• Follow Us on

Home ေအာက္ဆိုက္ကားေပၚမွျပဳတ္က်သည့္မိန္းကေလးကို ကားေပၚျပန္တင္ၿပီး ကၽြန္းေတာထဲတြင္ျပစ္ခ်ခဲ့သည့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔ကို အမႈဖြင့္လွစ္ထား

ေအာက္ဆိုက္ကားေပၚမွျပဳတ္က်သည့္မိန္းကေလးကို ကားေပၚျပန္တင္ၿပီး ကၽြန္းေတာထဲတြင္ျပစ္ခ်ခဲ့သည့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔ကို အမႈဖြင့္လွစ္ထား

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၂၆

အင္းစိန္ပန္းၿခံအနီး၌ ေအာက္ဆိုက္ကားေပၚမွ ျပဳတ္က်ခဲ့သည့္ အသက္ ၂၂ ႏွစ္အရြယ္ရွိ မိန္းကေလးကို ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔က ကားေပၚျပန္တင္ၿပီးေနာက္ ျပည္ေတာ္သာမွတ္တိုင္အနီးရွိ ကၽြန္း ေတာထဲတြင္ ျပစ္ခ်ခဲ့သည္။

ျဖစ္စဥ္ေၾကာင့္ တရားခံကို အမႈဖြင့္ထားၿပီျဖစ္ေၾကာင္း အင္းစိန္ၿမိဳ႕မရဲစခန္းမွ ဒုတိယရဲမွဴး တင္လတ္က ေျပာ သည္။

ျဖစ္စဥ္မွာ နိုဝင္ဘာလ ၂၃ ရက္ေန႔ ညပိုင္း အင္းစိန္ပန္းၿခံအနီးတြင္ ေအာက္ဆိုက္ယာဥ္ တစ္စီးေပၚမွ မ……မွာ ျပဳတ္က်ခဲ့သည္။

ထိုသို႔ ျပဳတ္က်ခဲ့ၿပီးေနာက္ တရားခံမွ ကားေပၚျပန္တင္၍ အင္းစိန္ၿမိဳ႕နယ္ ျပည္ေတာ္သာမွတ္တိုင္အနီး ကၽြန္း ေတာထဲတြင္ မ……. အား ျပစ္ခ်ထားခဲ့သည္။

ထို႔ေနာက္ နိုဝင္ဘာလ ၂၄ ရက္ေန႔ နံနက္ပိုင္းတြင္ အျဖဴေရာင္ေမတၱာပရဟိတအဖြဲ႕မွေတြ႕ရွိ၍ အင္းစိန္ေဆး႐ုံ ႀကီးကို ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။

“ကားကေတာ့ရၿပီ တရားခံလည္းသိၿပီ မမိေသးဘူး၊ အခုလက္ရွိ ေကာင္မေလးအေျခအေနက သတိရတစ္ခ်က္ မရတစ္ခ်က္ေပါ့၊ အခုေျမာက္ဥကၠလာေဆး႐ုံကို လႊဲထားပါတယ္” ဟု အင္းစိန္ၿမိဳ႕မရဲစခန္းမွ ဒုတိယရဲမွဴး တင္လတ္က ေျပာသည္။

ျပည္ေတာ္သာကၽြန္းေတာတြင္ အျပစ္ခံခဲ့ရသည့္ မ…… အမႈနဲ႔ပတ္သက္ၿပီး အင္းစိန္ရဲစခန္းမွ ပုဒ္မ ၃၃၈ ျပင္းထန္နာက်င္ေစမႈ၊ ပုဒ္မ ၂၀၂ ျပစ္မႈထင္ရွားျခင္းကို သတင္းမေပးမႈစသည္တို႔ျဖင့္ အမႈဖြင့္ထားသည္။

ကၽြန္းေတာတြင္ အျပစ္ခံရသည့္ မိန္းကေလးမွာ လက္ရွိ ေျမာက္ဥကၠလာပေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူေနၿပီး သတိရလိုက္ မရလိုက္ ျဖစ္ေနေသးေၾကာင္း သူမမွာ ကမာရြတ္ၿမိဳ႕နယ္တြင္ ေနထိုင္သူျဖစ္ၿပီး မိဘအုပ္ထိန္းသူမ်ားကို ဆက္သြယ္အေၾကာင္းၾကားေပးထားေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။

လက္ရွိအခ်ိန္၌ ယာဥ္ကိုသိမ္းဆည္းထားနိုင္ေသာ္လည္း ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ကို ဖမ္းဆီးနိုင္ျခင္း မရွိေသးပါ။

Photo – အျဖဴေရာင္ေမတၱာပရဟိတအသင္း

#PeopleMedia #မတရားမႈ #ေအာက္ဆိုက္ကား

(unicode)
အောက်ဆိုက်ကားပေါ်မှပြုတ်ကျသည့်မိန်းကလေးကို ကားပေါ်ပြန်တင်ပြီး ကျွန်းတောထဲတွင်ပြစ်ချခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို အမှုဖွင့်လှစ်ထား
……………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၂၆

အင်းစိန်ပန်းခြံအနီး၌ အောက်ဆိုက်ကားပေါ်မှ ပြုတ်ကျခဲ့သည့် အသက် ၂၂ နှစ်အရွယ်ရှိ မိန်းကလေးကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က ကားပေါ်ပြန်တင်ပြီးနောက် ပြည်တော်သာမှတ်တိုင်အနီးရှိ ကျွန်း တောထဲတွင် ပြစ်ချခဲ့သည်။

ဖြစ်စဉ်ကြောင့် တရားခံကို အမှုဖွင့်ထားပြီဖြစ်ကြောင်း အင်းစိန်မြို့မရဲစခန်းမှ ဒုတိယရဲမှူး တင်လတ်က ပြော သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ ညပိုင်း အင်းစိန်ပန်းခြံအနီးတွင် အောက်ဆိုက်ယာဉ် တစ်စီးပေါ်မှ မ……မှာ ပြုတ်ကျခဲ့သည်။

ထိုသို့ ပြုတ်ကျခဲ့ပြီးနောက် တရားခံမှ ကားပေါ်ပြန်တင်၍ အင်းစိန်မြို့နယ် ပြည်တော်သာမှတ်တိုင်အနီး ကျွန်း တောထဲတွင် မ……. အား ပြစ်ချထားခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အဖြူရောင်မေတ္တာပရဟိတအဖွဲ့မှတွေ့ရှိ၍ အင်းစိန်ဆေးရုံ ကြီးကို ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

“ကားကတော့ရပြီ တရားခံလည်းသိပြီ မမိသေးဘူး၊ အခုလက်ရှိ ကောင်မလေးအခြေအနေက သတိရတစ်ချက် မရတစ်ချက်ပေါ့၊ အခုမြောက်ဥက္ကလာဆေးရုံကို လွှဲထားပါတယ်” ဟု အင်းစိန်မြို့မရဲစခန်းမှ ဒုတိယရဲမှူး တင်လတ်က ပြောသည်။

ပြည်တော်သာကျွန်းတောတွင် အပြစ်ခံခဲ့ရသည့် မ…… အမှုနဲ့ပတ်သက်ပြီး အင်းစိန်ရဲစခန်းမှ ပုဒ်မ ၃၃၈ ပြင်းထန်နာကျင်စေမှု၊ ပုဒ်မ ၂၀၂ ပြစ်မှုထင်ရှားခြင်းကို သတင်းမပေးမှုစသည်တို့ဖြင့် အမှုဖွင့်ထားသည်။

ကျွန်းတောတွင် အပြစ်ခံရသည့် မိန်းကလေးမှာ လက်ရှိ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေပြီး သတိရလိုက် မရလိုက် ဖြစ်နေသေးကြောင်း သူမမှာ ကမာရွတ်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မိဘအုပ်ထိန်းသူများကို ဆက်သွယ်အကြောင်းကြားပေးထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

လက်ရှိအချိန်၌ ယာဉ်ကိုသိမ်းဆည်းထားနိုင်သော်လည်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါ။

Photo – အဖြူရောင်မေတ္တာပရဟိတအသင်း

#PeopleMedia #မတရားမှု #အောက်ဆိုက်ကား


Share this post