• Follow Us on

Home ေဟာင္ေကာင္မွာ ၿဗိတိန္အုပ္ခ်ဳပ္မႈအဆံုသတ္တဲ့အထိမ္းအမွတ္ေန႔ဆႏၵျပပြဲေတြမွာ ပထမဆံုးအဖမ္းအဆီး႐ွိေန

ေဟာင္ေကာင္မွာ ၿဗိတိန္အုပ္ခ်ဳပ္မႈအဆံုသတ္တဲ့အထိမ္းအမွတ္ေန႔ဆႏၵျပပြဲေတြမွာ ပထမဆံုးအဖမ္းအဆီး႐ွိေန

Share this post

ေဟာင္ေကာင္၊ ဇူလိုင္ ၁

ေဟာင္ေကာင္ကို ၿဗိတိန္က တ႐ုတ္ျပည္မႀကီးဆီျပန္လႊဲေျပာင္းေပးခဲ့တဲ့ ၂၃ ႏွစ္ျပည့္အထိမ္းအမွတ္က်င္းပတဲ့ေန႔မွာပဲ တ႐ုတ္ျပည္မႀကီးကတင္သြင္းတဲ့ဆႏၵျပပြဲေတြဆန္႔က်င္တဲ့ဥပေဒအရ ခြဲထြက္ေရးလိုလားေၾကာင္းအလံကိုင္ေဆာင္ထားတဲ့အမ်ိဳးသားတစ္ေယာက္ကို ပထမဆံုးဖမ္းဆီးလိုက္ပါတယ္။

ၿဗိတိန္အုပ္ခ်ဳပ္မႈအဆံုးသတ္တဲ့ ၂၃ ႏွစ္ေျမာက္ေန႔မွာ ဆႏၵျပဖို႔စုေ၀းသူေတြကို ရဲေတြက င႐ုတ္ေကာင္းျဖန္းေဆးေတြသံုးၿပီး လူစုခြဲခဲ့ပါတယ္။

ႏွစ္စဥ္ဒီအထိမ္းအမွတ္ေန႔တိုင္းမွာ ဆႏၵျပသူသိန္းဂဏန္းေလာက္အထိ ခ်ီတက္ဆႏၵထုတ္ေဖာ္ေလ့႐ွိေပမဲ့ အမ်ိဳးသားလံုျခံဳေရးဥပေဒအတည္ျပဳထားတဲ့ဒီႏွစ္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူအေယာက္ ၅၀ ထက္ပိုၿပီးစုေ၀းခြင့္မ႐ွိဘူးဆိုၿပီး ဆႏၵျပပြဲေတြကို တားျမစ္ထားပါတယ္။

အမ်ိဳးသားလံုျခံဳေရးဥပေဒဟာ ခြဲထြက္ျခင္း၊ ႏိုင္ငံေတာ္ဂုဏ္သိကၡာၫွိဳးႏြမ္းေစျခင္းနဲ႔ အၾကမ္းဖက္ျခင္းေတြကို ပစ္မွတ္ထားၿပီး အၿမဲထမ္းေနထိုင္သူေတြျဖစ္ေစ၊ ယာယီေနထိုင္သူေတြျဖစ္ေစ ေထာင္ဒဏ္အနည္းဆံုး ၃ ႏွစ္ကေန တစ္သက္အထိခ်မွတ္ႏိုင္ပါတယ္။

ေဟာင္ေကာင္ကို ၿဗိတိန္က ၁၉၉၇ ခုႏွစ္မွာ တ႐ုတ္ျပည္မႀကီးဆီျပန္လႊဲေပးခဲ့ေပမဲ့ တခ်ိဳ႕လြတ္လပ္ခြင့္ေတြကို အနည္းဆံုးႏွစ္ ၅၀ အထိ ကာကြယ္ေပးဖို႔ သေဘာတူညီခ်က္တစ္ခု႐ွိပါတယ္။

ဒါေပမဲ့ တ႐ုတ္ျပည္မႀကီးရဲ႕အခုဥပေဒဟာ ေဟာင္ေကာင္ရဲ႕အဆံုးသတ္ျဖစ္ၿပီး လြတ္လပ္ခြင့္ေတြကို ရပ္တန္႔ေတာ့မယ္လို႔ေ၀ဖန္ေျပာဆိုေနပါတယ္။

Ref : Hong Kong: ‘Anti-protest’ law kicks in as city marks handover

#PeopleMedia

(unicode)
ဟောင်ကောင်မှာ ဗြိတိန်အုပ်ချုပ်မှုအဆုံသတ်တဲ့အထိမ်းအမှတ်နေ့ဆန္ဒပြပွဲတွေမှာ ပထမဆုံးအဖမ်းအဆီးရှိနေ
…………………………………………….

ဟောင်ကောင်၊ ဇူလိုင် ၁

ဟောင်ကောင်ကို ဗြိတိန်က တရုတ်ပြည်မကြီးဆီပြန်လွှဲပြောင်းပေးခဲ့တဲ့ ၂၃ နှစ်ပြည့်အထိမ်းအမှတ်ကျင်းပတဲ့နေ့မှာပဲ တရုတ်ပြည်မကြီးကတင်သွင်းတဲ့ဆန္ဒပြပွဲတွေဆန့်ကျင်တဲ့ဥပဒေအရ ခွဲထွက်ရေးလိုလားကြောင်းအလံကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ယောက်ကို ပထမဆုံးဖမ်းဆီးလိုက်ပါတယ်။

ဗြိတိန်အုပ်ချုပ်မှုအဆုံးသတ်တဲ့ ၂၃ နှစ်မြောက်နေ့မှာ ဆန္ဒပြဖို့စုဝေးသူတွေကို ရဲတွေက ငရုတ်ကောင်းဖြန်းဆေးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

နှစ်စဉ်ဒီအထိမ်းအမှတ်နေ့တိုင်းမှာ ဆန္ဒပြသူသိန်းဂဏန်းလောက်အထိ ချီတက်ဆန္ဒထုတ်ဖော်လေ့ရှိပေမဲ့ အမျိုးသားလုံခြုံရေးဥပဒေအတည်ပြုထားတဲ့ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအယောက် ၅၀ ထက်ပိုပြီးစုဝေးခွင့်မရှိဘူးဆိုပြီး ဆန္ဒပြပွဲတွေကို တားမြစ်ထားပါတယ်။

အမျိုးသားလုံခြုံရေးဥပဒေဟာ ခွဲထွက်ခြင်း၊ နိုင်ငံတော်ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းနဲ့ အကြမ်းဖက်ခြင်းတွေကို ပစ်မှတ်ထားပြီး အမြဲထမ်းနေထိုင်သူတွေဖြစ်စေ၊ ယာယီနေထိုင်သူတွေဖြစ်စေ ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ တစ်သက်အထိချမှတ်နိုင်ပါတယ်။

ဟောင်ကောင်ကို ဗြိတိန်က ၁၉၉၇ ခုနှစ်မှာ တရုတ်ပြည်မကြီးဆီပြန်လွှဲပေးခဲ့ပေမဲ့ တချို့လွတ်လပ်ခွင့်တွေကို အနည်းဆုံးနှစ် ၅၀ အထိ ကာကွယ်ပေးဖို့ သဘောတူညီချက်တစ်ခုရှိပါတယ်။

ဒါပေမဲ့ တရုတ်ပြည်မကြီးရဲ့အခုဥပဒေဟာ ဟောင်ကောင်ရဲ့အဆုံးသတ်ဖြစ်ပြီး လွတ်လပ်ခွင့်တွေကို ရပ်တန့်တော့မယ်လို့ဝေဖန်ပြောဆိုနေပါတယ်။

Ref : Hong Kong: ‘Anti-protest’ law kicks in as city marks handover

#PeopleMedia


Share this post