• Follow Us on

Home ေဟာင္ေကာင္မွ အတိုက္အခံလႊတ္ေတာ္အမတ္မ်ားကို တ႐ုတ္ျပည္မႀကီးက ဖမ္းဆီးမႈ အေမရိကန္႐ွဳတ္ခ်

ေဟာင္ေကာင္မွ အတိုက္အခံလႊတ္ေတာ္အမတ္မ်ားကို တ႐ုတ္ျပည္မႀကီးက ဖမ္းဆီးမႈ အေမရိကန္႐ွဳတ္ခ်

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၃
ေဟာင္ေကာင္မွအတိုက္အခံလႊတ္ေတာ္အမတ္ ၈ ေယာက္ကိုဖမ္းဆီးျခင္းအေပၚ အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီး မိုက္ ပြန္ပီယိုက တနလၤာေန႔တြင္႐ွဳတ္ခ်သည္။
ထိုထဲမွ ၅ ေယာက္မွာ လက္႐ွိေ႐ြးေကာက္ခံလႊတ္ေတာ္အမတ္မ်ားျဖစ္ၿပီး တ႐ုတ္ျပည္မႀကီးသည္ မနာခံ သူမ်ားအသံကို မၾကားရေအာင္လုပ္ေနေၾကာင္းလည္းေျပာသည္။
ေ႐ြးေကာက္ခံမ်ားထံမွတဆင့္ သူတို႔နစ္နာမႈမ်ားထုတ္ေျပာခြင့္ကိုေလးစားရန္ တ႐ုတ္ျပည္မႀကီးႏွင့္ ေဟာင္ ေကာင္အစိုးရတို႔ကို တိုက္တြန္းေၾကာင္းလည္း ပြန္ပီယိုကေျပာသည္။
ယခုႏွစ္အေစာပိုင္းက ေဟာင္ေကာင္လႊတ္ေတာ္အတြင္းျဖစ္ပြားခဲ့သည့္ထိုးႀကိတ္မႈမ်ားႏွင့္ ဆႏၵျပမႈမ်ားေၾကာင့္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟု ေဟာင္ေကာင္အာဏာပိုင္မ်ားကေျပာသည္။
လံုျခံဳေရးဥပေဒသစ္တရပ္ျပ႒ာန္းျခင္းအပါအ၀င္ ေဟာင္ေကာင္ကိုၿဖိဳခြင္းမႈမ်ားေၾကာင့္ တ႐ုတ္ျပည္မႀကီးကို အေမရိကန္ကထပ္ကာထပ္ကာေ၀ဖန္ေနသည္။
သို႔ေသာ္လည္း တ႐ုတ္ျပည္မႀကီးက ေဟာင္ေကာင္မွေ၀ဖန္သူမ်ားကို အေရးယူမႈမ်ားပိုမ်ားေနသည္။
Ref : US condemns arrest of Hong Kong politicians
#PeopleMedia
(unicode)
ဟောင်ကောင်မှ အတိုက်အခံလွှတ်တော်အမတ်များကို တရုတ်ပြည်မကြီးက ဖမ်းဆီးမှု အမေရိကန်ရှုတ်ချ
……………………………………….
ဝါရှင်တန်၊ နိုဝင်ဘာ ၃
ဟောင်ကောင်မှအတိုက်အခံလွှတ်တော်အမတ် ၈ ယောက်ကိုဖမ်းဆီးခြင်းအပေါ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယိုက တနင်္လာနေ့တွင်ရှုတ်ချသည်။
ထိုထဲမှ ၅ ယောက်မှာ လက်ရှိရွေးကောက်ခံလွှတ်တော်အမတ်များဖြစ်ပြီး တရုတ်ပြည်မကြီးသည် မနာခံ သူများအသံကို မကြားရအောင်လုပ်နေကြောင်းလည်းပြောသည်။
ရွေးကောက်ခံများထံမှတဆင့် သူတို့နစ်နာမှုများထုတ်ပြောခွင့်ကိုလေးစားရန် တရုတ်ပြည်မကြီးနှင့် ဟောင် ကောင်အစိုးရတို့ကို တိုက်တွန်းကြောင်းလည်း ပွန်ပီယိုကပြောသည်။
ယခုနှစ်အစောပိုင်းက ဟောင်ကောင်လွှတ်တော်အတွင်းဖြစ်ပွားခဲ့သည့်ထိုးကြိတ်မှုများနှင့် ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဟောင်ကောင်အာဏာပိုင်များကပြောသည်။
လုံခြုံရေးဥပဒေသစ်တရပ်ပြဋ္ဌာန်းခြင်းအပါအဝင် ဟောင်ကောင်ကိုဖြိုခွင်းမှုများကြောင့် တရုတ်ပြည်မကြီးကို အမေရိကန်ကထပ်ကာထပ်ကာဝေဖန်နေသည်။
သို့သော်လည်း တရုတ်ပြည်မကြီးက ဟောင်ကောင်မှဝေဖန်သူများကို အရေးယူမှုများပိုများနေသည်။
Ref : US condemns arrest of Hong Kong politicians

Share this post