• Follow Us on

Home ေဟာင္ေကာင္၏အ႐ွိတရားကိုရင္ဆိုင္ၾကရန္ အေမရိကန္အပါအ၀င္ႏိုင္ငံ ၅ ႏိုင္ငံကို တ႐ုတ္တံု႔ျပန္

ေဟာင္ေကာင္၏အ႐ွိတရားကိုရင္ဆိုင္ၾကရန္ အေမရိကန္အပါအ၀င္ႏိုင္ငံ ၅ ႏိုင္ငံကို တ႐ုတ္တံု႔ျပန္

Share this post

ေဘက်င္း၊ ႏို၀င္ဘာ ၂၀
ေဟာင္ေကာင္သည္ တ႐ုတ္ျပည္မႀကီးထံျပန္လည္ေရာက္႐ွိေနသည္ဟူသည့္အ႐ွိတရားကိုရင္ဆိုင္လက္ခံသင့္ေၾကာင္း တ႐ုတ္ျပည္မႀကီး၏ေဟာင္ေကာင္ဆိုင္ရာမူဝါဒကိုေ၀ဖန္ခဲ့သည့္ အေမရိကန္အပါအ၀င္မဟာမိတ္ ၅ ႏိုင္ငံ၏စြပ္စြဲခ်က္ကို တ႐ုတ္ႏိုင္ငံက ၾကာသပေတးေန႔တြင္ ပယ္ခ်ခဲ့သည္။
အေမရိကန္၊ ၿဗိတိန္၊ ၾသစေၾတးလ်၊ ကေနဒါႏွင့္ နယူးဇီလန္တို႔၏ထုတ္ျပန္ခ်က္ကို တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနေျပာခြင့္ရသူ ေက်ာင္းလီဂ်န္းက တံု႔ျပန္ျခင္းျဖစ္သည္။
ေဟာင္ေကာင္မွဒီမိုကေရစီလိုလားေသာလႊတ္ေတာ္အမတ္ ၄ ေယာက္ကို လႊတ္ေတာ္အမတ္အျဖစ္မွ႐ုတ္သိမ္းခဲ့သည္အထိ ျဖစ္လာေစေသာ တ႐ုတ္အစိုးရ၏ဥပေဒသစ္တရပ္သည္ အေရးႀကီးေသာအသံအားလံုးကိုတိတ္ေနေစရန္ အားထုတ္ႀကိဳးပမ္းမႈ၏ တစိတ္တပိုင္းျဖစ္ႏိုင္ေၾကာင္း ထို ၅ ႏိုင္ငံ၏ႏိုင္ငံျခားေရး၀န္ႀကီးမ်ားက ထုတ္ျပန္ခ်က္တြင္ေျပာသည္။
ထိုဥပေဒသည္ ေဟာင္ေကာင္ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အဆင့္တခုအထိေပးထားၿပီး လြတ္လပ္စြာေျပာဆိုခြင့္ေပးရန္ တ႐ုတ္ ႏိုင္ငံ၏ကတိက၀တ္မ်ားကိုခ်ိဳးေဖာက္ရာေရာက္ေနသည္ဟု ထိုပူးေပါင္းထုတ္ျပန္ခ်က္တြင္ပင္ေဖာ္ျပသည္။
လူ၇.၅ သန္းေနထိုင္သည့္ေဟာင္ေကာင္ကို ၁၉၉၇ ခုႏွစ္က ၿဗိတိန္က တ႐ုတ္ျပည္မႀကီးထံျပန္အပ္ခ်ိန္က ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွစ္ ၅၀ ေပးရန္ ကတိျပဳထားသည္။
ေဟာင္ေကာင္ႏွင့္တ႐ုတ္ျပည္မႀကီးတို႔ကို ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ရန္ ႏိုင္ငံျခားအစိုးရမ်ားကို ေတာင္းဆိုမႈေၾကာင့္ လႊတ္ေတာ္အမတ္ ၄ ေယာက္ကို ေ႐ြးေကာက္ပြဲျပန္၀င္ခြင့္ပိတ္ထားသည္။
Ref : China says ‘Five Eyes’ should face reality on Hong Kong
#PeopleMedia
(unicode)
ဟောင်ကောင်၏အရှိတရားကိုရင်ဆိုင်ကြရန် အမေရိကန်အပါအဝင်နိုင်ငံ ၅ နိုင်ငံကို တရုတ်တုံ့ပြန်
……………………………………………..
ဘေကျင်း၊ နိုဝင်ဘာ ၂၀
ဟောင်ကောင်သည် တရုတ်ပြည်မကြီးထံပြန်လည်ရောက်ရှိနေသည်ဟူသည့်အရှိတရားကိုရင်ဆိုင်လက်ခံသင့်ကြောင်း တရုတ်ပြည်မကြီး၏ဟောင်ကောင်ဆိုင်ရာမူဝါဒကိုဝေဖန်ခဲ့သည့် အမေရိကန်အပါအဝင်မဟာမိတ် ၅ နိုင်ငံ၏စွပ်စွဲချက်ကို တရုတ်နိုင်ငံက ကြာသပတေးနေ့တွင် ပယ်ချခဲ့သည်။
အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်တို့၏ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ကျောင်းလီဂျန်းက တုံ့ပြန်ခြင်းဖြစ်သည်။
ဟောင်ကောင်မှဒီမိုကရေစီလိုလားသောလွှတ်တော်အမတ် ၄ ယောက်ကို လွှတ်တော်အမတ်အဖြစ်မှရုတ်သိမ်းခဲ့သည်အထိ ဖြစ်လာစေသော တရုတ်အစိုးရ၏ဥပဒေသစ်တရပ်သည် အရေးကြီးသောအသံအားလုံးကိုတိတ်နေစေရန် အားထုတ်ကြိုးပမ်းမှု၏ တစိတ်တပိုင်းဖြစ်နိုင်ကြောင်း ထို ၅ နိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ချက်တွင်ပြောသည်။
ထိုဥပဒေသည် ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်တခုအထိပေးထားပြီး လွတ်လပ်စွာပြောဆိုခွင့်ပေးရန် တရုတ် နိုင်ငံ၏ကတိကဝတ်များကိုချိုးဖောက်ရာရောက်နေသည်ဟု ထိုပူးပေါင်းထုတ်ပြန်ချက်တွင်ပင်ဖော်ပြသည်။
လူရ.၅ သန်းနေထိုင်သည့်ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်က ဗြိတိန်က တရုတ်ပြည်မကြီးထံပြန်အပ်ချိန်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှစ် ၅၀ ပေးရန် ကတိပြုထားသည်။
ဟောင်ကောင်နှင့်တရုတ်ပြည်မကြီးတို့ကို ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် နိုင်ငံခြားအစိုးရများကို တောင်းဆိုမှုကြောင့် လွှတ်တော်အမတ် ၄ ယောက်ကို ရွေးကောက်ပွဲပြန်ဝင်ခွင့်ပိတ်ထားသည်။
Ref : China says ‘Five Eyes’ should face reality on Hong Kong
#PeopleMedia


Share this post