• Follow Us on

Home ေဟာင္ေကာင္ရဲတပ္ဖြဲ႕က ဒီမိုကေရစီအေရး ဆႏၵျပသူမ်ားကို မ်က္ရည္ ယိုဗုံး အသုံးျပဳ၍ ႏွိမ္နင္း

ေဟာင္ေကာင္ရဲတပ္ဖြဲ႕က ဒီမိုကေရစီအေရး ဆႏၵျပသူမ်ားကို မ်က္ရည္ ယိုဗုံး အသုံးျပဳ၍ ႏွိမ္နင္း

Share this post

ႏိုင္ငံတကာ၊ ေမ ၂၅

ေဟာင္ေကာင္၏ လြတ္လပ္မႈကို ထိပါးသည္ဟုဆိုကာ အဆိုျပဳထားေသာ လုံၿခဳံေရးဆိုင္ရာ ဥပေဒသစ္ တစ္ခုကို ကန္႔ကြက္ဆႏၵျပေနသည့္ ရာေပါင္းမ်ားစြာေသာ ျပည္သူမ်ားကို ေဟာင္ေကာင္ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ား၊ င႐ုပ္သီးရည္မ်ားပက္ျဖန္း၍ ႏွိမ္နင္းခဲ့သည္။

ရဲတပ္ဖြဲ႕ဝင္မ်ားက ေလာ္စပီကာမ်ား အသုံးျပဳ၍ လူစုခြဲရန္ အမိန္႔ေပးကာ လူစုေဝးျခင္းက ဉပေဒႏွင့္မညီ ၫြတ္ေၾကာင္း ေျပာၾကားေနစဥ္ ဆႏၵျပသူမ်ားက ဒီမိုကေရစီလိုလားေသာ ေႂကြးေၾကာ္သံမ်ား သံၿပိဳင္ဟစ္ခဲ့ သည္။

ေမလ ၂၂ ရက္က က်င္းပသည့္ တ႐ုတ္ႏိုင္င၊ အမ်ိဳးသားဥပေဒျပဳေရးအဖြဲ႕ ဖြင့္ပြဲအခမ္းအနား၌ မိတ္ဆက္ခဲ့ သည့္ အဆိုပါဥပေဒၾကမ္းက ျပည္ပႏိုင္ငံမ်ား၏ ဝင္ေရာက္စြက္ဖက္မႈႏွင့္ အၾကမ္းဖက္ဝါဒေၾကာင့္ဟုဆိုကာ ခြဲထြက္လိုသူမ်ား၊ အဖ်က္ဆန္ေသာလုပ္ရပ္မ်ားကို တားျမစ္ထားသည္။

အေမရိကန္ ကြန္ဂရက္အမတ္ ၁၇ ဦးအပါအဝင္ ကမၻာတစ္ဝွမ္းမွ ထင္ရွားေသာ ႏိုင္ငံေရးသမား ၂၀၀ ခန္႔သည္ ယမန္ေန႔ ပူးတြဲထုတ္ျပန္ခ်က္တစ္ရပ္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး တ႐ုတ္ႏိုင္ငံ၏ အဆိုျပဳဉပေဒၾကမ္းမ်ားက ေဟာင္ေကာင္၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ တရားဥပေဒစိုးမိုးမႈႏွင့္ အေျခခံလြတ္လပ္ခြင့္မ်ားကို ထိခိုက္ေစေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုျပဳဥပေဒၾကမ္းက “တစ္ႏိုင္ငံ၊ စနစ္ႏွစ္မ်ိဳး” မူေဘာင္အရ ၁၉၉၇ ခုႏွစ္တြင္ ကိုလိုနီ ၿဗိတိသွ်တို႔က ေဟာင္ ေကာင္ကို တ႐ုတ္ထံျပန္ေပးခဲ့သည့္ ပူးတြဲေၾကညာခ်က္ကို ခ်ိဳးေဖာက္ေၾကာင္း ထုတ္ျပန္ခ်က္ကေဖာ္ျပသည္။

ကိုးကား – ဗြီအိုေအ

Ref; Hong Kong Police Fire Tear Gas at Pro-Democracy Demonstrators

#PeopleMedia

(Unicode)
ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီမိုကရေစီအရေး ဆန္ဒပြသူများကို မျက်ရည် ယိုဗုံး အသုံးပြု၍ နှိမ်နင်း
…………………………………………………

နိုင်ငံတကာ၊ မေ ၂၅

ဟောင်ကောင်၏ လွတ်လပ်မှုကို ထိပါးသည်ဟုဆိုကာ အဆိုပြုထားသော လုံခြုံရေးဆိုင်ရာ ဥပဒေသစ် တစ်ခုကို ကန့်ကွက်ဆန္ဒပြနေသည့် ရာပေါင်းများစွာသော ပြည်သူများကို ဟောင်ကောင်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ငရုပ်သီးရည်များပက်ဖြန်း၍ နှိမ်နင်းခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက လော်စပီကာများ အသုံးပြု၍ လူစုခွဲရန် အမိန့်ပေးကာ လူစုဝေးခြင်းက ဉပဒေနှင့်မညီ ညွတ်ကြောင်း ပြောကြားနေစဉ် ဆန္ဒပြသူများက ဒီမိုကရေစီလိုလားသော ကြွေးကြော်သံများ သံပြိုင်ဟစ်ခဲ့ သည်။

မေလ ၂၂ ရက်က ကျင်းပသည့် တရုတ်နိုင်င၊ အမျိုးသားဥပဒေပြုရေးအဖွဲ့ ဖွင့်ပွဲအခမ်းအနား၌ မိတ်ဆက်ခဲ့ သည့် အဆိုပါဥပဒေကြမ်းက ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုနှင့် အကြမ်းဖက်ဝါဒကြောင့်ဟုဆိုကာ ခွဲထွက်လိုသူများ၊ အဖျက်ဆန်သောလုပ်ရပ်များကို တားမြစ်ထားသည်။

အမေရိကန် ကွန်ဂရက်အမတ် ၁၇ ဦးအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားသော နိုင်ငံရေးသမား ၂၀၀ ခန့်သည် ယမန်နေ့ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်နိုင်ငံ၏ အဆိုပြုဉပဒေကြမ်းများက ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားဥပဒေစိုးမိုးမှုနှင့် အခြေခံလွတ်လပ်ခွင့်များကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။

အဆိုပြုဥပဒေကြမ်းက “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဘောင်အရ ၁၉၉၇ ခုနှစ်တွင် ကိုလိုနီ ဗြိတိသျှတို့က ဟောင် ကောင်ကို တရုတ်ထံပြန်ပေးခဲ့သည့် ပူးတွဲကြေညာချက်ကို ချိုးဖောက်ကြောင်း ထုတ်ပြန်ချက်ကဖော်ပြသည်။

ကိုးကား – ဗွီအိုအေ

Ref; Hong Kong Police Fire Tear Gas at Pro-Democracy Demonstrators

#PeopleMedia


Share this post