• Follow Us on
Latest News

Home အောက်လွှတ်တော်ရီပတ်ဘလီကန်အမတ်တွေ ဘိုင်ဒန်မိသားစုကို စုံစမ်းစစ်ဆေးမည်

အောက်လွှတ်တော်ရီပတ်ဘလီကန်အမတ်တွေ ဘိုင်ဒန်မိသားစုကို စုံစမ်းစစ်ဆေးမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၈

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ၎င်းရဲ့သားဖြစ်သူ ဟန်းတားဘိုင်ဒန်ကတစ်ဆင့် ဒေါ်လာငွေကြေး ဒါမှမဟုတ် သြဇာလွှမ်းမိုးမှုတစ်ခုခုနဲ့လွှမ်းမိုးထားသလားဆိုတာကို ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေက စုံစမ်းစစ်ဆေး သွားမယ်လို့ ဆိုပါတယ်။

 

သမ္မတဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့သားကို အလုပ်ခန့်ထားတဲ့ ယူကရိန်းစွမ်းအင်ကုမ္ပဏီတစ်ခုက အမှုဆောင်အရာရှိ တစ်ဦးအပါအဝင် ဟန်းတားရဲ့ နိုင်ငံခြားသားစီးပွားရေးလုပ်ဖော်ကိုင်ဖက် တစ်ဒါဇင်ကျော်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

 

ဘိုင်ဒန်မိသားစုဟာ ၎င်းတို့ကိုအခွင့်အလမ်းတွေကမ်းလှမ်းခံရပြီး ကြွယ်ဝချမ်းသာလာကာ သန်းကြွယ်သူဌေး တွေဖြစ်လာကြတယ်လို့ အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဂျိမ်းစ်ကိုမာက သတင်းစာရှင်းလင်း ပွဲတစ်ခုမှာ ပြောဆိုစွပ်စွဲလိုက်ပါတယ်။

 

“ဟန်းတားဘိုင်ဒန်နဲ့ သူ့အဖေဂျိုးဘိုင်ဒန်တို့ဟာ တရုတ်နိုင်ငံက သဘာဝဓာတ်ငွေ့အရည်တွေဝယ်ယူဖို့အတွက် ဆောင်ရွက်ခဲ့တဲ့အစီအစဉ်တစ်ခုနဲ့ ဆက်စပ်ပတ်သက်ခဲ့ပါတယ်။” လို့ ကုမ္ပဏီအတွင်းသတင်းတွေကိုပြောကြား ခဲ့သူတစ်ဦးစကားကို ကိုးကားပြီး ဂျိမ်းစ်ကိုမာက ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုထံက ငွေကြေးလိမ်လည်လှည့်ဖျားယူခြင်း၊ နည်းပညာကုမ္ပဏီတွေထံက ငွေကြေးလိမ် လည်လှည့်ဖျားမှု၊ အခွန်ရှောင်မှု၊ ငွေကြေးခဝါချမှု၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတို့မှာ ပါဝင်ပတ်သက်ခဲ့ပြီး နိုင်ငံ ခြားအဖွဲ့အစည်းများမှတ်ပုံတင်ခြင်းအက်ဥပဒေ၊ နိုင်ငံခြားအကျင့်ပျက်ခြစားမှုရှောင်ကြဉ်ရေးအက်ဥပဒေနဲ့ လူ ကုန်ကူးခံရသူများကာကွယ်ရေးအက်ဥပဒေတွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခဲ့တယ်လို့ ဂျိမ်းစ်ကိုမာက ပြောပါတယ်။

 

သတင်းစာရှင်းလင်းပွဲအပြီးမှာ ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာမှာ စွပ်စွဲချက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။ New York Post သတင်းသာက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ ဟန်းတားဘိုင်ဒန်ရဲ့လက်တော့ပ်ထဲက အဆက်အသွယ်တွေကို ဖော်ပြလိုက်ကတည်းက ဟန်းတားဘိုင်ဒန်ရဲ့ ပြည်ပနိုင်ငံတွေက စီးပွားရေးအဆက်အ သွယ်တွေကို ရီပတ်ဘလီကန်ပါတီဝင်တွေက အသေးစိတ်စစ်ဆေးထားပြီးဖြစ်ပါတယ်။

 

ဟန်းတားကို အမေရိကန်ဒုတိယသမ္မတအချိန်အများဆုံးဖြစ်ခဲ့ဖူးတဲ့ ၎င်းရဲ့ဖခင်ဂျိုးဘိုင်ဒန်နဲ့ မိတ်ဆက်ပေးဖို့အ တွက် နိုင်ငံခြားအရာရှိတွေနိဲ့ သူဌေးတွေက ဒေါ်လာသန်းနဲ့ချီပြီးပေးခဲ့တယ်ဆိုတာကို ဟန်းတားရဲ့ကွန်ပျူတာ ထဲက အီးမေးလ်တွေနဲ့ တခြားသတင်းအချက်အလက်တွေကတစ်ဆင့် သိခဲ့ရတယ်လို့ဆိုပါတယ်။

 

၂၀၁၅ ခုနှစ်က ဂျိုးဘိုင်ဒန်ကို တစ်ယောက်တည်း ညစာစားပွဲဖိတ်ခဲ့တဲ့ပွဲမှာ ဂျိုးဘိုင်ဒန်ဟာ ၎င်းကို ကုမ္ပဏီဘုတ် အဖွဲ့မှာပါဝင်ပေးတဲ့အတွက် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တစ်လကို ဒေါ်လာ ၅၀,၀၀၀ ပေးခဲ့တဲ့ ယူက ရိန်းစွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Burisma Holdings က အမှုဆောင်အရာရှိအပါအဝင် ကာဇက်စတန်၊ ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့က သားဖြစ်သူဟန်းတားရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

 

နောက်နေ့မှာ Burisma Holdings က အမှုဆောင်အရာရှိက ဟန်းတားထံကို အီးမေးလ်ပို့ပြီး “ခင်ဗျားဖခင်နဲ့ တွေ့ဆုံခွင့်ရအောင် စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

 

ဒီမိုကရက်တွေဟာ လွှတ်တော်နှစ်ရပ်စလုံးကို လွှမ်းမိုးထားတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ရီပတ်ဘလီကန် တွေဟာ အရေးယူဆောင်ရွက်ခြင်းမလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ လာမယ့်နှစ်အတွင်း အောက်လွှတ်တော်မှာ ရီ ပတ်ဘလီကန်တွေပြန်လည်စိုးမိုးလာနိုင်ပြီဖြစ်ပြီး ဂျိမ်းစ်ကိုမာကလည်း အောက်လွှတ်တော်ကြီးကြပ်ရေးကော်မ တီမှာ ဥက္ကဋ္ဌဖြစ်လာတော့မှာဖြစ်ပါတယ်။

 

“ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ဂျိုးဘိုင်ဒန်ကို စုံစမ်းစစ်ဆေးသွားမှာပါ။ လာမယ့်ကွန်ဂရက် အ စည်းအဝေးမှာ ကျွန်တော်တို့ ကော်မတီက ဒီကိစ္စကို အလေးထားဆောင်ရွက်သွားမှာပါ။” လို့ ဂျိမ်းစ်ကိုမာက ပြောပါတယ်။

 

မကြာခင် အောက်လွှတ်တော်တရားရေးကော်မတီဥက္ကဋ္ဌဖြစ်လာတော့မယ့် ဂျမ်ဂျော်ဒန်ကလည်း ၎င်းတို့ကော်မ တီက ဂျိုးဘိုင်ဒန်အစိုးရက တရားရေးဦးစီးဌာနကို နိုင်ငံရေးဇာတ်သွင်းခြင်းပြုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း အခုဖြစ်လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ ပြောဆိုခဲ့ပါတယ်။

 

Ref: House Republicans to investigate Biden family

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: House Republicans to investigate Biden family

 

#PeopleMedia


Share this post