• Follow Us on

Home ေဟာင္ပါးေက်း႐ြာတြင္ အမ်ိဳးသမီးတစ္ဦးအား ႀကိဳးျဖင့္တုပ္ေႏွာင္၍ အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္

ေဟာင္ပါးေက်း႐ြာတြင္ အမ်ိဳးသမီးတစ္ဦးအား ႀကိဳးျဖင့္တုပ္ေႏွာင္၍ အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္

Share this post

ဖားကန႔္၊ ဇြန္ ၂

ဖားကန႔္ၿမိဳ႕နယ္၊ ေဟာင္ပါးေက်း႐ြာ၊ စကားဝါရပ္ကြက္ရွိ ေနအိမ္တစ္ခု၏ အိပ္ခန္းအတြင္း အိပ္ေပ်ာ္ေနသည့္ အသက္(၃၇)ႏွစ္ အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးအား အလိုမတူပဲ သားမယားအျဖစ္ျပဳက်င့္သည့္ ျဖစ္စဥ္တစ္ခု ေပၚေပါက္ခဲ့ေၾကာင္း တာမခန္ နယ္ေျမ ရဲစခန္းမွ သိရသည္။

ယင္းအမႈအား သက္ဆိုင္ရာ၏ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ယမန္ေန႕ ဇြန္လ(၁)ရက္၊ ည (၁၁း၃၀) အခ်ိန္ခန႔္က အဆိုပါ အမ်ိဳးသမီးသည္ ေနအိမ္ အိပ္ခန္းအတြင္း တစ္ဦးတည္း အိပ္ေပ်ာ္ေနစဥ္ ေျခေထာက္ဆန႔္လိုက္ရာ လူတစ္ဦးအား ထိမိေၾကာင္း၊ အဆိုပါ ျခင္ေထာင္အတြင္း ေရာက္ရွိေနသူမွ သူမ၏ ပါးစပ္အား ပုဆိုးႏွင့္ပိတ္၊ လက္အားႀကိဳးျဖင့္ တုပ္ေႏွာင္ကာ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း မွတ္တမ္းမ်ား အရ သိရသည္။

အဆိုပါ အလိုမတူပဲ သားမယားအျဖစ္ျပဳက်င့္သူမွာ တစ္႐ြာတည္းေန ကိုဟိန္းမင္းစိုး၊ (၂၃)ႏွစ္ျဖစ္ၿပီး ၎အား ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ အေရးယူရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း တာမခန္နယ္ေျမ ရဲစခန္းမွ သိရသည္။

ေနာင္ရိုး

#PeopleMedia

[Unicode]
ဟောင်ပါးကျေးရွာတွင် အမျိုးသမီးတစ်ဦးအား ကြိုးဖြင့်တုပ်နှောင်၍ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်
…………………………………………………………………………….

ဖားကန့်၊ ဇွန် ၂

ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ စကားဝါရပ်ကွက်ရှိ နေအိမ်တစ်ခု၏ အိပ်ခန်းအတွင်း အိပ်ပျော်နေသည့် အသက်(၃၇)နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးအား အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း တာမခန် နယ်မြေ ရဲစခန်းမှ သိရသည်။

ယင်းအမှုအား သက်ဆိုင်ရာ၏ စစ်ဆေးဖော်ထုတ်ချက်အရ ယမန်နေ့ ဇွန်လ(၁)ရက်၊ ည (၁၁း၃၀) အချိန်ခန့်က အဆိုပါ အမျိုးသမီးသည် နေအိမ် အိပ်ခန်းအတွင်း တစ်ဦးတည်း အိပ်ပျော်နေစဉ် ခြေထောက်ဆန့်လိုက်ရာ လူတစ်ဦးအား ထိမိကြောင်း၊ အဆိုပါ ခြင်ထောင်အတွင်း ရောက်ရှိနေသူမှ သူမ၏ ပါးစပ်အား ပုဆိုးနှင့်ပိတ်၊ လက်အားကြိုးဖြင့် တုပ်နှောင်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။

အဆိုပါ အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သူမှာ တစ်ရွာတည်းနေ ကိုဟိန်းမင်းစိုး၊ (၂၃)နှစ်ဖြစ်ပြီး ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း တာမခန်နယ်မြေ ရဲစခန်းမှ သိရသည်။

နောင်ရိုး

#PeopleMedia


Share this post