• Follow Us on

Home ဟောင်ကောင်တက္ကသိုလ်ရှေ့တွင် စိုက်ထူထားသည့် ဒီမိုကရေစီတောင်းဆိုမှုအရေးအခင်း ဂုဏ်ပြုရုပ်ထုကို အာ ဏာပိုင်တွေ ဖယ်ရှား

ဟောင်ကောင်တက္ကသိုလ်ရှေ့တွင် စိုက်ထူထားသည့် ဒီမိုကရေစီတောင်းဆိုမှုအရေးအခင်း ဂုဏ်ပြုရုပ်ထုကို အာ ဏာပိုင်တွေ ဖယ်ရှား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃ (People Media)

 

ဟောင်ကောင်တက္ကသိုလ်ရှေ့တွင် စိုက်ထူထားသည့် ဒီမိုကရေစီတောင်းဆိုမှုအရေးအခင်း ဂုဏ်ပြုရုပ်ထု Pillar of Shame ကို ကြာသပတေးနေ့ သန်းခေါင်ယံအချိန်ခန့်တွင် ဖယ်ရှားခံလိုက်ရသည်။

 

ရှစ်မီတာမြင့်သော Pillar of Shame ပန်းပုရုပ်တုသည် ပေကျင်းရှိ ဒီမိုကရေစီလိုလားသော ကောလိပ်ကျောင်း သား ဆန္ဒပြသူများကို ၁၉၈၉ ခုနှစ်တွင် စစ်တပ်က နှိမ်နင်းမှုအတွင်း သွေးထွက်သံယို အသက်ဆုံးရှုံးခဲ့ရသည့်  သင်္ကေတဖြစ်သည်။

 

အဆိုပါရုပ်တုသည် ၁၉၉၇ ခုနှစ်တွင် ဒိန်းမတ်အနုပညာရှင် Jens Galschiøt မှ ဖန်တီးခဲ့သော လက်ရာများထဲမှ တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ တည်ရှိခဲ့သည်။

 

သို့သော် ကြာသပတေးနေ့ သန်းခေါင်ယံအချိန်ခန့်တွင် ရုပ်တုတစ်ဝိုက်တွင် အဝါရောင်ဆောက်လုပ်ရေးအတား အဆီးများကို စိုက်ထူထားပြီး အမှောင်ထုအောက်တွင် ပန်းပုရုပ်ထုကို တိတ်တဆိတ် အာဏာပိုင်များက ဖယ် ရှားခဲ့ခြင်းဖြစ်သည်။

 

အလုပ်သမားများက ရုပ်တုအား အကာအကွယ်များဖြင့် ထုပ်ပိုးထားပြီး ကွဲပြားသော အပိုင်းနှစ်ပိုင်းဖြင့် ကရိန်း ပေါ်တွင် တင်ဆောင်ကာ ကျောင်းဝင်းအတွင်းမှ ဖယ်ရှားခဲ့သော လုပ်ငန်းစဉ်အတွင်း ရိုက်ကူးထားသော ဓာတ်ပုံ များ ထွက်ပေါ်လာခဲ့သည်။

 

အဆိုပါ ပန်းပုရုပ်တုကို သိမ်းဆည်းထားရှိမည်ဖြစ်ကြောင်း တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကောင်စီမှ (HKU Council) မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မည်သည့်နေရာတွင် သိမ်းဆည်းထားမည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

 

အဆိုပါရုပ်တု၏နေရာတွင် ကွက်လပ်ဖြစ်နေပြီး ကျောင်းဝင်းအတွင်း ကျောင်းသားများက ငိုယိုနေသည်ကို ကြာသပတေးနေ့ နံနက်ပိုင်းက မြင်တွေ့ခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

 

၁၉၈၉ ခုနှစ် တီယန်နန်မင် ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အထိမ်းအမှတ် ဟောင်ကောင် တက္ကသိုလ်ရှိ အထိမ်းအမှတ်ရုပ်တုကို ဒိန်းမတ်အနုပညာရှင် Jens Galschiøt ကန့်ကွက်သည့်ကြားမှ ကြာသပတေးနေ့ အစောပိုင်းတွင် အာဏာပိုင်များက ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

 

ဝလုံး(EPN)

 

ကိုးကား  – Cnn/ Aljazeera

 

Ref; Hong Kong’s famous Tiananmen Square ‘Pillar of Shame’ statue removed from university

 

#PeopleMedia #EPN

 

(unicode)


………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref; Hong Kong’s famous Tiananmen Square ‘Pillar of Shame’ statue removed from university

 

#PeopleMedia #EPN


Share this post