• Follow Us on
Latest News

Home အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူ များအား န.စ.က ဒုဥက္ကဋ္ဌမှ သွားရောက်ကြည့်ရှုအားပေးစကားပြောကြား

အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူ များအား န.စ.က ဒုဥက္ကဋ္ဌမှ သွားရောက်ကြည့်ရှုအားပေးစကားပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး၊ ဆေးရုံရှိ ပါရဂူ၊ ဆေးမှူးနှင့် သူနာပြု များအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရ သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ဆေးရုံခန်းမအတွင်း၌ ပါရဂူ၊ ဆေးမှူးများနှင့် သူနာပြု များအား သီးခြားစီ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း အရေးပေါ်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းအချို့ CDM ပြုလုပ်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုအတွက် အခက်အခဲဖြစ်ပေါ်နေချိန်၌ တပ်မတော်သားဆရာဝန်၊ သူနာပြုများက ပူးပေါင်းပါဝင်ကာ စောင့်ရှောက်ကုသပေးခဲ့ရမှုအခြေအနေများ၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် အရေးကြီးသည့် အခန်း ကဏ္ဍမှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင် ကာကွယ်ဆေးထိုးနှံမှုများတွင်လည်း အားဖြည့်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များသာမက တိုင်းရင်းသား ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရရှိပြီးဖြစ်၍ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်သည့်အခြေအနေများ၊ ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းအပြင် တပ်မတော်သားများဖြစ်၍ အဖွဲ့ အစည်းအနေဖြင့်လည်းကောင်း၊ အထက်အောက် ဆက်ဆံရေး Chain of Command အနေဖြင့်လည်းကောင်း၊ အဆင့်လိုက် တာဝန်ရှိသူများကလည်း မိမိလက်အောက်အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များ၏ ဦး၊ ရေး၊ ထောက်ဆိုင်ရာအုပ်ချုပ်မှုကိစ္စရပ်များကိုလည်း အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ပေးရန် လိုအပ်မှုအခြေ အနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နှလုံးသွေးကြောစမ်းသပ်ကုသခန်းနှင့် နှလုံးအထူးကြပ် မတ်ကုသဆောင်တို့သို့ သွားရောက်၍ နှလုံးသွေးကြောရောဂါစမ်းသပ်ကုသစက်(Angiogram) အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………….

 


 


 


 


 


 

#PeopleMedia


Share this post