• Follow Us on
Latest News

Home ေဟာင္ေကာင္တြင္ COVID-19 အႀကီးအက်ယ္စစ္ေဆးမႈမ်ားစတင္

ေဟာင္ေကာင္တြင္ COVID-19 အႀကီးအက်ယ္စစ္ေဆးမႈမ်ားစတင္

Share this post

ေဟာင္ေကာင္၊ စက္တင္ဘာ ၁

ေဟာင္ေကာင္တြင္ အဂၤါေန႔၌ ကို႐ိုနာဗိုင္းရပ္စ္အႀကီးအက်ယ္စစ္ေဆးမႈအစီအစဥ္စတင္သည္။

ၿမိဳ႕၏ဒီမိုကေရစီအေရးလႈပ္႐ွားမႈမ်ားကို တ႐ုတ္ျပည္မႀကီးကၿဖိဳခြင္းမႈေၾကာင့္ တ႐ုတ္ျပည္မႀကီးအေပၚ မယံုၾကည္မႈမ်ား႐ွိေနသျဖင့္ လူသန္းခ်ီကိုအခမဲ့စစ္ေဆးရန္ကမ္းလွမ္းမႈကို အထင္ေသးမႈမ်ား႐ွိေနသည္။

ဇြန္လကုန္ပိုင္းတြင္စတင္သည့္ တတိယလႈိင္းကူးစက္မႈမ်ားကို ရပ္တန္႔ရန္ႀကိဳးစားသည့္အေနျဖင့္ စစ္ေဆးမႈမ်ားျပဳလုပ္ေနျခင္းျဖစ္သည္။

တတိယလႈိင္းေၾကာင့္ စီးပြားေရးအရအထိနာေစသည့္ လူခ်င္းခပ္ခြာခြာေနရသည့္အစီအမံမ်ား ျပန္လည္ခ်မွတ္ထားသည္။

စေနေန႔တြင္ အခမဲ့စမ္းသပ္စစ္ေဆးရန္မွတ္ပံုတင္မႈစတင္ရာ လူ ၅၁၀၀၀၀ ပါ၀င္ရန္သေဘာတူထားၿပီး လူ ၇.၅ သန္းေနထိုင္သည့္ေဟာင္ေကာင္၏လူဦးေရ ၇.၅ ရာခိုင္ႏႈန္း႐ွိသည္။

တစ္ပတ္မွႏွစ္ပတ္အတြင္း ယခုအခမဲ့စမ္းသပ္စစ္ေဆးမႈမ်ားျပဳလုပ္ေပးသြားမည္ဟု ေၾကညာထားသည္။

ေဟာင္ေကာင္တြင္ ဇန္နဝါရီလကုန္ပိုင္းတြင္စတင္ေတြ႕႐ွိခဲ့သည့္ COVID-19 လူနာ စုစုေပါင္း ၄၈၀၀ ႐ွိေနၿပီး ကူးစက္ခံရသူ ၇၅ ရာခိုင္ႏႈန္းမွာ ဇူလိုင္လဆန္းတြင္ကူးစက္ခံရသူမ်ားျဖစ္သည္။

Ref : Hong Kong starts mass COVID-19 testing as China distrust swirls

#PeopleMedia

(Unicode)
ဟောင်ကောင်တွင် COVID-19 အကြီးအကျယ်စစ်ဆေးမှုများစတင်
……………………………………..

ဟောင်ကောင်၊ စက်တင်ဘာ ၁

ဟောင်ကောင်တွင် အင်္ဂါနေ့၌ ကိုရိုနာဗိုင်းရပ်စ်အကြီးအကျယ်စစ်ဆေးမှုအစီအစဉ်စတင်သည်။

မြို့၏ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို တရုတ်ပြည်မကြီးကဖြိုခွင်းမှုကြောင့် တရုတ်ပြည်မကြီးအပေါ် မယုံကြည်မှုများရှိနေသဖြင့် လူသန်းချီကိုအခမဲ့စစ်ဆေးရန်ကမ်းလှမ်းမှုကို အထင်သေးမှုများရှိနေသည်။

ဇွန်လကုန်ပိုင်းတွင်စတင်သည့် တတိယလှိုင်းကူးစက်မှုများကို ရပ်တန့်ရန်ကြိုးစားသည့်အနေဖြင့် စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည်။

တတိယလှိုင်းကြောင့် စီးပွားရေးအရအထိနာစေသည့် လူချင်းခပ်ခွာခွာနေရသည့်အစီအမံများ ပြန်လည်ချမှတ်ထားသည်။

စနေနေ့တွင် အခမဲ့စမ်းသပ်စစ်ဆေးရန်မှတ်ပုံတင်မှုစတင်ရာ လူ ၅၁၀၀၀၀ ပါဝင်ရန်သဘောတူထားပြီး လူ ၇.၅ သန်းနေထိုင်သည့်ဟောင်ကောင်၏လူဦးရေ ၇.၅ ရာခိုင်နှုန်းရှိသည်။

တစ်ပတ်မှနှစ်ပတ်အတွင်း ယခုအခမဲ့စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပေးသွားမည်ဟု ကြေညာထားသည်။

ဟောင်ကောင်တွင် ဇန်နဝါရီလကုန်ပိုင်းတွင်စတင်တွေ့ရှိခဲ့သည့် COVID-19 လူနာ စုစုပေါင်း ၄၈၀၀ ရှိနေပြီး ကူးစက်ခံရသူ ၇၅ ရာခိုင်နှုန်းမှာ ဇူလိုင်လဆန်းတွင်ကူးစက်ခံရသူများဖြစ်သည်။

Ref : Hong Kong starts mass COVID-19 testing as China distrust swirls

#PeopleMedia


Share this post