• Follow Us on

Home ဟေတီနိုင်ငံသမ္မတ လုပ်ကြံသတ်ဖြတ်မှု၌ သံသယရှိသူ ကိုလံဘီယာနိုင်ငံသားအား အမေရိကန်နိုင်ငံသို့ ပနား မားနိုင်ငံက လွှဲပြောင်းပေး

ဟေတီနိုင်ငံသမ္မတ လုပ်ကြံသတ်ဖြတ်မှု၌ သံသယရှိသူ ကိုလံဘီယာနိုင်ငံသားအား အမေရိကန်နိုင်ငံသို့ ပနား မားနိုင်ငံက လွှဲပြောင်းပေး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅ (People Media)

 

ဟေတီနိုင်ငံ၊ ပို့တ်အော်ပရင့်စ်မြို့၌ သမ္မတ ဂျိုဗီနယ်မော်စီအား ဇူလိုင် ၇ ရက် လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင် ပတ်သတ်သည့် ကိုလံဘီယာစစ်တပ်အရာရှိဟောင်းတစ်ဦးကို အမေရိကန်နိုင်ငံ တာဝန်ရှိသူများထံသို့ ပနား မားနိုင်ငံ တာဝန်ရှိသူများက ဇန်နဝါရီ ၄ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း ပနားမားအမျိုးသားလူဝင်မှုကြီးကြပ် ရေးဌာနထံမှ သိရသည်။

 

ကိုလံဘီယာစစ်တပ်အရာရှိဟောင်း Mario Antonio Palacios သည် ဂျမေကာနိုင်ငံမှ ကိုလံဘီယာနိုင်ငံသို့ ၎င်း၏ ပြည်နှင်ဒဏ်ပေးခံရသည့်ခရီးစဉ်အတွင်း ပနားမားစီးတီးမြို့ရှိ Tocumen နိုင်ငံတကာလေဆိပ်၌ ခရီး တစ်ထောက် ရပ်နားစဉ် ဇန်နဝါရီ ၃ ရက် ညပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။

 

၎င်းအားဖမ်းဆီးမှုသည် အမေရိကန်၏ တောင်းဆိုချက်အရ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်) ဖမ်းဝရမ်း တစ်ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါသံသယရှိသူသည် ပနားမားသို့ ရောက်လာချိန်တွင် အမေရိကန်နိုင်ငံသို့ ပို့ဆောင်ရန် တာဝန်ရှိသူများ ထံတွင် လိုလိုလားလား အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

 

ကိုလံဘီယာစစ်တပ်အရာရှိဟောင်း Mario Antonio Palacios သည် ဂျမေကာနိုင်ငံ၌ အောက်တိုဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး ၎င်းသည် ဒိုမီနီကန်သမ္မတနိုင်ငံမှ တရားမဝင် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

(Xinhua)

 



Share this post