• Follow Us on
Latest News

Home ေအာက္စဖို႔တကၠသိုလ္၏ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၇၀ ရာခိုင္ႏႈန္းအစြမ္းထက္

ေအာက္စဖို႔တကၠသိုလ္၏ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၇၀ ရာခိုင္ႏႈန္းအစြမ္းထက္

Share this post

လန္ဒန္၊ ႏို၀င္ဘာ ၂၃

ေအာက္စဖို႔တကၠသိုလ္ႏွင့္ အက္စထရာဇီနီကာေဆးကုမၸဏီတို႔ပူးေပါင္းထုတ္လုပ္သည့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးသည္ ေရာဂါလကၡဏာျပေနသူမ်ားကို ၇၀ ရာခိုင္ႏႈန္းတားဆီးႏိုင္သည့္အစြမ္းထက္ေၾကာင္း စမ္းသပ္မႈရလဒ္မ်ားထုတ္ျပန္သည္။

ဖီဇာကုမၸဏီႏွင့္ မိုဒါးနားကုမၸဏီတို႔ကထုတ္သည့္ေဆးမ်ားက ၉၅ ရာခိုင္ႏႈန္းအစြမ္းထက္ေၾကာင္း ၿပီးခဲ့သည့္တပတ္တြင္ ေၾကညာခဲ့ၿပီး ေအာက္စဖို႔တကၠသိုလ္၏ေဆးအစြမ္းထက္မႈကို ခ်ီးက်ဴးမႈသာမက စိတ္ပ်က္မႈမ်ားလည္းေရာႁပြန္းေနသည္။

သို႔ေသာ္ ယခုေဆးက ေစ်းပိုသက္သာၿပီး သိမ္းရလြယ္သျဖင့္ ကမာၻ႔ေနရာတိုင္းကို က်န္ေဆး ၂ မ်ိဳးထက္ေရာက္႐ွိ ရန္ပိုမိုလြယ္ကူသည္။

ထို႔ေၾကာင့္ အသံုးျပဳခြင့္ရပါက ကမာၻ႔ကပ္ေရာဂါကိုတိုက္ဖ်က္ရာတြင္ အေရးပါသည့္အခန္းက႑မွပါ၀င္ဦးမည္ျဖစ္သည္။

ေဆးကို ယခုထက္ပို၍ၿပီးျပည့္စံုေအာင္ျပဳလုပ္ပါက ၉၀ ရာခိုင္ႏႈန္းအထိ ကာကြယ္ေပးႏိုင္သည္ဟူေသာ စိတ္၀င္စား ဖြယ္အခ်က္အလက္မ်ားလည္း႐ွိေနသည္။

ပံုမွန္အားျဖင့္ ႏွစ္ဆယ္ခ်ီၾကာမည့္ကာကြယ္ေဆးစမ္းသပ္မႈလုပ္ငန္းစဥ္မ်ားကို ေအာက္စဖို႔သုေတသီမ်ားက ၁၀ လ၀န္းက်င္ျဖင့္ ျပဳလုပ္ႏိုင္ခဲ့သည္။

လူ ၂၀၀၀၀ ေက်ာ္ ေနာက္ဆံုးအဆင့္စမ္းသပ္မႈတြင္ပါ၀င္ခဲ့ၿပီး တ၀က္ခန္႔က ၿဗိတိန္ႏွင့္ က်န္သူမ်ားက ဘရာဇီးႏိုင္ငံကျဖစ္သည္။

ကာကြယ္ေဆးထိုးခဲ့သူမ်ားထဲမွ လူ ၃၀ ကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခဲ့ၿပီး ေနာက္ထပ္ ၁၀၁ ေယာက္ကို အစားထိုးေဆး တမ်ိဳးထိုးေပးထားျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ၇၀ ရာခိုင္ႏႈန္းစြမ္းေၾကာင္း သုေတသီမ်ားကေျပာသည္။ စမ္းသပ္မႈရလဒ္မ်ားကို ေက်နပ္ေၾကာင္း စမ္းသပ္မႈကို ဦးေဆာင္စစ္ေဆးသည့္ပါေမာကၡ အန္ဒ႐ူး ပိုလာ့ဒ္ကေျပာသည္။

Ref : Covid-19: Oxford University vaccine shows 70% protection

#PeopleMedia

(unicode)
အောက်စဖို့တက္ကသိုလ်၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းအစွမ်းထက်
……………………………………………..

လန်ဒန်၊ နိုဝင်ဘာ ၂၃

အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာဆေးကုမ္ပဏီတို့ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ရောဂါလက္ခဏာပြနေသူများကို ၇၀ ရာခိုင်နှုန်းတားဆီးနိုင်သည့်အစွမ်းထက်ကြောင်း စမ်းသပ်မှုရလဒ်များထုတ်ပြန်သည်။

ဖီဇာကုမ္ပဏီနှင့် မိုဒါးနားကုမ္ပဏီတို့ကထုတ်သည့်ဆေးများက ၉၅ ရာခိုင်နှုန်းအစွမ်းထက်ကြောင်း ပြီးခဲ့သည့်တပတ်တွင် ကြေညာခဲ့ပြီး အောက်စဖို့တက္ကသိုလ်၏ဆေးအစွမ်းထက်မှုကို ချီးကျူးမှုသာမက စိတ်ပျက်မှုများလည်းရောပြွန်းနေသည်။

သို့သော် ယခုဆေးက စျေးပိုသက်သာပြီး သိမ်းရလွယ်သဖြင့် ကမ္ဘာ့နေရာတိုင်းကို ကျန်ဆေး ၂ မျိုးထက်ရောက်ရှိ ရန်ပိုမိုလွယ်ကူသည်။

ထို့ကြောင့် အသုံးပြုခွင့်ရပါက ကမ္ဘာ့ကပ်ရောဂါကိုတိုက်ဖျက်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ဦးမည်ဖြစ်သည်။

ဆေးကို ယခုထက်ပို၍ပြီးပြည့်စုံအောင်ပြုလုပ်ပါက ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ဟူသော စိတ်ဝင်စား ဖွယ်အချက်အလက်များလည်းရှိနေသည်။

ပုံမှန်အားဖြင့် နှစ်ဆယ်ချီကြာမည့်ကာကွယ်ဆေးစမ်းသပ်မှုလုပ်ငန်းစဉ်များကို အောက်စဖို့သုတေသီများက ၁၀ လဝန်းကျင်ဖြင့် ပြုလုပ်နိုင်ခဲ့သည်။

လူ ၂၀၀၀၀ ကျော် နောက်ဆုံးအဆင့်စမ်းသပ်မှုတွင်ပါဝင်ခဲ့ပြီး တဝက်ခန့်က ဗြိတိန်နှင့် ကျန်သူများက ဘရာဇီးနိုင်ငံကဖြစ်သည်။

ကာကွယ်ဆေးထိုးခဲ့သူများထဲမှ လူ ၃၀ ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ပြီး နောက်ထပ် ၁၀၁ ယောက်ကို အစားထိုးဆေး တမျိုးထိုးပေးထားခြင်းဖြစ်သည်။

ထို့ကြောင့် ၇၀ ရာခိုင်နှုန်းစွမ်းကြောင်း သုတေသီများကပြောသည်။ စမ်းသပ်မှုရလဒ်များကို ကျေနပ်ကြောင်း စမ်းသပ်မှုကို ဦးဆောင်စစ်ဆေးသည့်ပါမောက္ခ အန်ဒရူး ပိုလာ့ဒ်ကပြောသည်။

Ref : Covid-19: Oxford University vaccine shows 70% protection

#PeopleMedia


Share this post