• Follow Us on

Home အောင်ဘာလေထီပေါက်သူများကို ဆုကြေးငွေ တစ်ခါတည်းထုတ်ပေးနေသလို သိန်း ၅၀၀၀ ကံထူးရှင်များကို လည်း လုံခြုံရေးအရ မကြေညာခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်ပြောဆို

အောင်ဘာလေထီပေါက်သူများကို ဆုကြေးငွေ တစ်ခါတည်းထုတ်ပေးနေသလို သိန်း ၅၀၀၀ ကံထူးရှင်များကို လည်း လုံခြုံရေးအရ မကြေညာခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်ပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁ (People Media)

 

ပြည်တွင်းအခွန်ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် အောင်လာလေထီပေါက်သူများကို ဆုကြေးငွေ တစ်ခါတည်း ထုတ်ပေးနေပြီဖြစ်သလို သိန်းငါးထောင်ဆုပေါက်သူကိုလည်း လုံခြုံရေးအရ မကြေညာခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

 

“သိန်းငါးထောင် ပေါက်တဲ့သူတွေကိုလည်း တစ်ခါတည်းထုတ်ပေးနေတာ နှစ်လရှိပါပြီ။ ပေါက်တာကို မကြေညာတာကလည်း ကာယံကရှင်ရဲ့ လုံခြုံရေးကြောင့် မကြေညာတာပါ” လို့ ၎င်းက ပြောသည်။

 

ယနေ့ ဖွင့်လှစ်သည့် အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံးဆုဖြစ်သည့် ငွေကျပ် သိန်းငါးထောင် ကံထူး ရှင်မှာလည်း ထွက်ပေါ်လာပြီဖြစ်ကြောင်း၊ အောင်ဘာလေထီပေါက်သူများအနေဖြင့် ဆုကြေးများ ထုတ်ယူ ရာတွင် ငွေကျပ် (၁၀) သိန်းအထိကို သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် ထုတ်ယူနိုင်ပြီး၊ ငွေကျပ် (၁၀)သိန်း အထက်ကိုတော့ ရန်ကုန်နှင့် မန္တလေးရှိ အောင်ဘာလေသိန်းဆုဌာနခွဲများတွင် သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

 

ထိုပြင် လစဉ် အောင်ဘာလေထီလက်မှတ် ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်နေသည့်အပြင် ဘဏ္ဍာ သိန်းရငွေမှ ကျပ်သန်း ၂၅၀ ကို ချီးမြင့်လျက်ရှိသည်။

 

Photo – credit

 

#PeopleMedia #အောင်ဘာလေ

 

(unicode)


………………………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post