• Follow Us on

Home ေဟာ္မုန္းေဆးမ်ားအသံုးျပဳၿပီး COVID-19 ေရာဂါကို ထရမ့္ရင္ဆိုင္ေန

ေဟာ္မုန္းေဆးမ်ားအသံုးျပဳၿပီး COVID-19 ေရာဂါကို ထရမ့္ရင္ဆိုင္ေန

Share this post

၀ါ႐ွင္္တန္၊ ေအာက္တိုဘာ ၅
 
ေအာက္ဆီဂ်င္ေပးခဲ့ၿပီးေနာက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို ကုသေနသည့္ဆရာ၀န္မ်ားက သမၼတ၏အဆုတ္မ်ားအေျခအေနကို ေစာင့္ၾကည့္ေနသည္ဟု သတင္းေထာက္မ်ားကို တနဂၤေႏြေန႔ တြင္ေျပာသည္။
 
သူ႔ကိုေထာက္ခံသူမ်ား ေဆး႐ံုအနီးတြင္ ၀ိုင္း၀န္းဟစ္ေၾကြးအားေပးေနသည္ကို ထရမ့္က ယာဥ္တန္းျဖင့္ လွည့္လည္ႏႈတ္ဆက္ခ်ိန္မတိုင္ခင္ နာရီပိုင္းအလိုက ေျပာျခင္းျဖစ္သည္။
 
ေသြးေၾကာအတြင္းထိုးသြင္းရသည့္ ရမ္ဒီဆီဗားဗိုင္းရပ္စ္တိုက္ဖ်က္ေဆး ၅ ရက္စာမွ ၂ ႀကိမ္စာ အသံုးျပဳၿပီး႐ံုသာမက စိုးရိမ္ရသည့္ကူးစက္မႈမ်ားတြင္အသံုးျပဳသည့္ စတီး႐ြိဳက္ေဆး ဒက္ဆာမီသာ ဆုန္းကုိလည္းအသံုးျပဳထားေၾကာင္း တနဂၤေႏြေန႔တြင္ သူ႔ဆရာ၀န္မ်ားကေျပာသည္။
 
ၿပီးခဲ့သည့္ေန႔မ်ားကထက္ ေသြးတြင္းေအာက္ဆီဂ်င္ပမာဏက်ဆင္းခဲ့ၿပီး ေသာၾကာေန႔မနက္ပိုင္းတြင္ အဖ်ားႀကီးခဲ့ေၾကာင္း ေဒါက္တာ ေ႐ွာပီကြန္ေလကေျပာသည္။
 
သို႔ေသာ္ တနဂၤေႏြေန႔တြင္ တိုးတက္လာေၾကာင္းလည္း အသိေပးသည္။
 
အေမရိကန္ႏိုင္ငံသား ၇.၄ သန္းေက်ာ္ကိုကူးစက္ခဲ့ၿပီး လူ ၂၀၉၀၀၀ ေက်ာ္ေသဆံုးခဲ့သည့္ကမာၻ႔ကပ္ ေရာဂါအႏၱရာယ္ကို ယခုႏွစ္တႏွစ္လံုး ထရမ့္က ေဖာ့ေျပာခဲ့သည္။
 
ေဆး႐ံုတြင္ကုသမႈခံယူၿပီး ၃ ရက္ေျမာက္ေန႔တြင္လည္း ေဆး႐ံုေ႐ွ႕ထြက္ၿပီး ေထာက္ခံသူမ်ားကို ႏႈတ္ဆက္ခဲ့သည္။
 
ေ၀ၚတာရိဒ္အမ်ိဳးသားစစ္က်န္းမာေရးစင္တာေ႐ွ႕တြင္ေရာက္႐ွိေနၿပီး အေမရိကန္ဟုဟစ္ေၾကြးေနၾကသည့္ ေထာက္ခံသူမ်ားကို ကားတန္းအတြင္းမွ အသက္ ၇၄ ႏွစ္႐ွိသည့္ထရမ့္က ႏွာေခါင္းစည္းတပ္ဆင္ထားၿပီး လက္ျပႏႈတ္ဆက္ခဲ့သည္။
 
Ref : Doctors monitoring Trump’s lungs, giving steroid to fight COVID-19
 
#Peoplemedia
 
(Unicode)
ဟော်မုန်းဆေးများအသုံးပြုပြီး COVID-19 ရောဂါကို ထရမ့်ရင်ဆိုင်နေ
………………………………………..
 
၀ါရှင််တန်၊ အောက်တိုဘာ ၅
 
အောက်ဆီဂျင်ပေးခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကုသနေသည့်ဆရာဝန်များက သမ္မတ၏အဆုတ်များအခြေအနေကို စောင့်ကြည့်နေသည်ဟု သတင်းထောက်များကို တနင်္ဂနွေနေ့ တွင်ပြောသည်။
 
သူ့ကိုထောက်ခံသူများ ဆေးရုံအနီးတွင် ၀ိုင်းဝန်းဟစ်ကြွေးအားပေးနေသည်ကို ထရမ့်က ယာဉ်တန်းဖြင့် လှည့်လည်နှုတ်ဆက်ချိန်မတိုင်ခင် နာရီပိုင်းအလိုက ပြောခြင်းဖြစ်သည်။
 
သွေးကြောအတွင်းထိုးသွင်းရသည့် ရမ်ဒီဆီဗားဗိုင်းရပ်စ်တိုက်ဖျက်ဆေး ၅ ရက်စာမှ ၂ ကြိမ်စာ အသုံးပြုပြီးရုံသာမက စိုးရိမ်ရသည့်ကူးစက်မှုများတွင်အသုံးပြုသည့် စတီးရွိုက်ဆေး ဒက်ဆာမီသာ ဆုန်းကိုလည်းအသုံးပြုထားကြောင်း တနင်္ဂနွေနေ့တွင် သူ့ဆရာဝန်များကပြောသည်။
 
ပြီးခဲ့သည့်နေ့များကထက် သွေးတွင်းအောက်ဆီဂျင်ပမာဏကျဆင်းခဲ့ပြီး သောကြာနေ့မနက်ပိုင်းတွင် အဖျားကြီးခဲ့ကြောင်း ဒေါက်တာ ရှောပီကွန်လေကပြောသည်။
 
သို့သော် တနင်္ဂနွေနေ့တွင် တိုးတက်လာကြောင်းလည်း အသိပေးသည်။
 
အမေရိကန်နိုင်ငံသား ၇.၄ သန်းကျော်ကိုကူးစက်ခဲ့ပြီး လူ ၂၀၉၀၀၀ ကျော်သေဆုံးခဲ့သည့်ကမ္ဘာ့ကပ် ရောဂါအန္တရာယ်ကို ယခုနှစ်တနှစ်လုံး ထရမ့်က ဖော့ပြောခဲ့သည်။
 
ဆေးရုံတွင်ကုသမှုခံယူပြီး ၃ ရက်မြောက်နေ့တွင်လည်း ဆေးရုံရှေ့ထွက်ပြီး ထောက်ခံသူများကို နှုတ်ဆက်ခဲ့သည်။
 
ဝေါ်တာရိဒ်အမျိုးသားစစ်ကျန်းမာရေးစင်တာရှေ့တွင်ရောက်ရှိနေပြီး အမေရိကန်ဟုဟစ်ကြွေးနေကြသည့် ထောက်ခံသူများကို ကားတန်းအတွင်းမှ အသက် ၇၄ နှစ်ရှိသည့်ထရမ့်က နှာခေါင်းစည်းတပ်ဆင်ထားပြီး လက်ပြနှုတ်ဆက်ခဲ့သည်။
 
Ref : Doctors monitoring Trump’s lungs, giving steroid to fight COVID-19
 
#Peoplemedia

Share this post