• Follow Us on

Home အောက်မင်းလှမြို့၌ ယာဉ်တစ်စီးမှ ဆိုင်ကယ်ကိုတိုက်မိရာ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တိုက်သွားသည့်ယာဉ် ထွက်ပြေးလွတ်မြောက်နေဟုဆို

အောက်မင်းလှမြို့၌ ယာဉ်တစ်စီးမှ ဆိုင်ကယ်ကိုတိုက်မိရာ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တိုက်သွားသည့်ယာဉ် ထွက်ပြေးလွတ်မြောက်နေဟုဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၉ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အောက်မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အပိုင်၊ တာကလေးကျေးရွာ၊ ဘုန်း ကြီးကျောင်းရှေ့၌ ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ သေဆုံးခဲ့ပြီး တိုက်သွားသည့်ယာဉ်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခဲများထံက သိရပါတယ်။

 

ဖြစ်စဉ်မှာ ယမန်နေ့ည ၉ နာရီ၌ တာကလေးကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိရာ ဆိုင်ကယ်မောင်းသူအမျိုးသားသည် သေဆုံးသွားခဲ့ပါတယ်။

 

“ကားနဲ့ ဆိုင်ကယ်နဲ့တိုက်တာ ညက။ ကားသမားကတော့ ထွက်ပြေးသွားတယ်။ ဆိုင်ကယ်မောင်းတဲ့သူက ပွဲချင်းပြီးသေဆုံးသွားတယ်။ ဆိုင်ကယ်သမားကတော့ ဘယ်နားရွက်ကွဲပြီး နားအုံပွင့်ထွက်သွားတယ်။ ပြီးတော့ ဘယ်ဘက်ခြေသလုံးကလည်း ကျိုးကြေသွားတယ်” လို့ ဂရုဏာရှင်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင် ကျော်မိုးကပြောပါတယ်။

 

ထိုယာဉ်တိုက်ခံရသည့် ရုပ်အလောင်းမှာ မည်သူဖြစ်ကြောင်းသိရှိရခြင်းမရှိသေးဘဲ ထိုရုပ်အလောင်းကို ဂရုဏာရှင်နာရေးကူညီမှုအသင်းမှ စစ်ကွင်းဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #အောက်မင်းလှမြို့နယ် #ယာဉ်တိုက်မှု

 

(unicode)


………………………………………..

 


 


 


 


 


 

Photo – Credit

 



Share this post