• Follow Us on

Home ဟောင်ကောင်ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ်များကို အရည်အချင်းမပြည့်မီဟုဆုံးဖြတ်


Share this post

#PeopleMedia
(unicode)
ဟောင်ကောင်ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ်များကို အရည်အချင်းမပြည့်မီဟုဆုံးဖြတ်
………………………………………….
ဟောင်ကောင်၊ နိုဝင်ဘာ ၁၁
ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသည့်လွှတ်တော်အမတ် ၄ ယောက်ကို အရည်အချင်းမပြည့်မီဟုဆိုကာ ချက်ချင်းထုတ်ပယ်ခဲ့သည်။
ဟောင်ကောင်ခွဲထွက်ရေးထောက်ခံပါက လွှတ်တော်အမတ်များ အရည်အချင်းမပြည့်မီဟုခွင့်ပြုသည့် ဆုံး ဖြတ်ချက်ကို တရုတ်အမျိုးသားပြည်သူ့ညီလာခံကအတည်ပြုပြီးနောက် ယခုဖြစ်ရပ်ဖြစ်လာသည်။
ထိုလုပ်ရပ်သည် ဟောင်ကောင်၏လွတ်လပ်ခွင့်များကိုကန့်သတ်ရန် တရုတ်ပြည်မကြီး၏နောက်ထပ်ကြိုးစားမှု တခုအဖြစ် ရှုမြင်နေကြသည်။
ထုတ်ပယ်သည့်ဆုံးဖြတ်ချက်ကိုဆန္ဒပြသောအားဖြင့် အခြားဒီမိုကရေစီလိုလားသည့်လွှတ်တော်အမတ်များက လွှတ်တော်အမတ်အဖြစ်မှနုတ်ထွက်ရန်စီစဉ်နေသည်။
ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားပြီး တရုတ်ပြည်မကြီးကိုဆန့်ကျင်သည့်ဆန္ဒပြမှုများရှိခဲ့ပြီးနောက် ဇူလိုင်လတွင် အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်ပြည်မကြီးက မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်ခွဲ ထွက်ရေးထောက်ခံပါက လွှတ်တော်အမတ်များအရည်အချင်းမပြည့်မီဟုခွင့်ပြုသည့်ဆုံးဖြတ်ချက်ကို တရုတ်အမျိုးသားပြည်သူ့ညီလာခံကအတည်ပြုခဲ့ခြင်းဖြစ်သည်။
Ref : Hong Kong disqualifies four pro-democracy lawmakers after China ruling
#PeopleMedia


Share this post