• Follow Us on

Home ေသသူကအစ္ကို၊ ႐ိုက္သတ္သူက လင္ေယာကၤ်ား၊ တရားလိုက ဇနီးမ ယား

ေသသူကအစ္ကို၊ ႐ိုက္သတ္သူက လင္ေယာကၤ်ား၊ တရားလိုက ဇနီးမ ယား

Share this post

ဟုမၼလင္း၊ ဇူလိုင္ ၁၆

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၲီးခ႐ိုင္၊ ဟုမၼလင္းၿမိဳ႕နယ္၊ မိုင္းကိုင္း‌ေက်းရြာအုပ္စု၊ ႀကိဳ႕ပင္ဘုရားကုန္းေက်းရြာရွိ ဖားတခုန္ေရႊေမွာ္၌ သမီးေယာက္ဖစကားမ်ားရာမွ လူသတ္မႈျဖစ္ပြားေၾကာင္းသိရသည္။

ဇူလိုင္လ ၁၄ ရက္ ညဦးပိုင္း ၉ နာရီေက်ာ္တြင္ တရားလိုအမ်ိဳးသမီးႏွင့္ သူ၏ခင္ပြန္း ေနအိမ္၌အတူရွိေနစဥ္ အမ်ိဳးသမီး၏ အစ္ကိုျဖစ္သူ ေရာက္ရွိလာကာ သမီးေယာက္ဖစကားမ်ားခဲ့ၾကသည္ဟုဆိုသည္။

အစ္ကိုျဖစ္သူမွာ အရက္ေသာက္ထားသျဖင့္ စကားမ်ားရန္ျဖစ္ၾကျခင္းျဖစ္ၿပီး ခင္ပြန္းသည္မွ အစ္ကိုျဖစ္သူကိုလက္သီးျဖင့္ စတင္ထိုးႀကိတ္ခဲ့သည္။

ထို႔ေနာက္ အကိုျဖစ္သူမွ “လူမိုက္ဆိုတာ အဲ့လိုမလုပ္ရဘူး၊ ဒီလိုလုပ္ရတယ္” ဟုေျပာကာ ၎၏ဦးေခါင္းအား အနီးအနားရွိ (၃×၂)သစ္သားေခ်ာင္းျဖင့္ ကိုယ္တိုင္႐ိုက္ခဲ့သည္။ ခင္ပြန္းျဖစ္သူမွလည္း(၂×၁)သစ္သားေခ်ာင္းျဖင့္ ထပ္မံ႐ိုက္ေသာေၾကာင့္ အကိုျဖစ္သူလဲက်သြားသည္” ဟု တရားလုိအမ်ိဳးသမီးကေျပာသည္ ။

ဒါဏ္ရာရသူအား နမ့္ေတာတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ရာ ရရွိဒါဏ္ရာႏွင့္ ေသဆုံးသြားသည္ဟုသိရသည္။

အဆိုပါအမႈအား (ပ)၃၀/၂၀၂၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္ ရဲအုပ္သိန္းထိုက္ မိုင္းကိုင္းနယ္ေျမရဲစခန္းမွဴးမွ အမႈ အားစစ္ေဆးၿပီး ဇနီးျဖစ္သူမွ တရားလိုျပဳလုပ္ကာ အမႈဖြင့္အေရးယူေဆာင္ရြက္ထားသည္ဟုသိရသည္ ။

ေက်ာ္စိုး(နမ့္ေတာ)

#PeopleMedia #ဟုမၼလင္း

(unicode)
သေသူကအစ်ကို၊ ရိုက်သတ်သူက လင်ယောင်္ကျား၊ တရားလိုက ဇနီးမ ယား
………………………………………………….

ဟုမ္မလင်း၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်း‌ကျေးရွာအုပ်စု၊ ကြို့ပင်ဘုရားကုန်းကျေးရွာရှိ ဖားတခုန်ရွှေမှော်၌ သမီးယောက်ဖစကားများရာမှ လူသတ်မှုဖြစ်ပွားကြောင်းသိရသည်။

ဇူလိုင်လ ၁၄ ရက် ညဦးပိုင်း ၉ နာရီကျော်တွင် တရားလိုအမျိုးသမီးနှင့် သူ၏ခင်ပွန်း နေအိမ်၌အတူရှိနေစဉ် အမျိုးသမီး၏ အစ်ကိုဖြစ်သူ ရောက်ရှိလာကာ သမီးယောက်ဖစကားများခဲ့ကြသည်ဟုဆိုသည်။

အစ်ကိုဖြစ်သူမှာ အရက်သောက်ထားသဖြင့် စကားများရန်ဖြစ်ကြခြင်းဖြစ်ပြီး ခင်ပွန်းသည်မှ အစ်ကိုဖြစ်သူကိုလက်သီးဖြင့် စတင်ထိုးကြိတ်ခဲ့သည်။

ထို့နောက် အကိုဖြစ်သူမှ “လူမိုက်ဆိုတာ အဲ့လိုမလုပ်ရဘူး၊ ဒီလိုလုပ်ရတယ်” ဟုပြောကာ ၎င်း၏ဦးခေါင်းအား အနီးအနားရှိ (၃×၂)သစ်သားချောင်းဖြင့် ကိုယ်တိုင်ရိုက်ခဲ့သည်။ ခင်ပွန်းဖြစ်သူမှလည်း(၂×၁)သစ်သားချောင်းဖြင့် ထပ်မံရိုက်သောကြောင့် အကိုဖြစ်သူလဲကျသွားသည်” ဟု တရားလိုအမျိုးသမီးကပြောသည် ။

ဒါဏ်ရာရသူအား နမ့်တောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ရာ ရရှိဒါဏ်ရာနှင့် သေဆုံးသွားသည်ဟုသိရသည်။

အဆိုပါအမှုအား (ပ)၃၀/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ရဲအုပ်သိန်းထိုက် မိုင်းကိုင်းနယ်မြေရဲစခန်းမှူးမှ အမှု အားစစ်ဆေးပြီး ဇနီးဖြစ်သူမှ တရားလိုပြုလုပ်ကာ အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟုသိရသည် ။

ကျော်စိုး(နမ့်တော)

#PeopleMedia #ဟုမ္မလင်း


Share this post