ဖွဲ့ဝင်များ၏ စီးနင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့သည်။

 

အီဂျစ်လူမျိုးတစ်ဦးဖြစ်သော အယ်ဇာဝါရီသည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်နေဗီဆီးလ်တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်၍ အိုစမာဘင်လာဒင်သေဆုံးပြီးနောက် အယ်ကိုင်ဒါအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ သည်။

 

Ref: Al-Qaida Chief Appears in 9/11 Video amid Rumors He Is Dead

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Al-Qaida Chief Appears in 9/11 Video amid Rumors He Is Dead

 

#PeopleMedia


Share this post