• Follow Us on

Home အောင်ပန်းမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးရှေ့၌ ပေါက်ကွဲမှုဖြစ်

အောင်ပန်းမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးရှေ့၌ ပေါက်ကွဲမှုဖြစ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈ (People Media)

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးရှေ့၌ စက်တင်ဘာ ၁၇ ရက်နေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

 

“လူဘာမှထိခိုက်မှုမရှိပါဘူး။ ရုံးနဲ့ ဝေးပါတယ်၊ ပေါက်ကွဲမှုဖြစ်တာက လက်လုပ်မိုင်း အသေးစားပါလို့” ဒေသခံ တစ်ဦးက ပြောသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် PNO အထူးဒေသ ရုံးရှေ့အနီးရှိ လမ်းမပေါ်တွင် ပေါက်ကွဲကာ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

PNO သည် ၎င်းတို့အခြေပြုဒေသ၌ PDF အဖွဲ့များ ဝင်ရောက်လှုပ်ရှားခွင့်မရရှိရန် ဆောင်ရွက်နေသည့် လက် နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

 

#PeopleMedia #PNO

 

(unicode)


…………………………………………………………………

 


 


 


 


 


 

#PeopleMedia #PNO


Share this post