• Follow Us on

Home ေဟာင္ေကာင္တြင္ COVID-19 ပထမဆုံးျပန္လည္ကူးစက္မႈေတြ႕ရွိ

ေဟာင္ေကာင္တြင္ COVID-19 ပထမဆုံးျပန္လည္ကူးစက္မႈေတြ႕ရွိ

Share this post

ေဟာင္ေကာင္၊ ဩဂုတ္ ၂၅

၄ လခြဲအၾကာတြင္ COVID-19 ျပန္လည္ကူးစက္သည့္လူနာတစ္ေယာက္ကို ေတြ႕ရွိေၾကာင္း ေဟာင္ေကာင္တကၠသိုလ္မွ သုေတသီမ်ားက တနလၤာေန႔တြင္ေျပာသည္။

ျပန္ကူးစက္သူရွိျခင္းသည္ ကမာၻတဝန္းတြင္ ေသဆုံးသူ ၈ သိန္းေက်ာ္ရွိေနသည့္ ေရာဂါဒဏ္ခံႏိုင္ရည္ရွိသူမ်ားရွိေနေသာ္လည္း လူအမ်ားၾကားတြင္ ဆက္လက္ပ်ံ႕ႏွံ႔ေနဦးမည္ဟု ဆိုလိုသည္။

အသက္ ၃၃ ႏွစ္အ႐ြယ္အမ်ိဳးသားသည္ ဧၿပီတြင္ ေရာဂါေပ်ာက္ကင္းသျဖင့္ ေဟာင္ေကာင္ေဆး႐ုံမွဆင္းခဲ့ၿပီး ဩဂုတ္ ၁၅ ရက္တြင္ စပိန္မွတစ္ဆင့္ ၿဗိတိန္မွေဟာင္ေကာင္ျပန္ေရာက္ခ်ိန္တြင္ ထပ္မံကူးစက္ထားေၾကာင္း ေတြ႕ရွိရျခင္းျဖစ္သည္။

ႏိုင္ငံတကာေဆးပညာဂ်ာနယ္ Clinical Infectious Diseases တြင္ေဖာ္ျပထားသည့္ ေဟာင္ေကာင္သုေတသီမ်ား၏စာတြင္ ထိုလူနာသည္ ယခင္က က်န္းမာပုံရေၾကာင္းလည္း ပါဝင္သည္။

ယခင္ကူးစက္ခဲ့သည့္ဗိုင္းရပ္စ္ႏွင့္ ယခုကူးစက္သည့္ဗိုင္းရပ္စ္ မ်ိဳးကြဲမတူဘဲ ယခုတစ္ႀကိမ္ကူးစက္ရာတြင္ ေရာဂါလကၡဏာ မျပေၾကာင္းလည္း ပါဝင္သည္။

ေဟာင္ေကာင္ျဖစ္ရပ္ကိုတံု႔ျပန္ရာတြင္ ေကာက္ခ်က္တစံုတရာခ်ရန္ မလိုအပ္ေသးဟု ကမာၻ႔က်န္းမာေရးအဖြဲ႔(WHO) ေရာဂါ ေဗဒပညာ႐ွင္ မာရီယာ ဗန္ ကာခို႔ဗ္က တနလၤာေန႔တြင္ေျပာသည္။

Ref : Hong Kong researchers report first documented COVID-19 reinfection

#PeopleMedia

(unicode)
ဟောင်ကောင်တွင် COVID-19 ပထမဆုံးပြန်လည်ကူးစက်မှုတွေ့ရှိ
………………………………………………

ဟောင်ကောင်၊ ဩဂုတ် ၂၅

၄ လခွဲအကြာတွင် COVID-19 ပြန်လည်ကူးစက်သည့်လူနာတစ်ယောက်ကို တွေ့ရှိကြောင်း ဟောင်ကောင်တက္ကသိုလ်မှ သုတေသီများက တနင်္လာနေ့တွင်ပြောသည်။

ပြန်ကူးစက်သူရှိခြင်းသည် ကမ္ဘာတဝန်းတွင် သေဆုံးသူ ၈ သိန်းကျော်ရှိနေသည့် ရောဂါဒဏ်ခံနိုင်ရည်ရှိသူများရှိနေသော်လည်း လူအများကြားတွင် ဆက်လက်ပျံ့နှံ့နေဦးမည်ဟု ဆိုလိုသည်။

အသက် ၃၃ နှစ်အရွယ်အမျိုးသားသည် ဧပြီတွင် ရောဂါပျောက်ကင်းသဖြင့် ဟောင်ကောင်ဆေးရုံမှဆင်းခဲ့ပြီး ဩဂုတ် ၁၅ ရက်တွင် စပိန်မှတစ်ဆင့် ဗြိတိန်မှဟောင်ကောင်ပြန်ရောက်ချိန်တွင် ထပ်မံကူးစက်ထားကြောင်း တွေ့ရှိရခြင်းဖြစ်သည်။

နိုင်ငံတကာဆေးပညာဂျာနယ် Clinical Infectious Diseases တွင်ဖော်ပြထားသည့် ဟောင်ကောင်သုတေသီများ၏စာတွင် ထိုလူနာသည် ယခင်က ကျန်းမာပုံရကြောင်းလည်း ပါဝင်သည်။

ယခင်ကူးစက်ခဲ့သည့်ဗိုင်းရပ်စ်နှင့် ယခုကူးစက်သည့်ဗိုင်းရပ်စ် မျိုးကွဲမတူဘဲ ယခုတစ်ကြိမ်ကူးစက်ရာတွင် ရောဂါလက္ခဏာ မပြကြောင်းလည်း ပါဝင်သည်။

ဟောင်ကောင်ဖြစ်ရပ်ကိုတုံ့ပြန်ရာတွင် ကောက်ချက်တစုံတရာချရန် မလိုအပ်သေးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရောဂါ ဗေဒပညာရှင် မာရီယာ ဗန် ကာခို့ဗ်က တနင်္လာနေ့တွင်ပြောသည်။

Ref : Hong Kong researchers report first documented COVID-19 reinfection

#PeopleMedia


Share this post